Pages

Saturday, 4 May 2013

သူတို့ စစ်သားအတွက် ..

.

တာဝန်ရဲ့ အားက အရမ်းစွမ်းတယ် ....
သစ္စာရဲ့ အားက အရမ်းထက်တယ် ....
ပေးဆပ်မူ အားက အရမ်းမြတ်တယ် ...။

သစ္စာဆိုတာကို ဦးထိပ်ထားတယ် ......။
တာဝန်ဆိုတာကို အလေးအနက်ထားတယ် .......။
ပေးဆပ်မူဆိုတာကို အထွဋ်အမြတ်ထားတယ် ....။

သူတို့ရဲ့ ဘ၀ကို ...
စစ်မြေရဲ့ ၊ နှစ်ရှည် သချိုင်းထဲမှာ
မျော်လင့်ချက်မဲ့ ၊ ပေးဆပ်မူသက်သက်နဲ့ 
လျှောက်နေကြတယ် ...................................။

သူတို့ရဲ့ ဘ၀ကို ...
နောက်တန်းရဲ့ ၊ အလင်းလမ်းအောက် နင်းလှမ်း
လျှောက်ရင်း တာဝန်ဆက်လက် မပြီးပြတ်နိုင်တဲ့
တာဝန်ကိုယ်စီနဲ့  ဘ၀ဆက်နေကြတယ် ............။

သူတို့ရဲ့ ဘ၀ကို ....
ဂျိုင်းထောက်တစ်ဖက် ခြေထောက်တစ်ဖက်နဲ့
ကျရာနေရာကနေ မငြီးမငြူ အားသစ်လှူရင်း
တိုင်းပြည်နဲ့ တပ်မတော် အတွက် ဖြည့်စွက်
နေကြတာတွေ ရှိတယ် ...................................။

ဒါပေမယ့် ....
အဲဒီ ဘ၀တွေကို လေလှိုင်းကနေ ဖြတ်ရိုက်နေတဲ့
စကားလုံးတွေက "စစ်နွား" "စစ်ဖား" " စစ်ခွေး"တဲ့ ..။

မုန်းနိုင်ပါတယ် သူတို့ကို ....
ပြောနိုင်ပါတယ် သူတို့ကို ...
ကောနိုင်ပါတယ် သူတို့ကို ..

ဒါပေမယ့် ....
မင်းတို့တွေလဲ တိုင်းပြည်အတွက် ခောတ်ရဲ့တာဝန်ကို
ဘယ်လောက်ထိစွမ်းဆောင် နေကြပြီလဲ ပြန်စဉ်းစား
ကြပါ တိုင်းပြည်သစ်ရာမွန်ရာတွေ အတွက် မင်းတို့
လည်းခောတ်ရဲ့ တာဝန်တွေ ကျေပွန်ကြပါစေ .........။

မင်းခန့် ဦး

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်