Pages

Saturday, 4 May 2013

“စေတနာများနှင့်ညိုပြာထမင်းဆိုင် ၊ ဘာသာခြားတို့ကောက်တဲ့ လမ်းတံတားကြေး”






စီးပွားရှာတာခြင်းအတူတူကုသိုလ်ယူ ထမင်းရောင်းတဲ့ ညိုပြာထမင်း ဆိုင်လေး အကြာင်းတင်ပြခြင်ပါတယ် ။

မကွေးပြည်လမ်းမပေါ်က အောင်လံမြို့အထွက်တောင်တွင်းမြို့ဘက်အသွား ကံနှစ်ဆင့်ဆိုတဲ့ရွာနားမှာ ညိုပြာထမင်းဆိုင်လေးတစ်ဆိုင်ရှိပါတယ် ။ စီးပွားစ ရှာကတည်းက ခရီးသွားရဟန်းမှန်သမျှ ဆွမ်းချိန် တန်ဆွမ်း ၊ လဖက်ရည်အချိန်တန်ရင်လဖက်ရည် ၊အချိုရည်ချိန်တန်ရင်အချိုရည် ကြည်ညိုသဒ္ဓါပွားများစွာ လှုဒါန်းနေပါတယ် ။

လာရောက်သုံးဆောင်တဲ့ကားများပေါ်က ပါလာသမျှ စားသုံးသမျှ သံဃာတော် သာဓုခေါ် ကပ်လှုပါတယ် ။ အချို့ ဆရာတော်များက သံဃာတွေများလို့ပါ ဆိုပြီး ဆွမ်းစားရိတ် ၊ အချိုပွဲစားရိတ် ပေးရင် လဲလက်မခံပဲ ကုသိုလ် အမျှသာရယူပါတယ် ။

ဗုဒ္ဓဘာသာအများစုကြားမှာ ဒီလိုဒါနမျိုးကတော်တော်ရှားပါတယ် ။ ရေးထားတဲ့ဆိုင်းပုဒ်လေးကို မှတ်တမ် တင် ကုသိုလ်ပွားနိုင်ဘို့ မိမိကုသိုလ်ကို စိမ်ခေါ်ပြုလေသလား လို့တောင် အများမြင်အောင် စောင့်ရှောက် တဲ့စေတနာ တန်ဘိုးထား မှတ်တမ်းတင် သိမ်းဆည်းထားမိတဲ့အထိပါပဲ ။

ရန်ကုန်မှာလဲဒီလိုမျိုးဆိုင်တချို့ရှိတယ်လိုကြားသိရပါတယ် ၊ ရွှေတိဂုံ ဘုရားနားကပါ ။ သာဓုခေါ်သင့်ပါတယ် ။ ခရီးသွားရဟန်းတော်တွေကို ဒီလို ကာလဒါနပြုခွင့်ရတဲ့ကုသိုလ်ထူးနဲ့ သာသနာ့ အသက် ဆက်ရာ ဆက်ကြောင်း ရှည်ရာ ရှည်ကြောင်း အထောက်အပံကောင်းတွေ မှိ့တင်ပြ လိုက်တာပါပဲ ။

အများအားဖြင့် ခရီသွားသံဃာတော်တွေရဲ့ ကားတွေကို လမ်းကြေး တံတားကြေး မကောက်ခံကြပါဘူး “သာသနာတော်”လို့အော်ပြီး လမ်းဖွင့်ပေးကြပါတယ် ။အခြားဘာသာတွေ (လမ်းတံတား ) လေလံဆွဲ ထားရင်တော့ အတော်များများ စစ်သလို ရစ်သလိုနဲ့ မရ ရအောင်တောင်းခံ ကောက်ခံတာတွေ လဲ တွေ့ကြုံဘူးပါတယ် ။

ငွေကောက်ခံတဲ့ ၀န်ထမ်းဗုဒ္ဓဘာသာကောင်လေး တွေမှာလဲ မျက်နာမသာ မယာ နဲ့တောင်းပန်ကြ စိုက်ပေးကြ တွေရတော့လဲ လောက သဘော စောကြော နားလယ် မိပြန်တယ်ဆိုပါစို့ ။

တို့နိုင်ငံမှာ တိုလူမျိုးတွေ မပိုင်တာတော်တော်များနေ ပြီလို့သာ သုံးသပ်ဆင် ခြင်မိပါတော့တယ် ။

အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ ။
ဖုန်း၀၉ ၇၃၇ ၉၀ ၆၉၈ ၊ ၀၉ ၅၀၇ ၄၆၄၅

2 comments:

  1. သာဓုပါ ထမင်းဆိုင် ပိုင် ရှင် များ ဆထက်ထမ်းပိုးစီးပွားတိုးတက် ပါစေ

    ReplyDelete
  2. YES,I KNOW THIS SHOP.
    DIFFERENT WITH YANGON.

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်