Pages

Tuesday 7 May 2013

မကွေးတိုင်းဒေသကြီး၊ တွင်းလည်ကျေးရွာအုပ်စု/ရွာတွင် တည်ထားကိုးကွယ်သော ရွှေဘုန်းမြင့်စေတီရှိ ဗုဒ္ဓရုပ်ပွားတော်များ ခေါင်းဖြတ်ခံရြ


၁၃၇၄-ခုနှစ် တပေါင်းလပြည့်ကျော် ၇- ရက်ခန့်တွင် ဘုရားဆင်းတော်နှစ်ဆူအား ခေါင်းဖြတ်ခံခဲ့ရသည်ကို ပုံပါအတိုင်းတွေ့ရသည်။ ယင်းဖြစ်စဉ်မတိုင်မီ ၃-ရက်ခန့်က နှစ်စဉ်ကျင်းပနေကျ ဘုရားပွဲတော်ကို သုံးရက်တိုင်ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါဆင်းတုတော်များမှာ နှစ်ပေါင်းကိုးဆယ်ဝန်းကျင်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်ကာလအတွင်း ဗုဒ္ဓဘာသာများအပါဝင် ဘာသာခြားလူမျိုးများလည်း ဈေးရောင်းရာ တွင်ပါဝင်ခဲ့ကြောင်းသိရသည်။ ဗုဒ္ဓဆင်းတုတော်များ ခေါင်းဖြတ်ခံရချိန်တွင် ဘုရားပွဲလာဈေးသည်များ လည်း မပြန်သေးကြောင်းသိရသည်။


အဆိုပါဖြစ်ရပ်အား တွင်းလည်(မြောက်)ကျောင်းဆရာတော်မှ မြို့နယ်သံဃာနာယက အဖွဲ့သို့ အကြောင်း ကြားထားကြောင်းသိရပြီး၊ သက်ဆိုင်ရာမှ မည်သည့်တုန့်ပြန်မှုမှ မရှိကြောင်း သိရသည်။

ထို့ပြင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များမှ အမှုဖွင့်တိုင်းကြားခြင်း မရှိကြောင်းနှင့် ဤဖြစ်စဉ်နှင့်ပတ်သက်ပြီး မခံမရပ်နိုင်ဖြစ်ကြသည့် ကျေးရွာခံ လူငယ်များနှင့် ဗုဒ္ဓသာသာဝင်များကိုလည်း ရဲစသည့် အစိုးရဋ္ဌာနများသို့ မတိုင်ကြားရန် တားမြစ်ကြောင်းလည်း သိရသည်။
_______________________
ဒေသခံတဦး၏ ဗဟုသုတ ဟင်းပေါင်းအိုးကြီးသို့ ပေးပို့သော သတင်းဖြစ်ပါသည်.........။


Credit & Copy From ✍ ဗဟုသုတ ဟင်းပေါင်းအိုးကြီး

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်