Pages

Tuesday 23 April 2013

အင်းလေးဒေသထိန်းသိမ်းရေးကော်မတီက အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

တောင်ကြီး၊ ဧပြီ-၂၃
အင်းလေးဒေသထိန်းသိမ်းရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဧပြီ ၂၂ ရက်က တောင်ကြီးမြို့ မှာ ပြုလုပ်ခဲ့တယ်။အင်းလေးကန်ဟာ ယခင်က ၆၀ ကီလိုမီတာ အရှည်နဲ့ ၁၃ ကီလိုမီတာ အကျယ်ရှိ ခဲ့ပေမယ့် အခု ၁၈ ကီလိုမီတာ အရှည် ၆ ကီလိုမီတာ အကျယ်သာ ကျန်ရှိတော့တယ်။ လွန်ခဲ့ တဲ့ အနှစ်၂၀ ကျော်အချိန်ကတည်း က အင်းလေးကန်ကို မထိန်းသိမ်းရင် နှစ်(၅၀) အတွင်း တိမ်ကောသွား နိုင်ကြောင်း ဘူမိဗေဒပညာရှင်များက ခန့်မှန်းခဲ့ကြတယ်။ 
ကန်တိမ်ကောသွားပါက ရေခြံနှင့်၊ကျွန်းမျောစိုက်ခင်းများ ဆုံးရှုံးပြီးဒေသခံများရဲ့ ဘဝ ရပ်တည်မှုနဲ့ ဂေဟ စံနစ် များပါ ပျက်စီးသွားမယ်လို့ ပညာရှင်များကပြောပါတယ်။လက်ရှိအချိန်မှာ တဖြေးဖြေးတိမ်ကော ခမ်းခြောက်စပြုနေတဲ့ အင်းလေးကန်ကိုထိန်းသိမ်းရေး၊ ဒေသခံ များ အသိပညာ၊ လူမှုဘ၀နဲ့ စီးပွားရေး ပိုမိုတိုးတက်လာစေရေးနဲ့ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး အတွက်ရည်ရွယ်ပြီး ၈၈မျိုးဆက် (ရှမ်းပြည်) ပွင့်လင်းလူအဖွဲ့အစည်းဝင်များက ဒီ် အလုပ်ရုံဆွေးနွေးပွဲ ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

အင်းလေးကန်ဒေသမှာ ဖော်ဆောင်မယ့် စီမံကိန်းတွေဟာ ဒေသခံများ၊သဘာဝပတ်ဝန်းကျင်နဲ့ ရင်းနှီး မြှုပ်နှံသူ အကျိုးတူ သုံးဦးသုံးဖလှယ် အဆင်ပြေစေရေး(Triple - Win) ရှေးရှုဖို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စဟာ ရေရှည်ပြုလုပ်ရမယ့်လုပ်ငန်းစဉ်ဖြစ်ပြီး ဒေသအကျိုးစီးပွားနဲ့ နိုင်ငံရဲ့ဂုဏ်သိက္ခာ အတွက် ပါကြည့်ပြီးလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြကြောင်း ၈၈ အဖွဲ့ဝင် ကိုဘိုဘိုဟန်က ပြောပါတယ်။

ဆွေးနွေးပွဲဆုံးဖြတ်ချက်အနေနဲ့ လူထုအခြေပြုအဖွဲ့အစည်း(CSO )များနဲ့ ခိုင်ခိုင်မာမာ ကွန်ရက်ချိတ် ဆက်ပြီး အလုပ်အဖွဲ့(Working Group) တစ်ခုဖွဲ့ စည်းဖို့၊ အသိပညာရှင် အတတ်ပညာရှင်များ၊ အင်းလေး ဒေသကို ချစ်မြတ်နိုးတဲ့ ပြည်သူများကိုဖိတ်ခေါ်ပြီး ဆွေးနွေးပွဲတစ်ခု အမြန်ဆုံးပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ခင်သုတ (တောင်ကြီး)

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်