ပဲခူးတိုင်း သဲကုန်းမြို့နယ် ရပ်သာကျေးရွာ အုပ်စုအတွင်းရှိ ရေတွင်းရေကန် များမှာခန်းခြောက်၍ သောက်သုံးရေ ခက်ခဲလျှက် ရှိကြောင်း သတင်းရရှိသည်။
ထိုသို့ရေချို ထွက်ရှိသော ရေတွင်းရေကန်များ ခန်းခြောက်ပြီးထွက်လာသော ရေများမှာ လည်း ရေငန်များ ဖြစ်သောကြောင့် သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်လျှက် ရှိကြောင်း သတင်း ရရှိသည်။
ထိုကြောင့် ၂၀၁၃ ဧပြီ ၂၂ ရက်နေ့ (၁၅၃၀)အချိန်မှ (၁၇၃၀) အချိန်ထိ နယ်မြေခံ တပ်ရင်း ဖြစ်သော ခလရ (၈၀) မှ ဂါလံ ၁၂၀၀ ဆန့် ရေကားဖြင့် ရပ်သာကျေးရွာ ဝါးလည် ကျေးရွာနှင့် စံပါယ်ကန် ကျေးရွာရှိ အိမ်ထောင်စု (၁၂၉) စုအတွက် သောက်သုံးရေများ လိုက်လံဝေငှ ပေးလျှက်ရှိကြောင်း သတင်း ရရှိသည်။
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်