Pages

Tuesday, 23 April 2013

“၉၆၉-ကို ပြစ်မှားလို့ ထောင် ၂-နှစ်ချခံရ”

မြဝတီ ဧပြီ ၂၃။


ကျောက်ကြီးမြို့နယ်၊ မုန်းရွာကြီး၌ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ၉၆၉-အမှတ် တံဆိပ်ကို ဆွဲခွာစုပ်ဖြဲပြစ်သော ဘာသာသာသနာ စော်ကားမှု တစ်ခုဖြစ်ခဲ့သည်။၂၀-၄-၂၀၁၃-နေ့တွင် အသက်(၃၆)နှစ် အရွယ် မူဆလင် အမျိုးသား ကိုအာမင်သည် အဆိုပါ ရွာရှိ မနွေးနွေးကွမ်းယာဆိုင်၌ ကပ်ထားသော ၉၆၉-စတေကာကို “ဒါကို တီထွင်တဲ့ ဘုန်းကြီး အဖမ်းခံသွားရသည်။ ဒါကပ်စရာ မလိုတော့ဘူး။”ဟု ပြောဆိုကာ ဖျက်ဆီးပြစ်ခြင်း ဖြစ်သည်။


မနွေးနွေးနှင့် ရွာသူရွာသားများမှ ကိုအာမင်ကို လုံးဝမကျေနပ်သော်လည်း ပြဿနာ အဖြစ်မခံနိုင်၍ သီးခံခဲ့ကြသည်။ နောက်ပိုင်းတွင် အိမ်ခြေ ၁၅၀၀-ကျော်ရှိသော ရွာကြီးတစ်ခုလုံး ပြန့်နှံ့သွားကာ ကိုအာမင်ကို လက်တုန့်ပြန်ဖို့ စုရုံးနေကြစဉ် ရွာဥက္ကဋ္ဌ ဦးစစ်သိန်းက ဖြောင့်ဖျကာ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ ကိုအာမင်ကို ရဲစခန်းသို့ အပ်လိုက်သည်။

အဆိုပါ သတင်းကို ဖြူးမြို့ သံဃာ့ကွန်ယက်သိရှိသွား၍ ထိုရွာသို့ ကြွာရောက်ကာ စံနမူနာ အဖြစ်အရေးယူ ကြဖို့ ၂၁-၄-၂၀၁၃-နေ့တွင် ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျောက်ကြီး မြို့နယ် ရဲတပ်ဖွဲ့မှူးတို့ ရောက်ရှိလာပြီး သံဃာ့ကွန်ယက် ဆရာတော်များအား ထိရောက်စွာ အရေးယူသွား မည့် အကြောင်း လျှောက်ထားခဲ့သည်။


၂၂-၄-၂၀၁၃-နေ့တွင် ကိုအာမင်ကို ဘာသာသာသနာကို ထိခိုက်နစ်နာစေမှု ၂၉၅(က)ဖြင့် ထောင်ဒဏ် (၂)နှစ်ချမှတ်လိုက်ကြောင်း ကျေးရွာဥက္ကဋ္ဌ ဦးစစ်သိန်းက ဖြူးသံဃာ့ကွန်ယက်အား ဖုန်းဖြင့်လျှောက်ထား ခဲ့ကြောင်း သိရသည်။

သတင်းအရင်းမြစ်= ၀၉-၄၂၈၁၁၄၉၄၇ (ရွာဥက္ကဋ္ဌ)
၀၉-၄၉၄၃၇၁၇၈ (ဖြူးကွန်ယက်)

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်