Pages

Sunday 28 April 2013

ခိုးဝင်လာတဲ့ ဘင်္ဂလီလူမျိုးတွေအကြောင်းကို သမ္မဦးသိန်းစိန်က အမေရိကန်မှာ နိုင်ငံတကာသိအောင်ပြောကြားမည်.


DVB TV News
သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးမှာ သမ္မတရဲ့  ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်တွေကို နိုင်ငံတကာ သိ အောင် ထုတ်ဖော်ပြောကြားသွားမှာဖြစ်ပြီး ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့လဲ ရှင်းလင်း ပြော ကြားသွားဖို့ ရှိတယ် လို့ သမ္မတရုံးက ပြောပါတယ်။

စက်တင်ဘာ ၂၄ရက်က စတင်လိုက်တဲ့ သမ္မတရဲ့ အမေ၇ိကန် တစ်ပတ်ကြာခရီးစဉ်ထဲ အဓိက ဘာတွေ လုပ်ဆောင်သွားဖို့ ရှိလဲလို့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ သမ္မတရုံးညွှန်မှူး ဦးဇော်ဌေးက ခုလိုထုတ် ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

အထူးသဖြင့်တော့ မြန်မာပြည်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ဘာတွေလုပ်နေတယ်။ ဘာတွေ ဆက်လုပ် သွားမယ်၊ အခက်အခဲတွေ စိမ်ခေါ်မှုတွေက ဘာတွေရှိနေတယ်၊အဲ့ဒီအတွက် နိုင်ငံတကာက ထောက်ပံ့ကူညီ မှု ဘာတွေ လိုအပ်နေတယ် ဆိုတာတွေ သမ္မတအနေနဲ့  ထုတ်ဖော်ပြောကြားသွားဖို့ရှိတယ် လို့လဲ ပြောပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ အမေရိ ကား ခရီးစဉ်မှာ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားနဲ့ တွေ့ဖို့ရှိ မရှိကတော့ မသိရသေးပါဘူး။ ဒါပေမယ့် ကုလသမဂ အထွေထွေအတွင်း ရေး မှုးချုပ် ဘန်ကီမွန်း၊ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန်၊ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင် နာဝပ်၊ အမေရိကန်နိုင်ငံခြားရေး မူဝါပိုင်းက ဟင်နရီကစ်ဆင်းဂျား၊ တခါ ဥရောပသမဂ အီးယူထိပ်တန်းေ ခါင်း ဆောင်တွေနဲ့ အမေရိကန်ထိပ်တန်းစီးပွား ရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ ဖို့ ရှိတယ်လို့ သမ္မတရုံးကပြော ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ၂၀၀၉ခုနှစ်တုန်းက နအဖ ၀န်ကြီးချုပ်အနေနဲ့ ကုလသမဂအထွေထွေညီလာခံမှာ တက် ရောက် မိန့်ခွန်းပြောကြားခဲ့ဖူးပြီး၊ သမ္မတအနေနဲ့တော့ ဒါပထမဆုံးအကြိမ် ညီလာခံ တက်ရောက်တာ ဖြစ် ပါ တယ်။ဝိုင်းshareပေးကြပါအများသိအောင်..............

4 comments:

  1. ကျေးဇူးအထူးတင်ရှိပါတယ် သမ္မတကြီးခင်ဗျာ။
    ပြည်သူ့အကျိုး နိုင်ငံအကျိုးအတွက်
    ကိုယ်ကျိုးမဖက် ပြတ်ပြတ်သားသား
    ဆောင်ရွက်နေတဲ့သမ္မတကြီး
    ကျန်းမာချမ်းသာစွာဖြင့်
    နိုင်ငံအကျိုး ပြည်သူ့အကျိုးကို
    ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့
    မေတ္တာဆုတောင်း ပို့သအပ်ပါတယ်။
    ( မြေလတ်လုလင် )

    ReplyDelete
    Replies
    1. မြန်မာနိုင်ငံကိုအကောင်းဆုံးဖြစ်အောင်လုပ်ပေးနေသောသမတကြီးကိုကျေးဇူးတင်ပါတယ်
      သမတကြီးလည်းစိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းနဲ့ပြည်စုံပါစေလို့ဆုတောင်းပါတယ်

      Delete
  2. မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့တိုင်းရင်းသားအားလုံးကတောသမတကြီးနှင့်ဆွေမျိုးသားလုံးကျန်းမာပါစေဆုတောင်းနေမှာပါဒီလိုမြင့်မြတ်တဲ့စိထားရှိလိုသမတဖြစ်တာပေါ့ ၂၀၁၅ မှာလည်းသမတကြီးအဖြစ်နဲ့တိုင်းပြည်တာဝန်ကိုဆောင်ရွက်နှိင်ပါစေလိုဆုတောင်းလိုက်ပါတယ် (အနောက်တံခါး)

    ReplyDelete
  3. မြင့်မြတ်တဲ့စိတ်ထား ၊ လောဘ ၊ ဒေါသ ၊ မောဟ ၊ မာန်မာန မရှိတဲ့ သမ္မတကြီးနဲ့တကွ ရိုးသားတဲ့မိသားစု ၀င်များ
    အားလုံးကို ကျန်းမာ ချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်