Saturday, 27 April 2013
“ဂျီဟက်အဓိပ္ပါယ်”အပိုင်း(၃)
“ငြင်းခုံမှု”
ဂျီဟဒ်ဆိုတဲ့ စကားလုံးအပေါ်မှာ စစ်ပွဲကိုရည်ညွှန်းတဲ့ အသစ်ဖွင့်ဆိုမှုမျိုးမပါဘဲ ဖွင့်ဆိုလို့ရ-မရ။ ဂျီဟဒ်အဓိပ္ပါယ် ဖွင့်ဆိုမှုကို အခွင့်ကောင်းယူကာ အများစိတ်ရှုပ် ထွေးအောင် တချို့လူတွေ လုပ်နေသလားဆိုတဲ့ အပေါ် အငြင်းပွါးလျက်ရှိပါတယ်။
အရှေ့အလယ်ပိုင်းသမိုင်းပညာရှင် Bernard Lewis ကတော့ ဂျီဟဒ်ရဲ့ အဓိက တာဝန်ကို စစ်ပွဲအဓိပ္ပါယ် နဲ့ ရှေးဟောင်းဘာသာရေးသမားတွေ၊ တရားသူကြီးတွေနဲ့ တမန်တော်ရဲ့ အဆိုအမိန့်တွေမှာ ကျွမ်းကျင် တဲ့ ရှေးရိုးစွဲအများစုက နားလည်လက်ခံ ထားကြတယ်လို့ ငြင်းဆိုပါတယ်။ ဒါ့အပြင် Lewisရဲ့ အစ္စလမ်သမိုင်း မှတ်တမ်း အများစုမှာ တမန်တော် မိုဟာမက် အသက်ရှိစဉ်ကစပြီး ဂျီဟဒ်ဆိုတဲ့ စကားလုံးကို အဓိကအားဖြင့် စစ်ပွဲအဓိပ္ပါယ်နဲ့ဘဲ သုံးတယ်လို့ ခိုင်ခိုင်မာမာပြောဆိုပါတယ်။
ဘားနဒ်လူးဝစ်ရဲ့ ဂျီဟဒ်ကို ဒီလိုဖွင့်ဆိုမှုဟာ တ၀က်တော့မှန်ပါတယ်၊ အစ္စလမ် ဥပဒေ အခြေခံပြဌာန်း စာအုပ်မှာ ဂျီဟဒ်ကို အောက်ပါအတိုင်း လေးမျိုးခွဲပြီး ဖွင့်ပြ ထားပါတယ်။
၁။ အတ္တ၏ ဆန့်ကျင်ဘက် ဂျီဟဒ်။ အတ္တကိုဆန့်ကျင်ကာ ဘာသာရေးအတွက် ကြိုးစားမှု၊ ဘာသာတရားက ဟောကြားသည့်အတိုင်းလိုက်နာကျင့်သုံးမှု၊ အခြားသူများကို ဘာသာရေးအတိုင်း
လိုက်နာကျင့်သုံးဖို့ ပြောဆိုမှု။
၂။ စေတန်၏ ဆန့်ကျင်ဘက် ဂျီဟဒ်။ ယုံမှားမှုနဲ့ အလိုရမက်မပါဘဲ စေတန်ကို ဆန့်ကျင်နိုင်ရန် ကြိုးစားမှု။
၃။ မယုံကြည်သူများနှင့် ယုံကြည်ဟန်ဆောင်သူများကို ဆန့်ကျင်တဲ့ ဂျီဟဒ်။ ဒီဂျီဟဒ်ကို နှုတ်ဖြင့်၊ လက်ဖြင့်၊ နှလုံးသားဖြင့်၊ စီးပွါးဥစ္စာဖြင့် ဆောက်ရွက်ရန်။
၎။ ဘာသာခြားများ၊ လိမ်ညာသူများ၊ လူဆိုးများကို ဆန့်ကျင်တဲ့ ဂျီဟဒ်၊ ဒီဂျီဟဒ်ကို လက်ဖြင့် ဆောင်ရွက်ရန်၊ လက်ဖြင့်မရလျှင် နှုတ်ဖြင့် ဆောင်ရွက်ရန်၊ နှုတ်ဖြင့် မရလျှင် နှလုံးသားဖြင့်ဆောင်ရွက်ရန်။
“အခြားမွတ်စလင်အုပ်စုများ၏ အမြင်”
Ahmadiyya အစ္စလမ်မှာ ငြိမ်းချမ်းရေးသည် အားအကြီးဆုံးအယူအဆဖြစ်ပြီး ဂျီဟဒ်သည်လည်း လူတစ်ဦးချင်းစီရဲ့ ကိုယ်တွင်းရုန်းကန်လှုပ်ရှားကြိုးစားမှုဖြစ်သည်။ ဂျီဟဒ်ကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အကြမ်းဖက်ကာ မသုံးရဘဲ အကြမ်းဖက်မှုကတော့ ဘာသာတရားကို ကာကွယ်ဖို့အတွက်နှင့် ခွဲခြားနှိပ်စက်ခံရတဲ့ အခြေအနေဆိုးမျိုးရောက်မှ ကိုယ့်ဘ၀ကို ကာကွယ်ဖို့ အတွက်သာ အသုံးပြုရတဲ့ နောက်ဆုံးရွေးချယ်မှုဖြစ်သည်။
Sunni အစ္စလမ်မှာတော့ ဂျီဟဒ်ကို အကြီးစားဂျီဟဒ် အသေးစားဂျီဟဒ်လို့ နှစ်မျိုး ခွဲခြားထားပါတယ်။ အကြီးစားဂျီဟဒ်က မိမိရဲ့အတ္တနဲ့ တစ်ကိုယ်ကောင်းဆန်မှုကို ဆန့်ကျင်တဲ့ ကြိုးစားမှုဖြစ်ပြီး အသေးစားဂျီဟဒ်ကတော့ စစ်ပွဲအတွက် မကြာခဏ အသုံးပြုပြီး ခန္ဓာကိုပြင်ပနဲ့ ရုပ်ပိုင်းဆိုင်ရာ အားထုတ်မှုမျိုးပါ။ (Shiite အစ္စလမ်မှာလဲ ဂျီဟဒ်ကို အလားတူခွဲခြားထားပါတယ်။)
ခန္ဓာကိုယ်တွင်းနဲ့သက်ဆိုင်တဲ့ ဂျီဟဒ်ကို အကြီးစားဂျီဟဒ်လို့ ယုံကြည်မှုအပေါ် Gibril Hadded က ခွဲခြမ်းစိတ်ဖြာလေ့လာထားပါတယ်။ ဒီယုံကြည်မှုရဲ့ သမိုင်းဝင် အခြေခံဟာ တမန်တော်မိုဟာမက်ရဲ့ စစ်ပွဲက ပြန်လာသူတွေကို သင်တို့ဟာ မွတ်စလင်မဟုတ်သူတွေကို တိုက်ခိုက်တဲ့ အသေးစားတိုက်ပွဲမှ မိမိတို့ရဲ့ ကိုယ်တွင်းမှာရှိတဲ့ အလိုရမက်ကိုတိုက်ခိုက်ရမဲ့ အကြီးစားစစ်ပွဲကို ပြန်လာကြတာ ဖြစ်တယ်လို့ပြောတဲ့ မိန့်ခွန်းဘဲဟုသတ်မှတ်ပါတယ်။ ဒီမိန့်ခွန်းဟာ တမန်တော်ရဲ့ အမှာစကား ဟုတ်-မဟုတ်ဆိုတဲ့ သံသယဖြစ်ဖွယ် အနေအထားကို Hadded က လက်ခံပေမဲ့ ကိုရမ်နှင့် အခြားစာပေတွေမှာလဲ ဒီအဇ္ဈတ္တဂျီဟဒ်ရဲ့ သာလွန်မြင့်မြတ်မှု အတွက် သင့်တော်တဲ့ အထောက်အထားတွေရှိတယ်လို့ သုံးသပ်ပါတယ်။
ဒါပေမဲ့ ဆွန်နီမွတ်စလင်မှာရှိတဲ့ ဘာသာရေးဥပဒေပညာရှင် Ibn Qayyim Al-Jawziyya ကတော့ အဇ္ဈတ္တဂျီဟဒ်ရဲ့ အရေးပါမှုကို လက်ခံယုံကြည်ပေမဲ့ နှလုံးသား၊ သို့မဟုတ် ၀ိညာဉ်အတွက်ဂျီဟဒ် က လက်နက်ကိုင်ဖြေရှင်းတဲ့ ဂျီဟဒ်ထက်ပိုအရေးကြီးတယ်လို့ လက်ခံဖို့အတွက်တော့ တမန်တော်ရဲ့ အဆိုအမိန့်ဟာ အားနည်းပါတယ်လို့ အကြံပြုပါတယ်။ ခေတ်ပြိုင် အစ္စလမ်ပညာရှင် Abdullah Yusuf Azzamကလည်း တမန်တော်ရဲ့အဆိုအမိန့်ဟာ အားနည်းရုံ သာမကဘဲ အခြေအမြစ်မရှိဘဲ တီထွင်ထားတဲ့ အလိမ်အညာမျှသာဖြစ်တယ်လို့ ငြင်းဆိုပါတယ်။ တမန်တော်ရဲ့ ဒီမိန့်ခွန်းဟာ Ibrahim Ibn Abi Abalah ရဲ့ အဆိုအမိန့်မျှသာဖြစ်ပြီး တကယ့်အဖြစ်မှန်တွေ စာပေအထောက်အထားတွေနဲ့ ဆန့်ကျင်နေတယ်လို့လဲ ဆိုပါသေးတယ်။
မွတ်စလင်တရားသူကြီးတွေကတော့ God အတွက် ရုန်းကန်လှုပ်ရှားတဲ့ ဂျီဟဒ် လေးမျိုးရှိကြောင်း ရှင်းပြကြပါတယ်။
၁။ နှလုံးသားအတွက် ဂျီဟဒ်၊ ဒီဂျီဟဒ်ဟာ နတ်ဆိုးတွေနဲ့ တိုက်ခိုက်မှုနဲ့ မကောင်းမှုတွေရဲ့ စွဲဆောင်မှုတွေက လွတ်မြောက်ဖို့ကြိုးစားခြင်းနဲ့ သက်ဆိုင် ပါတယ်။
၂။ နှုတ်ဖြင့်ဆောင်ရွက်ရသော ဂျီဟဒ်၊ ဒီဂျီဟဒ်ကတော့ အမှန်တရားကို ပြောဆိုခြင်းနဲ့ အစ္စလမ်အဆုံးအမတွေကို နှုတ်ဖြင့် ပြန့်ပွါးအောင်ဆောင်ရွက်ခြင်းနဲ့ သက်ဆိုင်ပါတယ်။
၃။ လက်ဖြင့်ဆောင်ရွက်ရသော ဂျီဟဒ်၊ ဒီဂျီဟဒ်ကတော့ အမှန်တရားကိုရွေးချယ်ဖို့၊ မတရားမှု၊ အမှားတွေကို အရေးယူတိုက်ဖျက်ဖို့ ရည်ညွှန်းပြီး
၎။ လက်နက်ဖြင့် ဆောင်ရွက်ရသော ဂျီဟဒ်။ ဒီဂျီဟဒ်ကတော့ Holy war အနေနဲ့ လက်နက်ကိုင် တိုက်ပွဲဝင်မှုကို ရည်ညွှန်းပါတယ်။ ဒါ့အပြင် ဒီဂျီဟဒ်ဟာ Salafi မွတ်စလင်တွေနဲ့ အာရပ်ကမ္ဘာမှာ အင်အားအကြီးဆုံး မွတ်စလင်ညီအကိုများအဖွဲ့မှ ပေါက်ဖွားလာသူများ အများဆုံးအသုံးပြုတဲ့ ဂျေဟဒ်ပါဘဲ။
ခေတ်ပြိုင်မွတ်စလင်တွေကတော့ အစ္စလမ္မစ်နိုင်ငံတွေကိုချဲ့ထွင်ဖို့၊ ကာကွယ်ဖို့နဲ့ အစ္စလမ္မစ်နိုင်ငံတွေထူထောင်ဖို့ Holy war ဆိုတဲ့ အသေးစားဂျေဟဒ်ကို မိမိရဲ့ အလိုရမက်ကို ဆန့်ကျင်တိုက်ခိုက်ရမဲ့ အကြီးစားဂျေဟဒ်ရဲ့ နေရာမှာ အစားထိုး နိုင်ခဲ့ကြပါတယ်။
Sufic မွတ်စလင်တွေရဲ့အမြင်မှာတော့ အကြီးစားဂျေဟဒ် အသေးစားဂျေဟဒ်လို့ နှစ်မျိုးခွဲထားပါတယ်။ မိုဟာမက်က အကြီးစားဂျေဟဒ်ကို အလေးအနက်ထားပြီး မြင့်မြတ်တယ်ဆိုတာ မိမိကိုယ် ကိုယ် ပြန်လည် တိုက်ပွဲဝင်နေသူပါလို့ ဆိုပါတယ်။ ဒီအဓိပ္ပါယ်ကို ယူမယ်ဆို ရင်တော့ စေတန်နတ် ဆိုးကို ကိုယ်စားပြု တဲ့ ပြင်ပစစ်ပွဲ တွေဟာ ကိုယ့်ကိုယ်ကိုပြန်တိုက်ပြီးအောင်နိုင်သူရဲ့ စစ်မှန်တဲ့ ဂျေဟဒ်ရဲ့ အတုအပ များသာဖြစ်တဲ့အပြင်၊ လူတိုင်းရဲ့ထာဝရလွတ်မြောက်မှုဆိုတာ မိမိကိုယ်တိုင် စင်ကြယ်ရန် လုပ်ကိုင်ခြင်းပါဝင်တဲ့ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုမပါဘဲ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ဆိုလိုနေပါတယ်။ ဒါဟာ Sufic တွေရဲ့ စံနှုံးနဲ့ အတော်နီးစပ်တဲ့ အနောက်တိုင်းအမြင် Holy Grail ဖြစ်ပါတယ်။
Sufic တွေအတွက်ကတော့ အစစ ပြည့်စုံသွားခြင်းကို Grail လို့ခေါ်ပြီး Holy Grail ဆိုတာကတော့ မိမိမှာရှိသမျှ အရာအားလုံးကို မရှိနွမ်းပါးသူတွေကို ပေးကမ်းပြီး God နဲ့အတူလျှောက်လှမ်းနိုင်သူ ဖြစ်သွား တဲ့ Enochလို အကောင်းဘက်ကို အစစပြောင်းလဲသွားသူပါဘဲ။ မွတ်စလင်မှာ Holy Ones မြင့်မြတ်တဲ့သူတွေ ဟာ Hadrat သို့မဟုတ် ထာဝရတည် ရှိနေသူ ဆိုတဲ့ ဂုဏ်ထူးဆောင်နာမည်ကို ရလေ့ရှိပါတယ်။
အမျိုးအစာ
Islamic Jihad
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်