Pages

Saturday, 27 April 2013

ဂျီဟက်အဓိပ္ပါယ်”အပိုင်း(၄)


ဦးဝီရသူ

                                              “သမိုင်း (ရှေးမွတ်စလင်တို့၏ အောင်မြင်မှုများ)”
အေဒီ ၆၃၂ခုနှစ် အစ္စလမ်ပရောဖက် မိုဟာမက်ကွယ်လွန်ပြီး (၂)နှစ်အကြာမှာ အစ္စလမ်ဘာ သာရေးခေါင်းဆောင် Umar ရဲ့ဦးဆောင်မှုနဲ့ ဘိုင်ဇန်တိုင်း (Byzantine) အင်ပါယာနှဲ့ဆက်ဆေးနီးယန်း (Sassanian) အင်ပါယာတွေကိုဆန့်ကျင်တဲ့ စစ်ပွဲများ အစပြုလာခဲ့ကြတယ်။ အေဒီ ၆၃၆ခုနှစ် Yarmuk စစ်ပွဲမှာ ဘိုင်ဇန်တိုင်း စစ်တပ်နဲ့ အင်ပါယာကို ဆီးရီးယားမှ အပြီးတိုင်ထွက်သွားစေခြင်းဖြင့် မွတ်စ လင်တွေ အောင်မြင် မှုရခဲ့ပြီး အေဒီ ၆၄၁ခုနှစ်မှာတော့ ကိုင်ရိုမြို့နားမှာ ဘိုင်ဇန်တိုင်းတို့ လက်နက်ချခဲ့ကြ တယ်။ နောက်ပိုင်းမှာ အီဂျစ်မြို့တော် ကိုင်ရိုဖြစ်လာမဲ့ အလက်ဇန်း ဒရီးယားကို သိမ်းပိုက်မှုဟာ အချိန် အတော်ကြာမြင့်ခဲ့ပြီး ဘိုင်ဇန်တိုင်း ဥပဒေအောက် မှာ နေထိုင်ခဲ့ကြတဲ့ ဒေသခံတွေဆီက တန်ပြန် တိုက်ခိုက်မှု အနည်းငယ်ကြုံတွေ့ခဲ့ရတယ်။ အေဒီ ၆၃၇ခုနှစ် Al-Qadisiyya စစ်ပွဲမှာ ပါရှန်းစစ်တပ်ကို စတင်ချေမှုန်းခဲ့ပြီး ၆၄၂ ခုနှစ် Nahævand စစ်ပွဲမှာတော့ ပါရှန်းတွေကို သုတ်သင်နိုင်ခဲ့ခြင်းဖြင့် မွတ်စလင်သိမ်းပိုက်အောင်မြင်မှုများကို တည်တည်ငြိမ်ငြိမ်ဖြစ်လာခဲ့တယ်။ ၁၅နှစ်အတွင်းမှာ အီရန်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး မကြာခင်မှာဘဲ အာရှအလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက် လာခဲ့တယ်။

ကြီးကျယ်တဲ့ အောင်မြင်မှုလို့ တွင်တွင်ကျယ်ကျယ်သုံးလာခဲ့ချိန်မှာ မွတ်စလင်တေ အကြား အစ္စလမ်ရဲ့ အခန်းကဏ္ဍဟာလည်း အငြင်းပွါးဖွယ်ရာ ဖြစ်လာခဲ့တယ်။ အလယ်ပိုင်းခေတ် အာရပ်စာရေးဆရာများက ဒီလိုတိုက်ခိုက်အောင်မြင်မှုတွေကို Godရဲ့အမိန့်ပေးစေခိုင်းမှုဖြစ်တယ်လို့ဆိုကြတယ်။ အစ္စလမ်ဘာသာရေးခေါင်းဆောင်တွေရဲ့အမိန့်အောက်မှာ ဒီအကြောင်းအရာတွေကို စည်းကမ်းရှိရှိ စနစ်တကျ တင်ပြထားကြတယ်။ တိုက်ခိုက်သိမ်းပိုက်အောင်မြင်မှုမှာ ဂျေဟဒ်ရဲ့ တွန်းအားပေး မှုစွမ်း အင်တွေပါတယ်ဆိုတဲ့ အတွေးအခေါ်ကို ခေတ်သစ်ရှင်းလင်း ဖွင့်ဆိုမှုတွေက ငြင်းဆိုနေကြပါတယ်။
၎င်းတို့အဆို ကျူးကျော် တိုက်ခိုက်သိမ်းပိုက်မှုတွေမစခင်မှာ အာရပ်တွေဟာ အလွန်ဆင်းရဲကြတယ်၊ အာရေဗီယန် ကျွန်းဆွယ်တွေ သဲကန္တာရဖြစ်ကုန်ပြီး အာရပ်တွေနေထိုင်ရာ အရပ်မှာ သဘာဝအရင်း အမြစ်တွေ လျော့နည်းကုန်တယ်။ ဒီရှင်းပြချက်တွေက ကျူးကျော် တိုက်ခိုက် သိမ်းပိုက်မှုတွေရဲ့ အဓိကအကြောင်းရင်းဟာ ဘာသာရေးကြောင့်ဆိုတဲ့ အဆိုကို ဆန့်ကျင်ပြီး ရုပ်ဝတ္ထု ပစ္စည်းတွေကြောင့်ဖြစ် တယ်လို့ဖော်ပြပါတယ်။ အချို့သော လက်ငင်းရှင်းပြချက်တွေကတော့ ဒီလိုကျူးကျော်တိုက်ခိုက် သိမ်းပိုက် မှုတွေဟာ ဘာသာရေးကြောင့်ရော ရုပ်ဝတ္ထုပစ္စည်းတွေကြောင့်ပါ ဖြစ်တယ်လို့ ဆိုကြပါတယ်။


                                                                 “မွတ်စလင်ညီအကိုများ”
၁၉၂၈ခုနှစ်မှာ Hassan al-Bannaက မွတ်စလင်အင်ပါယာတစ်ခုကို ပြန်လည် အသက်သွင်းဖို့ ရည်ရွယ် ချက်နဲ့ ပြင်းထန်တဲ့ ရှေးရိုးစွဲဖြစ်တဲ့အပြင် အထူးလျှို့ဝှက်စွာ လုပ်ဆောင်ကြတဲ့ အီဂျစ်အခြေစိုက် မွတ်စလင် ညီအကိုများ (Muslim Brother-hood) အဖွဲ့ကို တည်ထောင်ခဲ့တယ်။ al-Bannaရဲ့အဆိုကတော့ အစ္စလမ်ရဲ့ သဘာဝဟာ လွှမ်းမိုးဖို့ဖြစ်ပြီး လွှမ်းမိုးခံဖို့မဟုတ်ဘူး၊ အစ္စလမ်ဥပဒေတွေကို နိုင်ငံ တိုင်းမှာ ပြဌာန်းဖို့နဲ့ ကမ္ဘာဂြိုဟ် တစ်ခုလုံး အစ္စလမ်အာဏာ ချဲ့ထွင်ဖို့ဖြစ်ပါတယ်။ Muslim Brotherhood သို့မဟုတ် Muslim Brethren (jamiat al-Ikhwan al-muslimun) လို့ခေါ်တဲ့ ဒီအဖွဲ့အစည်းဟာ အစ္စလမ္မစ်နိုင်ငံတွေ ရဲ့ လောကီဆန်တဲ့ သဘောတရားအယူအဆတွေကို ဆန့်ကျင်ပြီး ကိုရန်ကျမ်းလာကျင့်ဝတ်တွေအတိုင်း လိုက်နာစေလိုတဲ့အပြင် အနောက်နိုင်ငံတွေရဲ့ လွှမ်းမိုးမှုကိုလဲ ဆန့်ကျင်စေ လိုပါတယ်။ Al Bannaဟာ ကိုရမ်ကျမ်းကို ခေတ်မီဆန်းသစ်အောင်ပြုလုပ်ခြင်းကို ဆန့်ကျင်လိုတဲ့ မွတ်စလင်အစွန်းရောက် လက်ယာ အုပ်စုမှ မွေးဖွားလာသူဖြစ်ပြီး မွတ်စလင်ညီအကိုများအဖွဲ့ရဲ့ မူဝါဒမှာလဲ အသေခံအကြမ်းဖက်မှုကို အမွှန်းတင်ထားတဲ့ တိကျတဲ့ကိုရန်ကျမ်းအဖွင့်ပါဝင်ပါတယ်။ Al Bannaနဲ့အတူ အဲဒီခေတ်ကသြဇာတိက္ကမ အလွန်ကြီးမားတဲ့ အခြားမွတ်စလင်ခေါင်းဆောင်တစ်ယောက်ကတော့ ဂျေရုစလင်ရဲ့ Grand Mufti Haj-al Amin Al-Husseini ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ပေါင်းပြီးတော့ အစွန်းရောက် အစ္စလမ်ဥပဒေတွေ ကို ပြဌာန်းဖို့တောင်းဆိုခြင်း ကမ္ဘာ့ပြဿနာမျိုးစုံကို ဂျူးလူမျိုးတွေအပေါ် ပုံချခြင်းတို့ဖြင့် အင်အားကြီးမားပြီး အများကြိုက်တဲ့ အစ္စလမ္မစ်ပါတီတစ်ခုတည်ထောင်ခဲ့တယ်။ အဲဒီပါတီအတွက် Al-Banna ပေးခဲ့ပြီးအခု ထိလဲ အသုံးပြုနေသေးတဲ့ ဆောင်ပုဒ်ကတော့ "ငါတို့ ရည်မှန်းချက်က အလ္လာဟ်၊ ငါတို့ခေါင်းဆောင်က တမန်တော်၊ ငါတို့ဥပဒေက ကိုရန်၊ ငါတို့လျှောက်ရမဲ့လမ်းက ဂျေဟဒ်၊ ငါတို့ရဲ့ အမြင့်ဆုံးပန်းတိုင်က God အတွက် အသက်ပေးခြင်း" ဆိုတာဘဲဖြစ်ပါတယ်။ ၉၊၁၁ စုံစမ်းရေးအဖွဲ့ရဲ့ ပြန်ကြားချက်မှာ ၁၉၉၃ခုနှစ် ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံကို တိုက်ခိုက်မှုအတွက် Osama bin Laden နဲ့ Sheik Omar Abdel Rahman တို့အပေါ် မွတ်စလင်ညီအကိုများ အဖွဲ့ရဲ့ သြဇာလွှမ်းမိုးမှုမှာ တာဝန်ရှိတယ်လို့ ဖော်ပြထားပါ တယ်။ မွတ်စလင် ညီအကိုများအဖွဲ့ရဲ့ မူဝါဒများအနက် အရေးပါတဲ့ လမ်းကြောင်းတစ်ခုကတော့ အီရတ်မှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေကို ဓားစာခံအဖြစ်ဖမ်းဆီး သတ်ဖြတ်ခြင်း ဟာ မွတ်စလင်တွေရဲ့ ဘာသာရေးတာဝန်ဖြစ်တယ်လို့ သတ်မှတ်ပြီး ထုတ်ပြန်တဲ့ Sheih Yousef Al-Qaradhawiရဲ့ ၂၀၀၄ခုနှစ် fatwaကြေငြာချက်ဖြစ်ပါတယ်။
ဒီအဖွဲ့ဟာ အင်္ဂလိပ်တွေနဲ့ ဂျူးတွေအပေါ်ဆန့်ကျင်တဲ့ အာရပ်စစ်ပွဲ၊ အစ္စလမ္မစ် ဂျေဟဒ်တွေကို ထောက်ခံ ပါတယ်။ မွတ်စလင်ညီအကိုများအဖွဲ့ဟာ Hama အစုအပြုံလိုက် မျိုးတုန်း သတ်ဖြတ်မှုဖြစ်ပြီးနောက် ဆီးရီးယားကို ဆန့်ကျင်တဲ့ Holy war ကိုလဲ ဆင်နွှဲခဲ့ပါသေးတယ်။

ဂျေဟဒ်ရဲ့ ဇာစ်မြစ်နဲ့ Bin Ladenရဲ့ ဂျေဟဒ်အယူအဆ စတင်ဖြစ်ပေါ်လာပုံများကို ကိုလိုနီဝါဒနဲ့ ၄င်းနောက်ပိုင်းအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ အားကြီးတဲ့ အစ္စလမ္မစ်ပြန်လည်ရှင်သန်ရေး လှုပ်ရှားမှုတွေကို စတင်ခဲ့တဲ့ ၂၀ရာစုအစောပိုင်း မှာပေါ်ပေါက်ခဲ့တဲ့ ထင်ရှားသူနှစ်ဦးမှာ ခြေရာခံနိုင်တယ် လို့ ဘီဘီစီက ရှင်းပြပါတယ်။ al-Banna ကတော့ မွတ်စလင်တွေ အားလျော့စေဖို့ အတွက် အနောက်နိုင်ငံတွေ ရဲ့ ဘာသာရေးနဲ့ နိုင်ငံရေးခွဲခြားမှုအယူအဆကို ပြစ်တင်ရှုတ်ချပါတယ်။ ၁၉၅၀ ခုနှစ်များမှာ မွတ်စလင်ညီအကိုများရဲ့ ထင်ရှားသော အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Sayed Qutbဆိုရင် al-Bannaရဲ့ အနောက်နိုင်ငံတွေအပေါ် အပြစ်တင်မှုထက်ပိုဆိုးတဲ့ အပြစ်တင်မှုတွေကိုပါ ပြုလုပ်ခဲ့ပါတယ်။ Qutb အနေနဲ့ကတော့ " စာသမားလို့ဆိုသူတွေရော၊ ခရစ်ယန်တွေရော ဂျူးတွေပါ မွတ်စလင် မဟုတ်သူတွေဟာ ဘာသာခြားတွေဘဲ" ဖြစ်တဲ့အပြင် အစ္စလမ်နဲ့အနောက်နိုင်ငံတွေအကြား ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး မငြိမ်သက်မှုတွေ တဖြည်းဖြည်း ဖြစ်လာမယ်လို့လဲ သူက ဟောကိန်းထုတ်ထား ခဲ့ပါသေး တယ်။ Ayatollah Khomeini အပါအ၀င် အစ္စလမ္မစ်မျိုးဆက် အားလုံးဟာ Qutbကိုအားကျအတုယူကြပါ တယ်။ ၁၉၆၇ခုနှစ် စစ်ပွဲမှာ အာရပ်တွေရဲ့အောင်မြင်မှုအတွက် ချမှတ်ခဲ့တဲ့ Qutbရဲ့ အယူအဆတွေကို မွတ်စလင်ကမ္ဘာရှိ အများစုက လက်ခံကြပါတယ်။

မွတ်စလင်ညီအကိုများအဖွဲ့ဟာ အကြမ်းဖက်တိုက်ခိုက်မှုများမှာ ပါဝင်ခဲ့ပါတယ်။ မွတ်စလင်ညီအကိုများအဖွဲ့ရဲ့ သံစဉ်နဲ့ အမှတ်အသား၊ အလံမှာ အဖြူရောင်နဲ့ဘောင်ခတ်ထားတဲ့ အစိမ်းရောင် စက်ဝိုင်းအတွင်း အညိုရောင် လေးထောင့်ကွက်ပါရှိပါတယ်။ အနီရောင်ကိုရန်ကျမ်းရဲ့အောက်က စက်ဝိုင်းအတွင်းမှာ ဓားနှစ်လက်ကို ကြက်ခြေခတ်ထားတဲ့ပုံပါရှိတယ်။ ကိုရန်ကျမ်းရဲ့ မျက်နှာဖုံးမှာ တကယ်တော့ ဒါဟာ ရက်ရောတဲ့ ကိုရန်ကျမ်းပါ၊ လို့ဆိုထားပါတယ်။ ဓားရိုးအောက်နားမှာတော့  အဆင်သင့်လုပ်ထားပါ လို့ အာရပ်ဘာသာနဲ့ ရေးထားပါတယ်။ ဒါဟာလဲ Godရဲ့ ရန်သူတွေကို တိုက်ခိုက်ဖို့ပြင်ဆင်ကြလို့ ပြောထားတဲ့ ကိုရန်ကျမ်းလာ ဂါထာတစ်ပုဒ်ကို ရည်ညွှန်းထား တာပါ။ မွတ်စလင် ညီအကိုများ အဖွဲ့ဟာ ရုရှားနဲ့ မွတ်စလင်ညီအကိုများ အကြမ်းဖက်တိုက်ခိုက်မှု စတင်ခဲ့ရာ အီဂျစ်တို့က ပြုစုထားတဲ့ အကြမ်းဖက်အဖွဲ့ ၁၇ ဖွဲ့အနက် တစ်ခုဖြစ်ပါတယ်။ အီဂျစ်မှာတော့ လက်ရှိအစိုးရက အဲဒီအဖွဲ့အမည်စာရင်းကို ပယ်ဖျက်ထားလိုက်ပါပြီ။

"The Muslim Brotherhood's Conquest of Europe" ဆိုတဲ့ စာအုပ်မှာ ဒီအဖွဲ့ရဲ့ အမှန်တကယ်ဦးတည် တာက အစ္စလမ်ဥပဒေ Sharia ကို ဥရောပတခွင်နဲ့ အမေရိကန်အထိ ချဲ့ထွင်ဖို့ဖြစ်တယ်လို့ ပညာရှင်များက ဆိုထားပါတယ်။

ခေတ်ပြိုင် အစ္စလမ်ဘာသာတွေကတော့ အစ္စလမ်ဘာသာဟာ အခုအခါမှာ တိုက်ခိုက်မှုတွေခံနေရပါ တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဂျေဟဒ်ဟာ အခုအခါမှာ ကာကွယ်ရေးစစ်ပွဲဖြစ်တယ်၊ ဒီလိုစစ်ပွဲမျိုးဟာ စုပေါင်းတာဝန်သာမက ကန့်သတ်မှုချုပ်ချယ်မှုမပါတဲ့ တစ်ဦးချင်းစီရဲ့ တာဝန်လဲ ဖြစ်တယ်၊ ဒါကြောင့် ဂျေဟဒ်သည် အစ္စလမ္မစ်အားလုံးအတွက်ဖြစ်ပြီး ယောက်ျားမိန်းမ လူငယ် လူကြီး မရွေး မွတ်စလင်အာလုံး ပါဝင်ရမဲ့တာဝန်ဖြစ်တယ်၊ ဘာသာခြားအားလုံးကို ခြွင်းချက် မရှိ နှိမ်နင်းသုတ်သင်ပစ် ရမယ်၊ မည်သည့်လက်နက်မဆို အသုံးပြုနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ရှင်းပြကြပါတယ်။ ဒါ့အပြင် ၄င်းတို့အဆိုအရ အနောက်နိုင်ငံ များနှင့် မဟာမိတ်ဖြစ်နေသော မွတ်စလင်အစိုးရများကိုလဲ ဘာသာတရား ကို စွန့်လွှတ်ထားသူများ ဘာသာခြားများအဖြစ်သတ်မှတ်ပါတယ်။

အစ္စလမ်အတွေး အခေါ်မှာ အဓိကသြ ဇာလွှမ်းမိုးသူတစ်ဦးကတော့ အီဂျစ်နိုင်ငံသား Sayyid Qutb ဖြစ်ပါတယ်။ Sayyid Qutb မွတ်စလင်ညီ အကိုများအဖွဲ့ရဲ့လှုပ်ရှားမှုမှာ ခေါင်းဆောင် တစ်ယောက် ဖြစ်ပြီး အီဂျစ်သမ္မတ Gamal Abd Al-Nasser ကိုလုပ်ကြံမှုမှာ သစ္စာဖောက်တစ်ဦးအဖြစ် သတ်မှတ်ခံရကာ ၁၉၉၆ခုနှစ်မှာ သေဒဏ်ပေး ခံရပါတယ်။ သူဟာ အစ္စလမ္မစ် သဘောတရားဆိုင်ရာ စာပေတော်တော်များများကို ကျယ်ကျယ်ပြန့်ပြန့်ရေး ခဲ့သူလဲဖြစ် ပါတယ်။ သူ့အလိုအရ ကမ္ဘာကြီးမှာ အုပ်စု နှစ်အုပ်စုဘဲရှိပါတယ်၊ တအုပ်စုက အလ္လာဟ်ရဲ့အုပ် စုဖြစ်ပြီး နောက် တအုပ်စုကတော့ စေတန်ရဲ့ အုပ်စုဖြစ်ပါတယ်၊ အလ္လာဟ်အုပ်စုဝင်တွေဟာ အလ္လာဟ်ရဲ့ အလံ အောက်မှာ ရပ်တည်ကြပြီး အလ္လာဟ်ရဲ့ သင်္ကေတတွေကို ကိုင်ဆောင်ထား ကြပါတယ်၊ စေတန်ရဲ့ အုပ်စုဝင်တွေကိုသတ်မှတ်ရာမှာတော့ အလ္လာဟ်ရဲ့အလံ အောက်မှာ မရပ်တည်ကြတဲ့ မည်သည့် အသင်း အဖွဲ့ အုပ်စု မျိုးနွယ် လူမျိုးကိုမဆို စေတန်ရဲ့ အုပ်စုဝင်လို့ သတ်မှတ်ပါတယ်။

ပါလက် စတိုင်းတွေရဲ့ မြင့်မြတ်နယ်မြေတည်ထောင်ရေးကိစ္စမှာ Arab al-Arianတွေရဲ့ အကြမ်းဖက် အဖွဲ့အစည်းကို ငွေကြေးထောက်ပံ့ခြင်းဖြင့် ပါဝင်ပတ်သက်နေမှု၊ အမေရိကန်ကို ထိမ်းချုပ်ဖို့ အစီအစဉ်တွေ ကို အသေးစိတ်ဖော်ပြထားတဲ့ မွတ်စလင် ညီအကိုများ အဖွဲ့ရဲ့ စာတမ်းများနဲ့၊ အစ္စလမ္မစ်အကြမ်းဖက်အဖွဲ့ရဲ့ အမေရိကန်ကို သိမ်းပိုက်ဖို့ စနစ်တကျစီစဉ်ထားမှုတွေကို အသေးစိတ်ဖော်ပြထားတဲ့ အထောက် အထားတချို့ ကို ဖော်ထုတ်လိုက်တဲ့အခါ ဒီအဖွဲ့ရဲ့ သိမ်းပိုက်မဲ့ အစီအစဉ်တွေ ပေါ်လာ တော့တာပါဘဲ။ အကြမ်းဖက်ဝါဒ သုတေသနပညာရှင်တွေကတော့ နိုင်ငံတကာ အစ္စလမ္မစ်အဖွဲ့ဖြစ်တဲ့ မွတ်စလင်ညီ အကိုများအဖွဲ့ရဲ့ မဟာဗျူဟာတွေကို အသေးစိတ်ဖော်ပြထားမှုတွေပါဝင်တဲ့ လက်ရေးမှတ်တမ်းတွေ အသံဖိုင်တွေ နဲ့ အာရပ်ဘာသာမှ ပြန်ဆိုထားမှုများစွာက အစွန်းရောက်တွေဟာ အခြေခံဥပဒေကို Shariah ခေါ် အစ္စလမ္မစ်ဥပဒေနဲ့ အစားထိုးဖို့ ကာလကြာမြင့်စွာ ကြိုးစားအားထုတ် နေကြတယ်ဆိုတဲ့ သက်သေတွေဖြစ်ပါတယ်။  အမေရိကန်အစိုးရရဲ့ အဆိုအရ အစ္စလမ္မစ်ဥပဒေနဲ့ အစားထိုးဖို့ ပြင်းထန်တဲ့ စစ်ပွဲပုံဖော်သတင်းဖြန့်မဲ့ ရံပုံငွေစု ဆောင်းမဲ့ အလုပ်ဘဲရှိတဲ့ မွတ်စလင်အဖွဲ့ငယ်လေးတွေနဲ့ ကြီးမားတဲ့ ကွန်ယက်ချိတ် ဆက်ပြီး အကောင်အထည်ဖော်ဖို့ လမ်းကြောင်းဖော်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ မွတ်စလင်ညီအကိုများအဖွဲ့ဟာ အမေရိကန်မွတ်စလင်အုပ်စုများ ဖွဲ့ပေးခဲ့တယ်၊ မြင့်မြတ်သောမြေ (Holy Land) ကိစ္စမှာ အပြစ်တင်မခံရတဲ့ အုပ်စုမှာပါတဲ့ CAIR လိုအခြားအဖွဲ့တွေ အပေါ် သြဇာလွှမ်းမိုးဖို့ကြိုးစားခဲ့ တာတွေရှိပါတယ်။

ရမဒန်ကို သစ္စာခံတဲ့ ၀က်ဆိုဒ်တစ်ခုမှာ မွတ်စလင်ညီအကိုများအဖွဲ့က Dr. Ahmad 'Abd Al-Khaleq ရဲ့ အထူးသဖြင့် အစွန်းရောက် ဖွင့်ဆိုမှုကိုဖော်ပြသည့်  မွတ်စလင်အဖွဲ့အစည်းအပေါ် လုံးဝသစ္စာခံဖို့ မွတ်စလင်မဟုတ်သူများနှင့် အစ္စလမ်လမ်းကြောင်းမှ သွေဖည်သူ မွတ်စလင်များကို လုံးဝငြင်းပယ်ဖို့ လှုံ့ဆော်လေ့ရှိတဲ့ အစ္စလမ္မစ်တရားအကြောင်း ရေးတဲ့ ဆောင်းပါးတွေကို တင်လေ့ရှိပါ တယ်။အဲဒီဆောင်း ပါးမှာ ခရစ်ယန်များ ဂျူးများ ဘာသာမဲ့များ ဘုရားအများ ကိုးကွယ်သူများစတဲ့ မွတ်စလင်မဟုတ် သူအားလုံးကို မုန်းတီးခြင်း၊ ထိုသူများကို ရတဲ့နည်းနဲ့ ဆန့်ကျင်ကာ ဂျေဟဒ်စစ်ပွဲဆင်ခြင်းတို့ဖြင့် မွတ်စလင် တစ်ယောက်ဟာ အလ္လာဟ်နဲ့ ပိုနီးစပ်နိုင်တယ်လို့ အထက်ပါအစ္စလမ် စည်းမျဉ်းနဲ့ အခိုင်အမာငြင်းဆို ထားပါတယ်။

တကယ်တော့ မွတ်စလင်ညီအကိုများအဖွဲ့ဟာ အနောက်နဲ့ စစ်ဖြစ်နေတာကြာပါပြီ။ ၁၉၄၈မှသည် ၁၉၇၀နှစ်များတိုင်အောင် ဒီအဖွဲ့ဟာ အီဂျစ်မှာဖြစ်ခဲ့တဲ့ လုပ်ကြံ သတ်ဖြတ်မှုများ အကြမ်းဖက်တိုက် ခိုက်မှုများမှာ ပါဝင်ခဲ့တဲ့အပြင် အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ ဆက်လက်ပါဝင်နေသူတွေကိုလဲ လမ်းညွှန်မှုတွေ ပေးနေခဲ့တာပါ။ အယ်လ်ကိုင်ဒါရဲ့ ဘင်လာဒင်ဟာ ဂျေဟဒ်တိုက်ပွဲဝင်သူ တစ်ယောက် ဖြစ် တယ်ဆိုတဲ့ ကြေငြာချက်ကိုလဲ ဒီအဖွဲ့ရဲ့ supreme guideက ထုတ်ပြန်ခဲ့ပါသေးတယ်။ ၉၊၁၁ အစုလိုက်အပြုံ လိုက် အကြမ်းဖက်သတ်ဖြတ်မှုမှာ နောက်ကွယ် အကြံပေးအဖြစ် စွပ်စွဲသတ်မှတ်ခံရတဲ့ Khalid Sheikh Mohammed ဟာ ကူဝိတ်မှာ ပျိုးထောင်ခြင်းခံရပြီး အသက် ၁၆နှစ်မှာ မွတ်စလင်ညီအကိုများ အဖွဲ့ထဲ ၀င်ခဲ့သူဖြစ်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်