Pages

Saturday, 27 April 2013

ရိုဟင်ဂျာလူမျိုးအဖြစ်သတ်မှတ်ပေးရန်တောင်းဆိုမှုကြောင့် စာရင်းကောက်ခံမှုအား အကန့်အသတ်မရှိရပ်ဆိုင်း




စစ်တွေမြို့နယ်အတွင်း ကုလားလူဦးရေစာရင်းကောက်ခံမှုအား အကန့်အသတ်မရှိရပ်ဆိုင်း လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဧပြီလ ၂၆ ရက်နေ့တွင် စစ်တွေမြို့နယ်အတွင်း ကုလားများအား အဖွဲ့ ၁၈ ဖွဲ့ဖြင့် စာရင်းကောက် ယူမှုစတင်ခဲ့ ရာ ရိုဟင်ဂျာ လူမျိုးအဖြစ်သတ်မှတ်ပေးရန်တောင်းဆိုပြီး အကြမ်းဖက်လုပ် ရပ်များဆောင်ရွက် ခဲ့သဖြင့် စစ်တပ်မှလုံခြုံရေးတပ်သားတစ်ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ကုလားများအား စာရင်းကောက်ခံမှုကို ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး ယင်းသို့အကြမ်း ဖက်လုပ်ရပ်သည် တတိယအကြိမ်ပဋိပက္ခကိုဖြစ်ပွားအောင်လှုံ့ဆော်ရာရောက်သည့်အတွက် နောက်ကွယ်မှ ကြိုးကိုင်သူ များအား ဥပဒေအရပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧပြီလ ၂၆ ရက်နေ့၊ ညနေပိုင်းတွင်ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည့်အရေးပေါ်အစည်းအဝေးကိုတက်ရောက်ခဲ့သူ စစ်တွေမြို့မှမြို့မိမြို့ဖတစ်ဦးက ပြောပါသည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူတစ်ဦးကလည်း ယခုဖြစ်ရပ်ဖြစ် ပွားခဲ့ခြင်း ၏နောက်ကွယ်တွင် ကြိုးကိုင်သူများရှိနေကြောင်းပြောကြားသည်။

(RSV)

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်