Pages

Monday 25 March 2013

“ တာလီဘန်တွေရဲ့ကြေငြာချက်အပေါ် ဘယ်လိုပြင်ဆင်ကြမလဲ ရွှေမြန်မာ ”


ဒီခေါင်းစဉ်ဟာ Breaking news ဆိုတာထက်ပိုအရေးကြီးဆိုတာ ပထမဆုံးအနေနဲ့ ပြောပါရစေ ။ အခုရေးမယ့်ဆောင်းပါးဟာ တကယ့်ကို အရေးကြီးတဲ့အချက်တွေနဲ့စဉ်းစားစရာတွေ ၊ ပြင်ဆင်စရာတွေ ပါဝင်လာပြီဖြစ်တဲ့အတွက် စာဖတ်သူများရော တာဝန်ရှိသူများရော အစိုးရပိုင်းကပါ ဒီ တာလီဘန်တွေရဲ့ကြေငြာချက်အပေါ် မပေါ့မလျော့ပဲ အများကြီး သတိထား ပြင်ဆင်ထားကြရမယ်ဆိုတာ ပထမဦးဆုံးပြောလိုပါတယ် ။


တာလီဘန်အဖွဲ့ခေါင်းဆောင်ပိုင်းများ
====================


TTP ဆိုတဲ့စကားလုံးသုံးလုံးရဲ့အရှည်ကောက်ကတော့ Tehreek-e-Taliban Pakistan ကို ရည်ညွှန်းပါတယ် ။ ပါကစ္စတန်ရှိ တာလီဘန်အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အမေရိကလို နိုင်ငံကြီးမျိုးကိုတောင် ဒီ TTP အဖွဲ့ရဲ့ဦးဆောင်မှုနဲ့ အသေခံ ဗုံးခွဲမှုတွေ ပြုလုပ်ခဲ့တဲ့လက်ရဲဇတ်ရဲ အစွန်းရောက်အဖြစ်ဖြစ်တယ် ။

ပါကစ္စတန် တာလီဘန်အဖွဲ့တစ်ဖွဲ့မှ ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်မှုများ ပါဝင် သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်

TTP ဆိုတဲ့အဖွဲ့ဟာ ဘာလဲ
===========


ဒီဆောင်းပါးရေးဖြစ်ရခြင်းရဲ့အဓိကအကြောင်းအရင်းက TTP ကြေငြာချက်နဲ့ တိုက်ရိုက်ပတ်သတ်တယ် ။ သူတို့ကြေငြာချက်ကို မဖော်ပြခင်မှာ အဲဒီအဖွဲ့အစည်းအကြောင်းအနည်းငယ်တင်ပြချင်ပါတယ် ။ TTP ဆိုတာ များစွာသော အစ္စလာမ် စစ်သွေးကြွအကြမ်းဖက်သူတွေ စုစည်းထားတဲ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး ပါကစ္စတန် ထဲက အာဖဂန်နယ်စပ်တလျှောက် အနောက်မြောက်ဖက် လူမျိုးစု ဧရိယာတွေမှာ အခြေချ ထားတာဖြစ်တယ် ။

၂၀၀၇ ခုနှစ် ဒီဇင်ဘာ မှာ Baitullah Mehsud ရဲဦးဆောင်မှုနဲ့ အုပ်စု ၁၃ ခုဟာ TTP အဖြစ်ဖွဲ့စည်းခဲ့တယ် ။ အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်ကတော့ Parkistani military ကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက်ဖြစ်တယ် ။ TTP ရဲ့ပထမဆုံးခေါင်းဆောင်ဖြစ်တဲ့ Baitullah Mahsud ဟာ ၂၀၀၉ ခုနှစ် သြဂုတ်လ ငါးရက်နေ့က ပေါက်ကွဲမှုမှာ အသတ်ခံခဲ့ရပြီး နောက်ထပ်ခေါင်းဆောင် Hakimullah Mahsud ကတော့ အမေရိကမှာ အသေခံ စစ်စင်ရေးတွေကို စတင် တွင်ကျယ်စေခဲ့သူဖြစ်တယ် ။

ဒီအဖွဲ့အစည်းဟာ United state ကို အကြိမ်ပေါင်း များစွာ ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ် မေ ၁ ရက်နေ့က နယူယောက် မြို့မှ Times Square ကို မအောင်မြင်ခဲ့တဲ့ဗုံးခွဲတိုက်ခိုက်မှုကို ကြံစည်ခဲ့သူတွေလည်းဖြစ်တယ် ။ ၂၀၁၁ ခုနှစ် ဂျွန်လမှာ TTP ရဲ့ပြောဆို ခွင့်ရှိသူတစ်ဦးက အိုစမာဘင်လာဒင်ရဲ့သေဆုံးမှုအတွက်လက်စားချေဖို့ အတွက် United States နဲ့ ဥရောပကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုခဲ့ပါတယ် ။

ကမ္ဘာတ၀ှမ်းမှာရှိတဲ့ အစ္စလာမ်တွေကလည်း မြန်မာအစိုးရရဲ့ ဘဂါင်္လီအရေးကို ဆောင်ရွက်မှုအပေါ် ယခုလို ပုံတွေ မှာမြင်ရတဲ့အတိုင်း စော်ကားစွာ တုံ့ပြန်ခဲ့ကြတယ် ။

TTP ဆို တာ အစွန်းရောက်အစ္စလာမ်တွေဖွဲ့စည်းထားတဲ့ ရက်စက်ကြမ်းကြုတ်တဲ့အဖွဲ့အစည်းဖြစ်တာ နဲ့အညီ အကြမ်း ဖက်တိုက်ခိုက်မှုပေါင်းများစွာ အသေခံ တိုက်ခိုက်မှုပေါင်းများစွာကို ပြုလုပ်ခဲ့တဲ့ ကမ္ဘာပေါ်ရှိ လူမ ဆန်သော အဖွဲ့အစည်းကြီးတစ်ခုဖြစ်တယ် ။ သူတို့ပြောတာကတော့ အခုနောက်ပိုင်း ဆက်လုပ်နေတဲ့ တိုက်ခိုက် မှုပေါင်းများစွာဟာ အိုစမာဘင်လာဒင်ရဲ့သေဆုံးမှုတွေနဲ့ပတ်သတ်နေ တယ်လို့ဆိုတယ် ။

ပါကစ္စတန် တာလီဘန်အဖွဲ့တစ်ဖွဲ့မှ ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်မှု များပါဝင် သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်
======================

သူတို့ ကြေငြာချက်ဟာ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ဘဂါင်္လီ - ရခိုင် အရေးအခင်းနဲ့ တိုက်ရိုက်ပတ် သတ်နေ တယ် ။ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကဘဂါင်္လီတွေနဲ့ပတ်သတ်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ (UNHCR) မဟာမင်းကြီးမစ္စတာ အန်တိုနီယိုဂူတာ ရက်စ်နှင့် တွေ့ဆုံ တုန်းကတိုင်းရင်း သားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လုံးဝလက်မခံနိုင်ဘူး ဆိုတာပြောခဲ့တယ် ။ ဒါ့အပြင် နောက် ဆုံး ဖြေရှင်းသည့် နည်းလမ်းကတော့ ခိုးဝင်လာတဲ့ ဘဂါင်္လီတွေကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိဖို့နဲ့ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန်ဆိုပြီးလည်း အတိအ လင်းပြောခဲ့တယ် ။ သမ္မတကြီးက ဆက်လက်ပြီး တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေး မည်ဖြစ်ကြောင်းပြောခဲ့တယ် ။ အဲဒီလို သမ္မတကြီးပြောပြီးလို့ မှမဆုံးခင် TTP က နေကြေငြာချက်ထွက်ပေါ် လာခဲ့တယ် ။ အဲဒီကြေငြာချက်ထဲမှာ -

၁ ။ ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ လုပ်ဆောင်မှုများအပေါ် လက်စားချေ တိုက်ခိုက်မှု များ ပြုလုပ် သွားမည်ဖြစ်ကြောင်းနှင့် ပါကစ္စတန် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံသံတမန်ရေးရာ ဆက်သွယ်မှုများကိုလည်း ဖြတ်တောက်သွားရန်ကိုလည်း ဖိအားပေး တောင်းဆိုထားသည့်အချက်များ

၂ ။ ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာသံရုံးကိုလည်း ပိတ်ပစ်ရန်

၃ ။ TTP အဖွဲ့မှ Ehsanullah Ehsan က ''ကျွန်တော်တို့ ပြန်လည်လက်တုံ့ပြန်သွားပါမယ်၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွား မှန်သမျှကို ဖျက်ဆီးသွားမှာဖြစ်သလို မြန်မာနိုင်ငံအပေါ် လိုလားသူတွေကိုလည်း ဆန့်ကျင်တိုက် ခိုက်သွားပါမယ်''ဟုပြောကြားခြင်း ။ စတာတွေပါဝင်ပါတယ် ။ ဒါ့အပြင်TTP အဖွဲ့မှ Ehsanullah Ehsan က ''ကျွန်တော်တို့ ပြန်လည်လက်တုံ့ပြန်သွားပါမယ်၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားမှန်သမျှကို ဖျက်ဆီးသွားမှာဖြစ် သလို မြန် မာနိုင်ငံ အပေါ် လိုလားသူတွေကိုလည်း ဆန့်ကျင်တိုက်ခိုက်သွားပါမယ်''ဟုပြောကြား စတာတွေ လည်းပါ ၀င်ပါတယ် ။ ကမ္ဘာ့အကြီးဆုံး အစ္စလာမ်အဖွဲ့ဖြစ်တဲ့ Organization of Islamic Cooperation - OIC ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu ဆိုသူကလည်း သမ္မထံကို “ မြန်မာနိုင်ငံအတွင်း အစ္စလာမ် ဘာသာဝင်များအပေါ် အကြမ်းဖက်မှု ရပ်တန့်ပေး ရန် ” ဆိုတဲ့စာပေးပို့တိုက်တွန်းခဲ့တယ်လို့ သတင်း တစ်ခုမှာ ဖော်ပြထားတယ် ။

စည်းလုံးညီညွှတ်ကြတဲ့ အစ္စလာမ် များ နှင့် အားနာတတ်သော တို့ မြန်မာ
+++++++++++++++++++++++++++++++++++

ဒီခေါင်းစဉ်တပ်ရတာ ကိုယ်ပေါင်ကိုယ်လှန်ထောင်းရသလိုဖြစ်နေခဲ့တယ် ။ သနားလို့ အားနာလို့ ကျွန်တော်တို့ ဟာ စိတ်ဓါတ်တွေကလည်း နဂိုကတည်းက သနားစိတ်အရင်းခံ ခပ်ပျော့ပျော့များ ရှိတဲ့နည်းတူ ကဲကဲ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ချစ်ခင်ရင်းနှီးစွာ နေကြရယ်လို့ ဆိုပြီး မြန်မာနိုင်ငံ အတွင်းနေထိုင် ခွင့်ပေးခဲ့ကြရာ ကအစ တစတစ လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်က သတိထားမိလောက် တဲ့အချိန်မှာ ဆေးမှ မှီပါ့မလားဆိုပြီး ကိုယ့် အနာကို ကိုယ်ပြန်ကြည့်ရသလိုဖြစ်နေခဲ့တယ် ။ ဒီလို တာလီဘန်တွေ ရဲ့ခြိမ်းခြောက်မှုဟာ အစ္စလာမ် ဘာသာ ၀င်တွေရဲ့စည်းလုံးမှု အပေါ် ပြသရာ လည်းရောက်ပြီး ငါတို့ ခြောက်လိုက်ရင်တော့ မြန်မာအစိုးရအနေနဲ့ ဘဂါင်္လီတွေကို တစ်ခုခုတော့စီစဉ်ပေး မှာ ပဲဆိုပြီးတွေးထားပုံလည်းပေါ်ပါတယ် ။

ခြိမ်းခြောက်တာကို မကြောက်ပေ မယ့် လည်း ပြင်ဆင်စရာရှိတာတွေကို တော့ ပြင်ဆင်ထားရ မယ်မဟုတ်လား ။ အားနာတတ် လွန်း လို့ ကိုယ့် တဲထဲပေးဝင်ရာက တဲထဲကပိုင်ရှင်ပါ အပြင်ထွက်ပေးလိုက်ရတဲ့ပုံပြင်လို အခုတော့ ကိုယ့်မြေကိုယ့်ရေ ထဲနေပြီး ကိုယ့်တိုင်းရင်းသာေးတွက မသင့်မမြတ်ဖြစ်ရာကစ လို့ မငြိမ်းသော မီးတွေတောက်လောင်နေကြရပြီ ။ တကယ်ဆိုရင် ဧည့်သည်ဆိုတာ အိမ်ရှင်ရဲ့အရိပ်အကဲ ကို တောင် ကြည့်ပြီး နေတတ် ထိုင်တတ်နေ ရမယ်မဟုတ်လား ။ ဘယ်လို အိမ်ရှင်မျိုးကမှ ဧည့်သည်က ပြန်စော် ကားတာ မျိုးတော့လက်ခံမှာမဟုတ်ဘူး ။ တစ်ကမ္ဘာလုံးမှာလည်း အစွန်းရောက် အကြမ်းဖက် အစ္စလာမ် တာလီဘန်တွေရဲ့ ရိုင်းစိုင်းကြမ်းကြုတ်လို့ လူမဆန်စွာ သတ်ဖြတ်မှုတွေကိုလည်း စာမျက်နှာပေါင်းများစွာ ဓါတ်ပုံပေါင်းများစွာ ကျွန်တော်တို့ ကြည့်ခဲ့ကြပြီးဖြစ်တယ် ။

မြန်မာတွေအားလုံး ကျွန်တော်အပါအ၀င် ကိစ္စတစ်ခုကို လေးလေးနက်နက်ရေ ရှည်မတွေးပဲ ရေ တိုပဲကြည့် တတ်ကြတယ် ။ အခုလို ဖြစ်ခဲ့တာဟာလည်း အကြောင်းအချက်ပေါင်းများစွာရှိတယ် ။

၁ ။ ဘဂါင်္လီ - ရခိုင်အရေးအခင်းမှာ နိုင်ငံခြားပြည်ပ မီဒီယာတွေရဲ့ သတင်းမှားတင်ပြီး သွေးထိုးလှုံ့ဆော်မှု

၂ ။ လူမျိုးခြားစိမ့်ဝင်မှုကို လစ်လျှူရှုလို့ ကိုယ့်စီးပွား တစ်ခုတည်းသာကြည့်တတ်တဲ့ ခရိုနီတစ်စုရဲ့ အတ္တကြီးမှု

၃ ။ သဘောကောင်းလွန်းလို့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနေကြပါလို့ ရေရှည်မတွေးပဲ ဘာသာ ပါ ပျောက် ကွယ် ရလောက်အောင် သဘောကောင်းလွန်းတဲ့ မှားယွင်းမှုကြီး

၎ ။ အနီးအနားမှာရှိနေတဲ့ လူတွေကို ကိုယ့်လို စိတ်ဓါတ်မျိုးပဲရှိမှာပဲဆိုပြီး ပေါ့ပေါ့ဆဆတွေးထင်တတ်ကြလို့

၅ ။ တစ်ကမ္ဘာလုံးမှာ အစ္စလာမ်ဘာသာဝင်တစ်ယောက်ကို ထိရင်ဆတ်ဆတ်ထိမခံတတ်တဲ့ Organization of Islamic Cooperation-OIC ရဲ့ သွေးစည်းမှု ကို လျှော့တွက်ထားခြင်း

၆ ။ လုပ်ကြံဖန်တီးထားသော ဓါတ်ပုံပေါင်းများစွာဖြင့် အစ္စလာမ် တွေမြန်မာနိုင်ငံမှာ အသတ်ခံနေရပြီဆိုပြီး သတင်းမှားများအား အင်တာနက်စာမျက်နှာအနှံ့တွင်တင်လာခြင်း ။

၇ ။ နိုင်ငံရေးအတိုက်အခံ ပြည်ပရောက်အဖွဲ့အစည်းများက ဘဂါင်္လီများကိုရို ဟင်ဂျာအမည်ခံတိုင်းသား မျိုးနွယ်စု အဖြစ် သွတ်သွင်းရန် ပြည်ပ နိုင်ငံကြီးများအကူအညီယူ၍ ဖိအားပေးလာခြင်း ။

စတဲ့အချက်တွေဖြစ်တယ် ။

ဘာတွေပြင်ဆင်ထားသင့်တယ်လို့ထင်သလဲ

သူတို့ရဲ့ နည်းတွေက အကြမ်းဖက် တိုက်ခိုက်တဲ့နည်းတွေ ဖြစ်တဲ့နည်းတူ အသေခံဗုံးခွဲမယ် အသေခံ ဖောက် ခွဲမယ် စတဲ့ နည်းလမ်းတွေနဲ့အတူ ချောင်းမြှောင်းလုပ်ကြံမယ် ဆိုတဲ့ကိစ္စတွေလည်း ပါလာနိုင် တယ် ။ ဒီတော့ နိုင်ငံတော်ခေါင်းဆောင်ပိုင်းတွေရဲ့ Security ကို အထူးမြှင့်တင်ထားဖို့လိုသလို အရေးကြုံရင် ကာကွယ်ပေး မယ့် ပြည်သူ့တပ်မတော်ကိုလည်း အရည်အသွေးပြည့်မီအောင် လိုအပ်တာနဲ့ အဆင်သင့် အင် တိုက် အားတိုက် ဖြိုခွဲနိုင်အောင် ပြုလုပ်ရပါမယ် ။ ရေတပ် အင်အားကို အများကြီးတိုချဲ့ဖို့ လိုတယ်လို့မြင်မိသလို တခြားကြည်းတပ်နဲ့ လေတပ်ကိုလည်း အင်အားတွေထပ်ဖြည့်ထားလို့ လိုအပ်တယ် ။

ပြည်တွင်းမှာလည်း လျှို့ဝှက် သတင်းစုံစမ်းရေးတွေဖွဲ့ထားသင့်ပြီး သူတို့ရဲ့ခြေလှမ်းတွေကို ကိုယ်က ဦးအောင်ထောက် လှမ်းနိုင်ဖို့ လိုတယ် ။ ဘယ်သူတွေက အဆက်အသွယ်တွေလုပ်လို့ ဘာတွေကြံစည်နေကြတယ်ဆိုတာ ပြည်သူနဲ့ စစ်သား ၊ ၇ဲ ၊ လုံခြုံရေး ၊ မီးသတ် ၊ ဆက်သွယ်ရေး ကစလို့ အကုန်လုံးပူးပေါင်းဆောင်ရွက်ဖို့လိုတယ် ။ အခုကိစ္စ ကတော့ခြိမ်းခြောက်စာ သဘောမျိုးဖြစ်တဲ့အပြင် သွေးတိုးစမ်းတဲ့သဘောမျိုးလည်းဖြစ်နိုင်တယ် ။ တကယ် သူတို့ မကြံစည်ဘူးလို့လည်းမပြောနိုင်ဘူး ။ ကိုယ့်က ကာကွယ်ထားခြင်းသည်ဟာအ ထိရောက်ဆုံးမဟုတ်ပါလား ။

လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်ဆိုးကြီး
================

တကယ့်ကို အခြေအနေက Alert !!! ဆိုသလိုပါပဲ ။ အရင်ဆောင်းပါးတွေထဲမှာ ရေးခဲ့သလိုပါပဲ တကယ့်စီးပွားရေး လုပ်ငန်းကြီးတွေ ၊ ကုမ္မဏီကြီးတွေနဲ့ ထိပ်သီးနေရာတွေထိအောင် လူမျိုးခြားတွေ စိမ့်ဝင် ပျံ့နှံ့နေ ကြတယ် ။ အဲဒါကိုလည်း ကျွန်တော်တို့ မြန်မာစစ်စစ်တွေက မဟာဂရုဏာတွေထားလို့ သာယာနေကြ တုန်း ။ အခုတော့ ကမ္ဘာ့အဆိုးဝါးဆုံး အကြမ်းဖက်အဖွဲ့ကြီးရဲ့ခြိမ်းခြောက်မှုကိုခံနေကြရပြီ ။ သွေးမ နည်းပေမယ့် စစ်ဆိုတာ မဖြစ်ရင်အကောင်းဆုံးပဲ ။ ဘယ်သူကမှ သာသနာတော် ထွန်းကားတဲ့ မြန်မာပြည် ထဲ သွေးမြေ ကျ တာမြင်ချင်ကြမယ်မထင်ဘူး ။ ဒါပေမယ့်လည်း ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ ဘယ်သူ ကမှ အတိ အကျ မပြောနိုင်သေးဘူး ။ တချို့ကလည်း ဒီသတင်းကြားတာတောင် အေးအေးလူလူ ရှိနေတဲ့သူတွေရှိသလို ဒီသတင်းကို ဘယ်လောက်ထိ အရေးကြီးပြီး အန္တရာယ်ရှိတဲ့သတင်းမှန်းလည်း သိတဲ့သူတွေလည်းရှိကြမှာပါ ။ ရခိုင်ပြည်နယ်ဖက်မှာ လူမျိုးခြားတွေစိမ့်ဝင်နေခဲ့တာ မနေ့တစ်နေ့ကမှမဟုတ် ပါဘူး ။ ဆယ်စုနှစ်ပေါင်း များစွာကြာခဲ့ပါပြီ ။ ရခိုင်တင်ပဲလား မဟုတ်သေးဘူး ရန်ကုန်လို မြို့ကြီးတွေ ရဲ့ နေရာတွေ လမ်းတွေ အဆောက် အအုံတွေပေါ်မှာ လည်း လူမျိုးခြားတွေအများကြီး နောက်မန္တလေး လို မြို့ကြီးမှာလည်း လူမျိုးခြားတွေအများကြီး တချို့ဆို ဒီနေရာဟာ မြန်မာနိုင်ငံထဲက နေရာဟုတ်ရဲ့လားလို့ ထင်မိအောင်ကိုယ့်မြန်မာ လူမျိုးတွေပျောက် ကွယ်လို့ လူမျိုးခြားတွေစိမ့်ဝင်နေခဲ့တယ် ။

ကျွန်တော်တို့ ယုံကြည်သက်ဝင်သော ဗုဒ္ဓဘာသာ
======================

ဗုဒ္ဓဘာသာရဲ့ အဆုံးအမဖြစ်တဲ့ အလယ်အလတ်လမ်းစဉ်ဆိုတာကိုတော့ ကျွန်တော်လည်းလက်ခံ ယုံကြည်ပါတယ် ။ ကိုယ်ကိုယ်တိုင်က ဗုဒ္ဓဘာသာယုံကြည်သက်ဝင်သူဖြစ်တဲ့နည်းတူ မြတ်စွာဘုရားဟောထားတဲ့ တရားတော်တွေကိုလည်း ယုံကြည်လေးစားကိုးကွယ်ပါတယ် ။ သို့သော် မြတ်စွာဘုရားရှင်လက် ထက်တုန်း က ပေါ်ခဲ့တဲ့ေ၀၀ဒတ် ထက်စာရင် အခုခေတ် တာလီဘန်တွေ ပိုပြီး ရိုင်းစိုင်းယုတ်မာကြတယ်ဆိုတာ တစ်ကမ္ဘာလုံးအ သိဖြစ်တယ် ။

အခုလို ခြိမ်းခြောက်စာရေးတာကလည်းကောင်း တဲ့အလားအလာတစ် ခုတော့မ ဟုတ် ဘူး ။ ကြိုတင်ပြီး မြန်မာနိုင်ငံ အနေနဲ့ပြင်ဆင်ထားလို့ တပ်လှန့်လိုက်တယ်လို့လည်းမြင်မိတယ် ။ အေးချမ်းစွာ နေ ထိုင်တဲ့ ငြိမ်းချမ်းရေးကိုသာ ရှေးရှုတဲ့ မြန်မာနိုင်ငံဟာ တဖြည်းဖြည်း အချိန်ကြာလာတာနဲ့အမျှ လူမျိုးခြားတွေရဲ့စိမ့်ဝင်မှုအန္တရာယ်ရဲ့ ၀ါးမြိုမှုကို စတင်ခံစားနေရတယ် ။ ဒါတွေကို အကောင်းဆုံးဖြေရှင်းဖို့ ဆိုရင်တော့ အရင်ဆုံး လူဝင်မှုကြီးကြပ်ရေးကစလို့ သန်းခေါင်စာရင်း ၊ လူဦးရေစာရင်း ၊ မှတ်ပုံတင် နဲ့တကွ တစ်ပြည်လုံးကို စာရင်းအတိအကျပြုစုလို့ ဟာကွက်မရှိအောင်လုပ်ဆောင်သင့်တယ်လို့မြင်မိတယ် ။

သံဃာတော်တွေ ၊ တရားဒေသနာတော်တွေနဲ့ ဆိတ်ငြိမ်အေးချမ်းတဲ့ မြန်မာပြည်ကို သွေးမြေကျအောင် မလုပ်ကြဖို့ ဆုတောင်းနေမိတယ် ။ အကယ်၍ ဆုတောင်းမပြည့်ခဲ့လို့ ခြိမ်းခြောက်စာထဲကအတိုင်း တာလီ ဘန်တွေ က မြန်မာနိုင်ငံကို ရန်မူဖို့ကြိုးစားလာခဲ့ရင်လည်း တပ်မတော်နဲ့ပြည်သူ လက်တွဲလို့ အကောင်း ဆုံး ကာကွယ် ကာ အမျိုး ၊ ဘာသာ ၊ သာသနာကို စောင့်ရှောက်ကြမယ်လို့ ယုံကြည်ရင်း အဆုံးသတ် လိုက်ပါတယ် ။


သက်တန့်ချို

5 comments:

  1. အရင်ကစ္စတွေကို ခုချိန်မှာ ပြန်ပြောနေတာ ဘာသဘော ပါလိမ့်။

    ReplyDelete
  2. အားလုံးမေ့နေကြမှာစိုးလို. သတိပေးချင်ပါတယ်….by Ukaythara Sayardaw
    By Ukaythara Sayardaw
    Image
    အားလုံးမေ့နေကြမှာစိုးလို. သတိပေးချင်ပါတယ်…..

    ( ၁ ) ဘာသာခြားကို သတ်ရင်လဲ ပါဏာတိပါတာ ကံထိုက်ပါတယ်…
    ဘာသာခြင်းမတူလို.ဆိုပြီး အကုသိုလ်က ခွင့်မလွှတ်ပါဘူး….

    သူများအသိုက်အမြုံကို ဖျက်ရင် အကုသိုလ် ဖြစ်ပါတယ်…ဘာသာမတူတဲ့လူတွေ ရဲ.အသိုက်အမြုံ မို.လို. ဆိုပြီး ကင်းလွတ်ခွင့်ပေးမထားပါဘူး…….

    ( ၂ ) ဗုဒ္ဓဘာသာကို စောင့်ရှောက်ဖို.အတွက် သူတပါးအသက်ကို သတ်ခွင့်၊ သူတပါး အကျိုးစီးပွားကို ဖျက်ဆီး ခွင့် ရှိတယ်လို. ဗုဒ္ဓတရားတော်မှာ ဟောကြားမထားပါဘူး…..

    ( ၃ ) ဗုဒ္ဓမြတ်စွာ ဘုရားရှင် ဟာ ရန်အပေါင်း ကို မေတ္တာဓါတ်နဲ. အောင်နိုင်တော်မူ ခဲ့တာပါ…
    နာနာဂီရိဆင် ကို မြှားနဲ.ပစ်ပြီး အောင်နိုင်ခဲ့တာမဟုတ်ပါဘူး…..
    မာရ်နတ်ကို ရဟန်းသံဃာ အင်အားစု နဲ. တိုက်ပြီးအောင်နိုင်ခဲ့တာမဟုတ်ပါဘူး….
    ကြီးမားတဲ့ မေတ္တာတရား နဲ. အောင်နိုင်ခဲ့တာပါ…….

    ( ၄ )ရောင်းမှားဝယ်မှားကိစ္စမှာ မတရားဘူးထင်ရင် တရားဥပဒေအရဖြစ်အောင် ၀ိုင်းဝန်းကြိုးစား ကြဖို.ပဲ ရှိပါတယ်….

    မျက်လုံးတစ်ဖက် အတွက် မျက်လုံးတစ်ဖက် ပြန်ပေးကြေး ဆိုတဲ့ ဥပဒေသ အတိုင်း ကျင့်သုံးကြမယ် ဆိုရင်ဖြင့် ကမ္ဘာပေါ်မှာ လူတစ်ယောက်မှ မကျန်မှ အဆုံးသတ်ပါလိမ့်မယ်……

    ( ၅ ) ခုတော့ဖြင့်….ဗုဒ္ဓဘာသာ ကို ကာကွယ်ဖို.တဲ့ ပါဏာတိပါတာ ကံ ကို တက်တက်ကြွကြွကျူးလွန်နေကြတာ…

    မေတ္တာတရား နဲ.အောင်မြင်တော်မူခဲ့တဲ့ ဗုဒ္ဓဘုရားရှင် ရဲ.အဆုံးအမ ကို နာယူပြီး ဒေါသမီးတွေ ဟုန်းဟုန်းတောက်ပြနေကြတာ……….ဗုဒ္ဓဘာသာ ကို ကာကွယ်နေတာလား…..နာမည်ဖျက်နေကြတာလား..

    ခဏလောက် စိတ်ငြိမ်ငြိမ်ထားပြီး စဉ်းစားကြပါဦး….

    ( ၆ )ကိုယ်ကိုယ်တိုင် ၀င်မသတ်ဘူး ၊ ၀င်မဖျက်ဘူးဆိုရင်တောင်…သတ်နေ ဖျက်နေကြတဲ့သူတွေ ကို အားပေးအားမြှောက်ပြုရာ ရောက်တဲ့ အပြုအမူအပြောအဆိုတွေ ကို မလုပ်မိဖို. ဆင်ခြင်သင့်ပါတယ်…
    အကုသိုလ်ထဲ အမှုတွဲပါသွားမှာ စိုးလို.ပါ…..

    ( ၇ ) မေ့မသွားအောင် ထပ်ပြီးပြောချင်ပါတယ်..
    ဘာသာခြားကိုသတ်ရင်လဲ ပါဏာတိပါတာကံထိုက်ပါတယ်
    ဘာသာတူတူ မတူတူ သူများအသိုက်အမြုံကိုဖျက်ရင် အကုသိုလ်ဖြစ်ပါတယ်….

    ( ၈ )ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားတဲ့ တရားဟာ ဓမ္မတရား ဖြစ်ပါတယ်…အဓမ္မတရားမဟုတ်ပါဘူး ခင်ဗျား…

    ( ၉ )မေတ္တာအစွမ်း၊ကမ္ဘာလွှမ်း ၊ ငြိမ်းချမ်းကြပါစေ

    By Ukaythara Sayardaw

    ReplyDelete
    Replies
    1. ဥူးကေသရ လည်ပင်းကုလားလာ လှီးတဲ့အခါ နားလည်သွားပါလိမ့်မယ်

      Delete
  3. Myanmar Muslims’ request to President U Thein Sein and Chief of Staff Deputy Sr General Min Aung Hlaing

    Myanmar Muslims’ request to President U Thein Sein and Chief of Staff Deputy Sr General Min Aung Hlaing

    Dear Respected leaders of Myanmar,

    Please kindly allow us to request few things for the recent IDPs or the Internally Displaced Myanmar Muslims.

    Please kindly take note of the Bangladesh PM Sheikh Hasina’s noble and benevolent speech after 2012 Anti-Buddhist violence which I would not like to go into detail.

    Please kindly allow the Muslim IDPs of Meiktila to resettle back to their original places within one week with the enough security from armed military escorts and security. Actually many Muslims there are the descendents of the original Prisoners of War brought in by Myanmar Kings few centuries ago and resettled there.

    Yesterday, one UN official who had worked in Myanmar came to me and assured unofficially that according to the UN’s present practice, they are willing to give aid at the doorstep of the IDPs who are resettled back at their own residences.

    With the combined help of the Myanmar authorities, UN, Internal donors, aid from Foreign NGO and Internal NGOs, those IDPs could be rehabilitated quickly and would be fewer burdens on Myanmar authorities.

    Last of all, all the damaged religious buildings should be allowed to repair, rebuild and allowed to restart the religious services without any hindrances from local and central government.

    ReplyDelete
  4. အဲဒါဆို
    အမေရိကန်နဲ့မြန်မာပိုပူးပေါင်းသွားမှာပေါ့
    ဒီလိုဆိုတရုတ်ကြီးကဘယ်လက်ခံနိုင်မလဲ
    သူ့နိုင်ငံလုံခြုံရေးပါအန္တရာယ်ရှိသွားပြီ
    မကြောက်ပါနဲ့
    မြန်မာဆိုတာစစ်သွေးစစ်မာန်ရှိပါတယ်ဗျာ
    တရုတ်ကြီးသူ့ဘာသာကြည့်လုပ်သွားပါလိမ့်မယ်

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်