ဟန်ဝင်းအောင်သည် ရန်ကုန်မြို့တွင်း
မီးပျက်မှုများ ဆန္ဒပြရာတွင် ဖယောင်းတိုင် ထွန်းဆန္ဒပြသူများတွင်
ပိုမိုလုပ်ကိုင်လာခဲ့သည်။ ထို့နောက် နော်အုန်းလှတို့နှင့် အပေါင်းအပါ သည်ဟု
သိရှိရပါသည်။ ဖယောင်းတိုင် ဆန္ဒပြပွဲတွင် သွားရောက်ညှိနှိုင်း စကားပြောသော
ရဲအရာရှိကို မခြေမငံဖြင့် ပြောဆိုခဲ့ခြင်းတို့ကြောင့် သတိပေးခံရဖုးသည်။
ထို့အပြင် ရန်ကုန်မြို့တွင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဆန္ဒပြမှုများတွင်လည်း ၀င်ရောက်ခဲ့ဖူးသည်။ ဆန္ဒပြ သည် ဆိုရာတွင် မိမိပြလိုသည်ထက် ထိုဆန္ဒပြမှုများ တာဝန်ရှိသူများမှ အကြမ်းဖက်ဖြိုခွင်းသည်ကို ပုံဖော် လိုသူဖြစ်သည်။
လက်ပံတောင်းတောင် အရေးအခင်း ဖြစ်ပေါ်ပြီးနောက် ကော်မရှင်ဖွဲ့ပြီးသည်မှ
စတင်ကာ လက်ပံတောင်း သပိတ်စခန်း မဖျက်သိမ်းရန် ထိုဒေသသို့ သွားရောက်ခါ
ဒေသခံများကို သွေးထိုးသည်ဟု ပြောဆို သည်များ ကိုလည်း ကြားသိခဲ့ဘူးသည်။ထို့အပြင် ရန်ကုန်မြို့တွင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဆန္ဒပြမှုများတွင်လည်း ၀င်ရောက်ခဲ့ဖူးသည်။ ဆန္ဒပြ သည် ဆိုရာတွင် မိမိပြလိုသည်ထက် ထိုဆန္ဒပြမှုများ တာဝန်ရှိသူများမှ အကြမ်းဖက်ဖြိုခွင်းသည်ကို ပုံဖော် လိုသူဖြစ်သည်။
ဟန်ဝင်းအောင်သည် နော်အုံးလှတို့နှင့် အဆက်အသွယ်ရှိသည့်အလျောက် ကော်မရှင်၏ အစီရင်ခံစာ ထွက်ရှိမှု မတိုင်ခင်ကပင် ကော်မရှင်အစီရင်ခံစာကို လက်မခံပဲ ဆန္ဒပြရန် ကြိုတင်ကြံစည်ထားကာ နော်အုန်းလှ တို့အား ဆန္ဒပြခွင့် လျှောက်ထားခိုင်းခဲ့သည်။ ထို့နောက် ကော်မရှင် အစီရင်ခံစာ ထွက်ရှိပြီးချိန်တွင် အချိန်ကိုက် လက်ပံတောင်းတောင် နှင့် ရန်ကုန်မြို့လည်အတွင်း တပြိုင်နက်တည်း ပြသည်ဟု သံသယရှိကြပါသည်။
နိဂုံချုပ်ဆိုရသော် ဟန်ဝင်းအောင်သည် အမှန်တကယ် လက်ပံတောင်းတောင် ပြည်သူများဖက်မှ ရပ်တည် သူဖြစ်သည်ဆိုသည်ထက် လတ်တလော ဖြစ်ပျက်နေသော မြန်မာနိုင်ငံရေးအခြေအနေကို အခွင့်ကောင်းယူကာ ဆူပူဆန္ဒပြမှု များ ဖန်တီးနေသည့် အဖွဲ့ဝင်ဖြစ်နိုင်သည်ဟု ကောက်ချက်ချနိုင်ပါသည်။
ထပ်မံဖြည့်စွက်ချက်၊ ဟန်ဝင်းအောင်ဆိုတာ ABFSU ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂဆိုတဲ့ အဖွဲ့ထဲ မှာ ကျော်ကိုကိုတို့ ဦးဆောင်သူတွေထဲမှာ ပါဝင်ပါတယ်။ ကျောင်းသားသမဂအနေနဲ့ ရပ်တည်လို့ မရတာ လား၊ ကျောင်းသားအမည်ခံ သမဂကိုပဲ ခုတုံးလုပ်တာလားတော့ မသိပါဘူး။
၁၉၉၄ ခုနှစ်က သမဂ ပြန်လုပ်မယ်လို့ ဆိုတာကြောင့် ထောင်၇ နှစ်ကျပါတယ်။ ၂၀၀၃ မှာ စာရွက်ဖြန့်ဝေ မှုနဲ့ နောက်ထပ် ပြန်လည်အဖမ်းခံရပြီး ၂၀၁၀ ဒီဇင်ဘာမှာ ပြန်လည်လွပ်လာပါတယ်။ အဲဒီနောက် ကျောင်းသား ယူဂျီအမည်ခံ ကွန်မြုနစ် အောင်မင်းကို ထောင်မှလွတ်မြောက်ရန် ကြိုးစားပါတယ်။ ဟန်ဝင်းအောင်က ကွန်မြူနစ်တွေ ရဲ့ သွေးထိုးမှုတွေလား၊ ပြည်ပက မိုးသီးဇွန်တို့ မြောက်ပေးမှုတွေလားဆိုတာ မကွဲပြားသေးပါဘူး ။ သေချာတာကတော့ ဟန်ဝင်းအောင်က အထောက်အပံတွေကြောင့် ဆန္ဒပြနေတာပါပဲ။
original owner : irrawaddy
Credit to original comment owner.
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်