Pages

Friday 15 March 2013

ဂဠုန်စောလက်သစ် ဟန်ဝင်းအောင်မှ ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်ရှင်းတော့မယ်ဟု ခြိမ်းခြောက်


 
လက်ပံတောင်းကြေးနီစီမံကိန်းဒေသသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်စဉ် ကာလအတွင်း (၁၄.၃.၂၀၁၃)နေ့တွင် ဆည်တည်းကျေးရွာ သို့လည်း ရောက်ရှိခဲ့သည်။ အဆိုပါရွာသို့ ၀င်ရောက် သည့်အခါ တွင် ဟန်ဝင်းအောင်ခေါင်းဆောင်သော ရန်ကုန်လူမှုအကျိုးဆောင် ကွန်ယက်အဖွဲ့ မှ ဒေါ်အောင်ဆန်းစုကြည်နှင့် လုံခြုံရေး ၅ ယောက်သာ ၀င်ရောက်ခွင့်ပြု မည်ဟု ဆိုခဲ့သည်။

ဆည်တည်းကျေးရွာထဲသို့ ရောက်ရှိသည့်အခါတွင် ခင်ဗျားတို့အကုန်လုံးကို သွေးစွန်းတော့မယ်၊ အပြတ်ရှင်းတော့မယ်ဟု ခြိမ်းခြောက်ခံခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအား အနီးကပ် စောင့်ရှောက်လိုက်ပါခဲ့သူ အဆိုတော်လင်းလင်းက သူ၏ဖေ့ဘုတ်စာမျက်နှာတွင် ယခုလိုရေးသား ခဲ့သည်။

"ဆည်တည်း ရွာတွင် အမေနဲ့  လုံခြုံရေး ၅ ယောက်ဘဲ ခွင့်ပြု မယ်ဟုပြောသောကြောင့် ကျွန်တော်ရယ် လုံခြုံရေးအဖွဲ့ မှ ကိုဆန်နီ၊ကိုဘန်နီ၊ကိုမောင်မောင်ဦး၊ ကိုစိုးဝင်း တို့ အမေ နဲ့  အတူဝင်ရောက်သွားရာတွင် ရွာသူတဦးရုတ်တရက် သေဆုံး ပြီဟု ဆိုကာ အမေနှင့် လုံခြုံရေး အဖွဲ့ အား လွယ်အိတ်ထဲမှ ဓားတိုများကိုင်ပြီး လူစု၍ ခင်များတို့ အကုန်လုံးကို သွေးစွန်း တော့မယ်၊ အပြတ်ရှင်းတော့မယ် ဟုကျွန်တော့်အနား ကပ်လာ ပြီးခြိမ်းခြောက်သူ၊ Internet ပေါ်တွင်ပျံ့ နှံ့ နေသည့်

သွေးထိုး လှုံ့ ဆော်သူ သံသယဖြစ်ဖွယ် လူစာရင်းထဲမှ နာမည်ကြီး ခေါင်းဆောင် တဦး၏ အစွယ်အပွားတဦးပါ" ဟု ရေးသားထားသည်။

အဆိုပါဟန်ဝင်းအောင်၊ ဘထူးတို့သည် လက်ပံတောင်းသပိတ် စခန်း ဖွင့်လှစ်ခြင်းနှင့် ဆန္ဒပြမှုများ၏ နောက်ကွယ်ကြိုးကိုင်သူအဖြစ် လက်ရှိ အချိန်တွင် နာမည်ကြီးလျက်ရှိပြီး သပိတ်စခန်းအား မီးခိုးဗုံးများဖြင့် ဖြိုခွင်းခံ ရသည့်အချိန်တုန်းက ထွက်ပြေးတိမ်းရှောင်ခဲ့သူများဖြစ်သည်။

စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာထွက်မည့်နေ့တွင် လက်ပံတောင်းဒေသသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ကော်မရှင်၏ အစီရင်ခံစား ကန့်ကွက်ရန်၊ စီမံကိန်းရပ်တန့်ရန် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်လာစေရန် ဦးဆောင်လှုပ်ရှားခဲ့သူများ ဖြစ်သည်။


ThanLarWaddy Times

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်