"မိတ်ဆွေများအား လုံး မင်္ဂလာပါ။ ကျွန်တော် အတွက် စိုးရိမ်ပေးကြသော မိတ်ဆွေများ ကျွန်တော် မနေ့ညက ဘုန်းကြီးကျောင်းမှာ အိပ်စက်လိုက်ရပါတယ်။နေ့လည်စာ ထမင်းငတ် ညစာထမင်းပဲလှော်ကြော် နဲ့ပဲ ငြားခဲ့ရပါတယ်။အားလုံး ပဲ ကျန်းမာချမ်းသာကြပါစေဗျ။
မိတ္ထီလာမြို့ ၏ လက်ရှိအခြေနေမှာ 21 ရက်နေ့တစ်နေ့တည်းအတွင်းတွင် လူဦးရေ 50 နှင့်အ ထက် အသေအပျောက်ရှိပြီး အစ္စလာမ်ဘာဘာဝင်များ နှင့် ဗုဒ္ဒဘာသာဝင်များအကြား နယ်မြေအ ကန့်အသတ်ဖြစ်ကာ နေထိုင်လျက်ရှိကြပြီး အပြန်အလှန်မီးရှို့မှုများကြောင့်
မီးလောင်ပျက်မှုများတွင် မြို့ပေါ်ရှိ အစ္စလာမ်ဘာသာ ဘုရားကျောင်းများ ပျက်ဆီးပြီး မြို့နယ်ပညာ ရေးမှူး ရုံးလည်း မီးသင့်သည့်ထဲတွင် ပါဝင်သွားခဲ့သည်။ ညပိုင်းအချိန်တွင်ရပ်ကွက် အလိုက် လူငယ်များ မှ အ၀င်အထွက်ပေါက်များတွင် ကင်းစောင့်ပြီး အိပ်စက်ကြရကြောင်းသိရသည်။
21 ရက်နေ့ညပိုင်းအချိန်တွင် ထရတ်ကားများဖြ့င့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အစ္စလာမ်ဘာသာ ၀င်များအား သယ်ဆောင်ကာ နီးစပ်ရာမြို့များသို့ ပို့ဆောင်ပေးနေကြကြောင်း သိရသည်။
ယနေ့ 22 ရက်နေ့ နံနက်ပိုင်းအချိန်တွင်းလည်း ပြဿနာ များစတင်ဖြစ်ပွားနေပြီး လူ သုံးဦးခန့် သေဆုံးသွားကြောင်းသိရသည်။
အစ္စလာမ်ဘာသာဝင်များမှ မီးရှို့ရာတွင်မိမိတို့နေထိုင်ရာ နေရာများကိုပင် ပြန်လည် မီးရှို့နေကြ ကြောင်းသိရသည်။
မိတ္ထီလာမြိ့၏ တယ်လီဖုန်း ဆက်သွယ်ရေးအခြေအနေမှာလည်း အတော်ပင် ဆိုးရွားနေကြောင်းပါ။"
မေတ္တာရပ်ခံချက်- သတင်းထောက်နာမည်နဲ့ သူတင်ထားတဲ့ ဓာတ်ပုံတွေကိုမမျှဝေတော့ပါ။ ကာယကံရှင်အတွက် အန္တရယ်ဖြစ်စေမှာဆိုးလို့ရယ် နောက် ဓာတ်ပုံတွေကို မသမာသူတွေက ပြုပြင်ပြီး သတင်းအမှားတွေ တင်မှာဆိုးလို့ပါ။
NOM
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်