မြန်မာတွေ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းသိဖို့ ဒီလိုတွေရှိနေသေးပါတယ်
ပြောပြပါဦးအကိုကြီးရယ်.. နိုင်ငံခေါင်းဆောင်တွေနဲ့.နိုင်ငံရေးလုပ်နေသူတွေသိအောင်..........
ပြောပြပါဦးအကိုကြီးရယ်..
ကျွန်တော်တို့ မြန်မာဗုဒ္ဓဘာသာတွေဟာ လူ့အခွင့်အရေးကိုမြတ်နိုးပြီး၊လူသားချင်းစာနာ
ထောက်ထားတတ်ကြောင်းနဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်ကိုလေးစားကြောင်း

ကမ္ဘာက သိအောင်...................
ပြောပြပါဦး အကိုကြီးရယ် အကြမ်းဖက် တိုက်ခိုက်ပြီး ဘာသာရေးကို စစ်ရေးနဲ့ ချဲ့ထွင်နေတာကို
နိုင်ငံတော်တော်များခံနေပြီ။ ဒီလူဦးရေ တိုးပွါးနှုန်းနဲ့ဆိုရင် မြန်မာကို မြိုသွားမှာ ဖြစ်တဲ့အကြောင်း၊ မြန်မာ မှာ ရခိုင်က သက်သေပဲ ဆိုတာကို အာရတ် မွတ်ဆလင်ကမ္ဘာနဲ့ မြန်မာနိုင်ငံက ကြားရအောင်...
ကိုမင်းကိုနိုင်အရေးတကြီးဖတ်ဖို့
အကိုဒီအချိန်ဟာသတိကြီးကြီးနဲ့စကားပြောရမယ့်အချိန်ပါ။အခုဖြစ် နေတဲ့မိတ္ထိလာပြဿနာမှာရာဇဝတ်မှု
ဆိုတာလောက်နဲ့လုံလောက်မယ်မထင်ပါဘူး။ဒီပြဿနာမှာဘေးကလှုံ့ဆော်မှုဆိုတာကိုတစ်ဖက်ကစဉ်းစား
သလိုကိုယ့်လူမျိုးမဟုတ်တဲ့အတူနေဧည့်သည်တွေနဲ့ဒေသခံ နိုင်ငံသားတွေရဲ့ ကြားမှာနှစ်ပေါင်းများစွာကပဲ အခြေတည်လာခဲ့တဲ့စိတ်ခံစားမှုတွေနဲ့ သူတို့ရဲ့ ဘာသာရေးခံယူချက်တွေအကျင့်စရိုက်တွေ အားလုံး ကိုထည့် သွင်းစဉ်းစားရမှာဖြစ်ပါတယ်။
မွတ်ဆလင်တွေနဲ့ပတ်သက်လို့အော်စီဝန်ကြီးချုပ်ပြောခဲ့တဲ့စကားလည်းအကိုသိပြီသားပါ။ဂျပန်အခြေခံ
မွတ်ဆလင်တွေနဲ့ပတ်သက်လို့အော်စီဝန်ကြီးချုပ်ပြောခဲ့တဲ့စကားလည်းအကိုသိပြီသားပါ။ဂျပန်အခြေခံ
ဥပဒေကိုလည်းအကိုသိပြီးဖြစ်ပါလိမ့်မယ်။ သူတို့ဘာ့ကြောင့်အဲ့သလိုပြုမူဆောင်ရွက်ခဲ့ရတာလည်း။
သူတို့လည်းဒီမိုကရေစီနိုင်ငံတွေပဲမဟုတ်လား။ကျွန်တော်တို့နိုင်ငံမှာဘာသာမတူလို့ဆိုပြီးအခြား
သူတို့လည်းဒီမိုကရေစီနိုင်ငံတွေပဲမဟုတ်လား။ကျွန်တော်တို့နိုင်ငံမှာဘာသာမတူလို့ဆိုပြီးအခြား
ဘာသာဝင်တွေနဲ့ဘာဖြစ်ခဲ့ဖူးလဲ။ဥပဒေကိုကိုင်ပြီးပြောကြကြေးဆိုရင်ဒီနိုင်ငံမှာအမျိုးသားအကျိုးစီးပွား ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာဥပဒေတွေကိုအစိုးရကလည်းတိတိကျကျမဆောင်ရွက်သလို
အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့လည်းဆောင်ရွက်လာအောင်တိုက်တွန်းမှု
အားနည်းနေတဲ့အချင်းအရာတွေဟာဒီပြဿနာတွေဆက်တိုက်ဖြစ်နေရခြင်းရဲ့အဓိကအကြောင်းအရင်းပါပဲ။
ဒီနေ့ကမ္ဘာပေါ်မှာပြဿနာအများရှာနေတာဘယ်သူတွေပါလဲ။
ဒီလိုပဋိပက္ခတွေကြားမှာလူ့အခွင့်အရေးကိုဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမလဲ။အမျိုးသားအကျိုးစီးပွားနဲ့ယှဉ်လာရင် ဘယ်နိုင်ငံတွေကများလူ့အခွင့်အရေးကို အပြည့်အဝကျင့်သုံးခဲ့ကြလို့လဲ။
အကိုရေ
အရေးကြုံလာရင်သူတို့ရင်ထဲကျွန်တော်တို့ကို
ထည့်ထားနိုင်လိမ့်မယ်လို့အကိုယုံကြည်လား။
နိုင်ငံရေးသစ္စာဖြင့်
တက္ကသိုလ်မင်းခန့်
ရခိုင်တိုင်းရင်းသားကဗျာဆရာ
Minn Mon Poet

No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်