စတင်ဖြစ်တဲ့ နေရာကို သူအမြန်ဆုံး ရောက်အောင် သွားခဲ့တယ်။ သူတွေ့လိုက်တာက ၀ရုံးသုန်းကား ဒေါသ စိတ်တွေ ထိန်းမရ ဖြစ်နေတဲ့ လူတစ်အုပ်။ ၁၀၀ ကနေ ၂၀၀ တစ်ဖြည်းဖြည်း တိုးလာတာကို တွေ့ပေမယ့် စိတ် ထိန်းကြပါ ဆိုပြီး သူအော်တားခဲ့တယ်။
ဒုတ်တွေ၊ ဒါးတွေ ဆွဲ တစ်ဖွဲဖွဲ ရောက်လာတဲ့ လူအုပ်ကြားမှာ သူ့ရဲ့ မဖြစ်စလောက် အင်အား၊ လက်ပံတောင်းနဲ့ မအူပင် မလက်တိုက ပေးခဲ့တဲ့ မီဒီယာတွေရဲ့ ဖွချက်၊ ဒေသခံတွေရဲ့ ငြိုငြင်မှုနဲ့ အမုန်းတရားတွေ ဖြစ်လာနိုင် တဲ့ အခြေအနေ တွေကို သူတွေးပြီး တတ်နိုင်သမျှ တားဆီးနိုင်ဖို့ သူဘေးမှာ ရပ်နေခဲ့တယ်။
ဒါပေမယ့် သူဟာ ဘာသာရေး အကြမ်းဖက်မှုထက် တရားဥပဒေ စိုးမိုးရေးကို အကာအကွယ် ပေးရတဲ့ သူ ဖြစ်တယ်။ မလိုလားအပ်တာတွေ ဖြစ်မှာစိုးလို့ သူ့လူတွေကိုင်စွဲထားတဲ့ လက်နက်က လေးဂွတစ်လက်၊ တာဝန် ရှိတဲ့အတိုင်း ရှိတဲ့ လူအင်အားနဲ့ လမ်းထောင့်တွေမှာ ပိတ်ကာပြီး သူတားဆီးဖို့ ကြိုးစားခဲ့တယ်။ ထိန်းမရတဲ့ လူစုတွေက သူတို့ကို ဂရုမစိုက်သလို ဖြတ်ကျော်သွား တာတွေ တွေ့လိုက်ရတယ်။
ဆရာတော်နဲ့ ၈၈ တွေ ရောက်လာတာကို သူကြားတယ်။ ဒုတ်ဒါး ကိုင်နေတဲ့ သူတွေကို စစ်ဖိနပ် အကြောင်း ပြောပြီး ရန်ကုန်ကို ပြန်ပြေး၊ ထိုင်းက ကျောင်းသားလေးတွေကို ထမင်းကျွေးနေတယ် ကြားတော့ သူ ၈၈ တွေ ကို စိတ်နာမိတယ်။ ခံစားချက်ကို အသာထား ဒုက္ခရောက်နေတဲ့ လူအများကို ဌာနက ကားတွေပေါ်တင် ဘေး ကင်းရာတွေဆီ ရွေ့ပေးတယ်၊ ဒုတ်ဒါးကိုင် လူတွေကြားမှာ သူတို့နဲ့ ကာပြီး အန္တရာယ် ကင်းစေခဲ့တယ်။
၁ ရက်ကနေ ၂ ရက် ဆူပူမှုတွေ ဆက်လာတယ်.။ ဒုက္ခသည်တွေကို သူ့စခန်းတွေထဲ ခေါ်ထားတယ်။ ဘေးလွတ် ရာတွေကို ခေါ်ပြီး သူတို့ စောင့်ရှောက်ပေးတယ်။ သူရဲ့ ညီအစ်ကို အဖွဲ့တွေ ရောက်လာစေဖို့ သူဆုတောင်းရင်း ရင်နာနာနဲ့ ကြည့်နေခဲ့ရတယ်။
သူ ရင်နာတယ်။ အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်တဲ့ပွဲမှာ သူမပါခဲ့ရလို့..
သူ ရင်နာတယ်။ မင်းမဲ့စရိုက် အကြမ်းဖက်မှုတွေကို သူ မထိန်းသိမ်းနိုင်ခဲ့လို့…
သူရင်နာတယ်။ ကာကွယ်ရေး အသုံးစရိတ်တွေ ဖြတ်တောက်ပြီး သူတို့ကို ပြည့်စုံစွာ မဖြည့်ဆည်းပေးလို့..
ဒါပေမယ့်…သူ သိပါတယ်.. သူ တတ်စွမ်းသလောက် တာဝန် ကျေခဲ့တယ် ဆိုတာကိုပါ.
စာအုပ်ထဲက ဖတ်မိသမျှ
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်