Pages

Saturday, 23 March 2013

ဦးရာရှစ် ရာပြည့် အခမ်းအနားမှ မင်းကိုနိုင် စကားများကြောင့် တူးဆွမိသော အကြောင်းအရာများ(၂)

ဤအကြောင်းအရာများကို ရေးခြင်းသည် ဘာသာရေးကို အကြောင်းပြ မင်းမဲ့စရိုက်ဖြစ်စေရန် ရည်ရွယ်ခြင်း မဟုတ်ပါကြောင်း အသိပေးလိုပါသည်။ သမိုင်းသည်ကား သမိုင်းပင် ဖြစ်သည်။ ဦးရာရှစ်၏ ရာပြည့် အခမ်း အနားမှ ခွပ်ဒေါင်းကို ဘယ်ဘာသာကိုင်ကိုင် ဆိုကာ ပြောခဲ့သည့် စကား များ၊ ကျောင်း သားထု တစ်ရပ်လုံးအား မင်းကိုနိုင်မှ ကိုယ်စားပြု သယောင် ပြောသည့် စကားများကြောင့် ရေးခြင်းသာ ဖြစ်သည်။

ကျောင်းသားအဖွဲ့များ မပေါ်ပေါက်ပြီ ၁၉၃၀ အစောပိုင်းတွင် နောင် ၀န်ကြီးချုပ် ဦးနုတို့က ဗမာနိုင်ငံလုံး ဆိုင်ရာ လူငယ်များ အသင်းကို စတင်ဖွဲ့စည်းရာတွင် အားလုံး မြန်မာ သက်သက်သာ ဖြစ်သည်။ သို့သော် ၁၉၃၀ စက်တင်ဘာ ၂၀ တွင် တကသ ဖွဲ့စည်းပုံ စည်းမျဉ်းရေး ဆွဲရေး ကော်မတီတွင်တော့ ဦးရာရှစ် ပါသည်၊ မစ္စတာ ပကာဆင် ဆိုသူ ပါသည်။
၁၉၃၁ ဇန်န၀ါရီ(၉)ရက်တွင် ၄င်းတို့ ၂ ဦးပါသည့် အလုပ်အမှုဆောင် ကော်မတီကို ဖွဲ့စည်းခဲ့သည်။ ၁၉၃၁ ဇန်န၀ါရီ ၉ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်   ကျောင်းသားများ သမဂ္ဂ၏ ယာယီ ဥက္ကဌ အဖြစ် ကိုကျော်ခင်ကို ရွေးချယ်ခဲ့သည်။ ထို့နောက် ဥက္ကဌ ရာထူးကို ရွေးချယ်ရာ မွတ်ဆလင် ဘာသာဝင် ကို ထွန်းစိန်က ပထမဆုံး ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့ သည်။ နိုင်ငံအကျိုးကို ဆောင်ရွက်ကြတာချင်း အတူတူ၊ မြန်မာ ကျောင်းသားများ မဲပေးကြတာချင်း အတူတူ နောက်ဆုံးတွင် မဲအရေအတွက် တူသဖြင့် ဥက္ကဌ ပေးသည့် မဲဖြင့် တကသ ဆိုသည့် မြန်မာ့ ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဌသည် မွတ်ဆလင် ဘာသာဝင် ကိုထွန်းစိန်   ဖြစ်သည်။

ကိုထွန်းစိန် ဆိုသူကား မြန်မာတိုက်ပုံ ခေါင်းပေါင်း ၀တ်ကာ တက္ကသိုလ်ကျောင်းသားများ အရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှုတို့ကို ဆောင်ရွက်ခဲ့သည်မှာလည်း အမှန်ပင် ဖြစ်သည်။ အင်္ဂလိပ် လက်အောက် တွင် အသား ကျနေချိန်မို့ ဘာသာရေး ကိုလည်း သတိမမူမိခြင်း ဖြစ်နိုင်သည်။ သို့သော် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဆိုသည့် ကျောင်းသားများ သမိုင်းအစ၊ မင်းကိုနိုင်တို့ ပြောပြကြသည့် အစ ပုဂ္ဂိုလ်ကြီးမှာ မွတ်ဆလင် ဘာသာဝင် ဖြစ်သည်မို့ ယနေ့ကျောင်းသားများ စုဝေးနေသည့် တက္ကသိုလ်မှ တစ်ကျော့ပြန် ကြိုးစားနေသည့် တကသ၊ဗကသ အဖွဲ့ဝင်တို့တွင် မည်သူတို့ ကြီးစိုးမည်၊ သမိုင်းကြောင်းအရ မည်သူတို့ မည်သို့ ပြောကြမည် ဆိုသည်ကတော့ တွေးစရာ ဖြစ်သည်။

ထို မွတ်ဆလင် ဖြစ်သူ ကိုထွန်းစိန် နှုတ်ထွက်သွားပြီးနောက် ၁၉၃၅-၃၆ ခုနှစ်တွင် တကသ အမှုဆောင် ပြန်ရွေးရာတွင်တော့ ဦးနုက ဥက္ကဌ။ ဦးရာရှစ်က ဒုဥက္ကဌ အဖြစ် ပြန်ပါလာသည်။ ထိုအချိန်တွင် ဗိုလ်ချုပ် အောင်ဆန်းမှာ အိုးဝေမဂ္ဂဇင်း စာတည်း အဖြစ်သာ အမှုဆောင်အဖွဲ့၌ ပါသည်။ အိုးဝေ မဂ္ဂဇင်းသည်လည်း မြန်မာပြည်သည် ဥဒေါင်းအသံဟု ဆိုကာ ဖြစ်လာသည်။ ၁၉၃၆ ဖေဖော်ဝါရီ နောက်ပိုင်း ရန်ကုန် တက္ကသိုလ် ကျောင်းသားကြီးများ သပိတ်မှောက် ကောင်စီ တွင်တော့ ဦးရာရှစ်မှာ ဥက္ကဌ ဖြစ်ပြီး သွေးကြွ အောင် လှုံ့ဆော် နိုင်ခဲ့သည်။ ၁၉၃၆ ခုနှစ် မေလ ၈ ရက်တွင်တော့ သပိတ်မှောက် ကျောင်းသားများ ပါဝင်ပြီး ဗကသ ကို ဖွဲ့စည်း ခဲ့ရာ ဦးရာရှစ်မှာ ဥက္ကဌ ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းမှ ဒုဥက္ကဌ ဖြစ်လာသည်။

ထို့ကြောင့် တကသကော၊ ဗကသ ကော သမိုင်း(၂)ခုလုံး အစ ဥက္ကဌများမှာ မွတ်ဆလင် ဘာသာဝင်များ ဖြစ် သည်။ ဥက္ကများထဲတွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါက်တာသန်းထွန်း၊ ဦးနု၊ ဦးဗဆွေ၊ ကို ဗဟိန်း တို့မှာမူ ပြည်သူ များနှင့် နာမည်အရ ပို၍ ရင်းနှီးသည်။ ကိုဗဟိန်း၏ မြင်းခွာတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမည် ဆိုသည့် စကားမှာလည်း စာသင်ကျောင်းများရှိ မြန်မာ့သမိုင်း စာအုပ်တွင် ပြဌန်းခဲ့ဖူးသည်။ နိုင်ငံအရေး၊ လွတ်လပ်ရေး အတွက် ကိုယ်ကျိုးစွန့်ခဲ့သည့် ကျောင်းသား ခေါင်းဆောင်များ သမိုင်းစာမျက်နှာတွင် ရှိခဲ့ကြသည်။ ဦးရာရှစ် တို့ကဲ့သို့ အစိုးရကို ပုန်ကန်ခဲ့ကြသူများကတော့ သမိုင်းမ၀င်ခဲ့။

၁၉၃၈ အကုန် တွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု စသူတို့ သခင်ဘွဲ့ ခံပြီး နိုင်ငံရေး လုပ်ကြသည်။ တစ်နှစ်တစ်ခါ ပြောင်းသည့် ဥက္ကဌများ အဆင့်ဆင့် ပြောင်းပြီး ထိုနောက်ပိုင်း ဗကသတွင် သခင်သန်းထွန်းက ဥက္ကဌ ဖြစ်လာပြီးနောက် မကြာမီ ကျောင်းသား တပ်ဦးဟု ဆိုကာ စာရေးဆရာကြီး မောင်စူးစမ်း(ကိုတင်ရွှေ) တို့ကလည်း ဖွဲ့စည်းကြသည်။ ထို့နောက် ဗိုလ်ချုပ်တို့ ဘိလပ်သွားစဉ် ထို ကျောင်းသား တို့ ဦးဆောင်ပြီး အတွင်းဝန်ရုံးကို အလံနီများနှင့် အတူ ၀ိုင်းပြီး ဆန္ဒပြကြသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တာဝန်ရှိသူများက ဘက်ပေါင်းစုံမှ လွတ်လပ်ရေး ကြိုးပမ်းနေချိန် ဖြစ် သည့်အတွက် ဗိုလ်ချုပ်တို့ ဆောင်ရွက်မှု ကို ကပျက်ကယက် လုပ်သကဲ့သို့ ဆောင်ရွက်ခဲ့သည်များလည်း ရှိကာ ထိုအချိန်တွင် အေးချမ်းစွာ စာသင်လိုသည့် ကျောင်းသားများ နှင့် မျိုးချစ်စိတ်ပြင်းထန်သည့် ကျောင်းသားများ စတင်ကွဲလာသည်။

လွတ်လပ်ရေး ရပြီး ၇ လခန့်အကြာ ၁၉၄၈ ဇူလိုင်တွင် ဗကသ ဥက္ကဌမှာ ကိုညီညီ ဆိုသူ ဖြစ်လာပြီး လွတ်လပ်ပြီးစ မြန်မာနိုင်ငံအတွက် အနှောက်အယှက်များ စတင်ပြုလုပ်ကြသည်။ ၁၉၄၈ စက်တင်ဘာမှာ ကျင်းပမည့် ကမ္ဘာ့ကျောင်းသားများ ညီလာခံ တက်ဖို့ လွတ်လပ်ပြီးစ အကြွေးပတ်လည်ဝိုင်းနေသည့် အစိုးရထံမှ စရိတ်တောင်းသည်။ ပြည် တွင်းရေး ကိစ္စများတွင် နိုင်ငံခြားမှ အကူအညီ မယူရန် ၊ ၀ရမ်းထုတ် ခံထားရ သည့် ဖြူနီပြာဝါ တံဆိပ်ကပ် ကျောင်းသားများအတွက် ၀ရမ်းပြန်ရုတ်သိမ်း ရန် စသည်တို့ အပါအ၀င် အချက်များ တောင်းဆိုကြသည်။ ၁၉၄၈ စက်တင်ဘာတွင် မြေပေါ်အာဏာ ဖီဆန်ရေး လုပ်ခဲ့ကြသည်။

၁၉၄၉ တွင် ကေအန်ဒီအို သူပုန် ပေါ်လာပြီး အင်းစိန်၊တောင်ငူ မြို့များ သိမ်းသည့် အခြေအနေကြောင်း တက္ကသိုလ်များ ပိတ်ခဲ့ရသည်။ လွတ်လပ်ပြီးစ တိုင်းပြည်တွင် အမှုထမ်းပေါင်းစုံ သပိတ်ကြီး နှင့် ပြည်တွင်း ဆူပူ မှုများ ဖြစ်စေ၇န် လှုံ့ဆော်သည့် ဗကသ ဥက္ကဌ ဟောင်း ကိုသန်းမောင် တောခိုသည်။ ဗကသ၊ တကသ၊ ရကသ အဖွဲ့တွေ တော ခိုကာ ကျောင်းသားများ ဘ၀ပျက်ခဲ့ကြသည်။ ကျောင်းသားအဖွဲ့ အားလုံး ပြို ကွဲ သည်။

ထိုနောက်ပိုင်း ၀န်ကြီးချုပ် ဦးနုလက်ထက်၊ ဦးနေ၀င်း လက်ထက်များ တွင် တောခို ကျောင်းသားများ မြို့တွင်းဝင်လာကြသည်။ မြေပေါ်မြေအောက် အဖျက်လုပ်ရပ်များ ဆောင်ရွက်ကြသည်။ ကျောင်းသားများ ဦးဆောင်ခဲ့ ပြီး လွတ်လပ်ရေးအတွက် ဆောင်ရွက်သည့် သမဂ္ဂ အဖွဲ့များတွင် ကျောင်းသား မဟုတ်သူများ ကြီးစိုးလာကြ ကာ ၈ လေးလုံး အရေးအခင်း ဖြစ်လာသည် အထိ ကျောင်းသားများ အကြား သွေးထိုးလှုံ့ဆော်ကြသည်။ ၁၉၈၀ တွင် တက္ကသိုလ် တက်ခဲ့သည့် မင်းကိုနိုင်သည် ၈ နှစ် အကြာတွင် ဗကသ ဥက္ကဌ ဖြစ်လာသည်။ ကျောင်းသားခေါင်းဆောင် ဆိုသည့် နာမည်ခံ သည်။ ကျောင်း သားများကို လမ်းမှားသို့ ရောက်စေကာ တောတွင်း လက်နက်ကိုင်များ ဖြစ်စေခဲ့လေတော့သည်။

ယနေ့တွင်တော့ တက္ကသိုလ် ကျောင်းသားများသာမက အထက်တန်းေ ကျာင်း သားများ အထိပါ သွေးထိုး လှုံ့ ဆော်မှုများ ပြုလုပ်ခဲ့သည်။ ဦးရာရှစ် ရာပြည့်အခမ်းအနားတွင် ကျောင်းသားများ အကြား မည်သူမှ ၀င်၍ မရဟု ပြောခဲ့သော မင်းကိုနိုင်သည် ကျောင်းသား မဟုတ်ပါလျှက် ကျောင်း သား သမဂ္ဂ ရာထူးယူခဲ့သည်။ ယနေ့ထိ လည်း ၈၈ ခုနှစ်ကို မောင်ပိုင်စီးကာ ၈၈ ကျောင်းသား ဘွဲ့ခံထားသည်။ ဟာသ တစ်ခုကဲ့သို့သာ။

ထိုအချိန်တွင် ဗကသတို့သည်လည်း လက်ပံတောင်းတွင် လှုံ့ဆော်နေသည်။ မွတ်ဆလင် ဘာသာဝင်တို့ဖြင့် စတင်တည်ထောင်ခဲ့သည့် ကျောင်းသား သမဂ္ဂ အဖွဲ့များကို သည် ယနေ့ ဖြစ်နေသော ဆူပူမှုများကို နောက် ကွယ်မှ လုပ်ဆောင်နေသည်မှာ ထင်ရှားလှသည်။ သို့မဟုတ်ပါလျှင် ၈၈နှင့် ဗကသ အဖွဲ့များ၏ လက်ရှိ အထောက်အပံ့များသည် မည်သည့်ဘာသာဝင်တို့ အဓိက ပေးနေပါသလဲ ဆိုသည့် မေးခွန်းသာ မေးလိုက် ချင် ပေတော့သည်။

( အပိုင်း-၃ တွင်တော့ ၈၈ မတိုင်ခင်နှင့် ၈၈ နောက်ပိုင်း ကျောင်းသားများ၏ အထောက်အပံ့ ရရှိမှုများ၊ တိုင်းပြည်ကို ရည်ရွယ်ချက် ရှိရှိ ဖျက်ဆီးခဲ့မှုများကို ဖော်ပြပါမည်။ သမိုင်းဆိုင်ရာ အကိုးအကားမှားပါက ထောက်ပြပေးပါ။)

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်