မနေနိုင်လွန်းလို့သာ ပြောရတာပါ။ ဆရာတော်၊ သံဃာတော်များကို နိုင်ငံရေး ထဲ လုံးလုံးလျားလျားကို မပါစေလိုပါ။ တပည့်တော် အမြင်မှာတော့ နိုင်ငံရေး နဲ့ သံဃာဆိုတာ ဘုန်းကြီိးနဲ့ ဘီးလို ဘယ်လိုမှ မအပ်စပ်ဘူး ထင်ပါတယ်။ ဘုန်းကြီးစာချတယ် လို့သာ ငေါက်လိုက်ပါတော့ ဘုရား တပည့်တော် သိသလောက် ငြိမ်းချမ်းစွာ ဆန္ဒပြတယ်လို့ပဲ မိန့်မိန့် အကြမ်းမဖက်ပါဘူးလို့ပဲ ဆိုဆို၊ သံဃာတော်များရဲ့ အားဟာ ခန္ဓီစသည်းခံခြင်းပါ ဘုရား၊ ဟဲ့ ငါ့ဒကာတွေ ထမင်းငတ်တယ်ဟဲ့ ဆိုလဲ တပည့်တော်ကတော့ ရဟန်းသံဃာတော်များရဲ့ အလုပ်ဟာ စာသင်တာနဲ့ တရားအားထုတ်ခြင်းသာလို့ပဲ မှတ်ဖူးပါတယ်ဘုရား။
သံသရာက လွတ်ရာ လွတ်ကြောင်း တရားများကို ကိုယ်တိုင်လဲ ကျင့်ကြံ၊ စောင့်လဲ စောင့်ရှောက်နေတဲ့ သံဃာများအတွက်တော့ မြန်မာပြည် ဒီမိုကရေစီ ရခြင်း မရခြင်း ဟာ အရှင်ဘုရားတို့ အတွက် နည်းနည်းလေးမှ ၀မ်းသာစရာရှိစရာ မလိုသလို ၀မ်းနည်းစရာလဲ မရှိဘူးထင်ပါတယ် ဘုရား။ သဗ္ဗေသတ္တာ ကံမ္မသကာလို့သာ ထားလိုက်စေချင်ပါတယ်ဘုရား။
နောက်အကြောင်းတစ်ကြောင်းကလဲ နိုင်ငံရေးဆိုတာ စစ်ပွဲတွေလဲ ပါနိုင်ပါတယ်ဘုရား ရန်ဖြစ်တာတွေလဲ ပါပါတယ်ဘုရား၊ အပေါ်မှာ ပြောသလို သူများစကားလုံး သုံးပြီး အလကားသက်သက် လိုက်ဆဲတာမျိုးတွေလဲ ရှိနိုင်ပါတယ်ဘုရား။
အဲဒီတော့ အရှင်ဘုရားတို့များ နိုင်ငံရေးထဲ ပါရင် တရားဥပဒေ အတိုင်းဖြစ် ရအောင် ဆရာတော်များကို စော်ကားသလိုလဲ မဖြစ်ရအောင် လွှတ်တော်မှာ အခြေခံ ဥပဒေထဲက စစ်တပ်ထုတ်ဖို့ အသာထားဦး အရှင်ဘုရားတို့ကို ထပ်ထည့်ဖို့ အရင်ဆုံး အဆိုတင်သွင်းရမလို ဖြစ်နေပါလိမ့်မယ် ဘုရား။ အဲဒီတော့ တပည့်တော်များ စိတ်ထင် နိုင်ငံရေးထဲမှာ ဆရာတော် သံဃာတော်များ မပါတာသာလျှင် အကောင်းဆုံး ဖြစ်မယ်လို့ ထင်မိပါတယ်ဘုရား။
နောက်အကြောင်းကလဲ မဆီမဆိုင် ဟိုးအရင် အောင်မင်္ဂလာ ကန်တော်မှာ ကနောင်မင်းသား ကြီး ရေမြှုပ်ဗုံး စမ်းတော့လဲ နန်းတော်မှာ ဆွမ်းစားနေတဲ့ သာသနာပိုင်ဆရာတော် က ဆွမ်းဆက်မစားတော့ဘူး ဆိုပြီိး ရပ်လိုက်တာ ကိုလဲ သွားသတိရ မိတယ်ဘုရား။ ဖြစ်ဖြစ်သမျှ ကံကံ၏ အကျိုး၊ အကျိုးတွေ ရှိလို့ အကြောင်းတွေ ဖြစ်ခဲ့ရတာ ဆိုးသည် ကောင်းသည် မရှိဆိုသလို ဖြစ်တဲ့အတွက် မြန်မာတွေ အင်္ဂလိပ်ကို ရှုံးခဲ့လို့ ကောင်းတယ် ဆိုးတယ် မပြောတတ်ပါဘုရား။ အဲဒီလို သာသနာပိုင် ဆွမ်းစားရပ်လိုက်လို့ ရေမြှပ်ဗုံးတွေ ဆက်မလုပ်တော့တာ ရေသတ္တ၀ါတွေ အသက်ချမ်းသာ ရာ ရသွားတာ၊ အင်္ဂလိပ်တွေ ရေတပ်နဲ့ တက်သိမ်းသွားတာတွေကို ရာဇ၀င်ထဲမှာ ပဲ ထားခဲ့ချင်ပါတယ်ဘုရား။
တပည့်တော်များ လျှောက်ချင်တဲ့ အကြောင်းကတော့ ဘယ်လိုပဲ အကျိုးအကြောင်းတွေ ပြပြ ရှင်ဒေ၀ဒတ် ဟာ မြတ်စွာဘုရား သာသနာက သံဃာမဟုတ်ပါဘူး လို့ လိုက်ပြောတာကို ဘုရားက မတားမြစ်ခဲ့လို့ ကျုပ်တို့လဲ နိုင်ငံရေဆန္ဒပြပွဲတွေ လုပ်ခွင့်ရှိတယ် လို့ပဲ မိန့်မိန့် အရှင်ဘုရားတို့နဲ့ နိုင်ငံရေးဟာ မအပ်စပ်ဘူးဆိုတာပါပဲ ဘုရား။
တပည့်တော်အနေနဲ့ အရှင်ဘုရားတို့ အနေနဲ့ ငါ့တို့ ဗုဒ္ဓဘာသာ သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့အောင် ဘယ်လိုကြိုးစားရ မယ်ကွဲ့ ဆိုတဲ့ ဆုံးမသံတွေ ကြားချင်ပါတယ် ဘုရား။
တိုင်းပြည်မင်းလုပ် အုပ်ချူပ်တဲ့သူက သူ့အလုပ်သူမလုပ်ရင် လဲ ငါနဲ့ မဆိုင်ဘူး ငရဲနဲ့ပဲ ဆိုင်တယ် ဆိုတဲ့ သံဃာတော် တွေရဲ့ ဆုံးမသံများ နဲ့ တရားပြည့်ဝမှုများ ကိုပဲ မျှော်လင့်နေမိပါတယ် ဘုရား။
အရေးအကြီးဆုံး အကြောင်းတစ်ခုလဲ ရှိသေးတယ် ဘုရား၊ ဘုန်းကြီးတွေ မယ်သီလရှင်တွေ ဘာသာအတွက် သာသနာအတွက် ပြကြတယ်ဆို လက်ခံပါသေတယ်။ လောကီလူ့ ဘုံ ကိစ္စတွေမှာ ဘုန်းကြီးတွေ သီလရှင်တွေ ၀င်မပါတာ အကောင်းဆုံးပါပဲအခုတပည့်တော်တို့ တွေ့နေရတဲ့ ခေတ်ကြီးမှာ အရှင်ဘုရားတို့ တွေ့ရတဲ့အတိုင်း လူစွမ်းကောင်းတွေ အလွန်အင်မတန် မှ ပေါများလှပါတယ်ဘုရား။
အဲဒီလူစွမ်းကောင်းတွေကလဲ အစွမ်းထက်လွန်းတော့ သူတို့ အဖမ်းခံရမှာ စိုးသကိုးဘုရား သူတို့ တွေမှ မရှိရင် မဖြစ်တဲ့အတွက်၊လွယ်လွယ်ကူကူ ဗုဒ္ဓဘာသာတွေရဲ့ အသည်းနှလုံးလိုဖြစ်တဲ့ အရှင်ဘုရားများကို ချောက်ထဲ တွန်းတွန်းချတယ် ဘုရား။
အရှင်ဘုရားတို့ကလဲ မေတ္တာထားတယ်ဆိုတာ သိပါတယ် ဘုရား ဒါပေမယ့်လည်း ဟဲ့ ဒကာ နင်နေစမ်း ငါအရင်ဆင်းမယ် ဆိုရင်ဖြင့် အလျှိုအလျှိုသော လူစွမ်းကောင်းများဟာ လက်အုပ်လေးတွေ ချီပြီး ကြည့်စမ်း ကြည့်စမ်း ဆရာတော်များ ချောက်ထဲ ကျကုန်ပြီးလိုသာ ထိုင်အော်နေကြမယ့် ဓါတ်ပုံတွေ ၀ိုင်းရိုက်ကြမယ့် သဘောရှိပါတယ်ဘုရား။
တပည့်တော် အနေနဲ့ အကန်းလမ်းပြ ဆိုတာမျိုး ဖြစ်နိုင်ပေမယ့် အရှင်ဘုရားတို့ ချည်းပဲ ကျန်ကျန်ခဲ့ရတာ တစ်ခါလဲ မဟုတ် နှစ်ခါလဲ မဟုတ်ပါဘုရား။
တပည့်တော်များ တတ်သလောက် မှတ်သလောက် ကြားဖူးနားဝရှိ သလောက်နဲ့ ရဟန်း၊ သံဃာတော်များဟာ နိုင်ငံရေး ကိစ္စတွေမှာ နည်းနည်းလေး မှ မပါသင့်ပါလို့ပဲ နောက်ဆုံးအနေနဲ့ ဦးတင် လျှောက်ထားပါရစေဘုရား။
ဖက်မှတ်ထားတာလေးကို ဆီလျှော်အောင်ပြန်ရေးလိုက်ပါတယ်...
ဒါယကာ ဘာကိုဆိုလိုချင် တာလဲ။ပုဂံ ခေတ်က ရှင် ဒိသာပါမေါက်ကို ဒါယကာသင် ခဲ့ဘူးမှာပါ။သာသနာနဲ့တိုင်းသူပြည်သားတွေ ဆုတ်ယုတ်နစ်နာမယ့်အ ရေးကြောင့် သံတမန်အဖြစ်တောင် ဆောင် ရွက်ခဲ့ရတယ်။သာသနာတည်တံ့ဖို့နဲ့ တိုင်းသူပြည်သားအတွက် လိုအပ်သမျှ
ReplyDeleteမဟုတ်တောင် သင့်တဲ့စောင့်ရှောက်မှု ဆောင် ရွက်တာ။ဒါကသာသနာ ကိုတည်တံ့အောင်စောင့်ရှောက်ခြင်းတစ်မျိုးပါ။ဒါယကာ လျှေက်တဲ့ ပဋိယတ္တိ နှင့် ပဋိပတ္တိ ကိုလည်းလျစ်လျူရှုထားခြင်း မရှိပါ။နိုင် ငံရေးလုပ်သည့် သ ဘော သက်ရောက်စေတဲ့ မည်သည့်နိုင် ငံရေးပါတီကိုမျှဖွဲ့စည်းတည်ထောင်ခြင်းမရှိ။ သာသနာ့ရက္ခိတ အ နေနှင့်တော့ လိုအပ်သော အချို့ဒေသတွင် ရှိနိုင် သည်။