Pages

Sunday 10 March 2013

မန္တလေးတွင် တောင်းရမ်း စားသောက်သူများ လျော့နည်းရေး ဆောင်ရွက်နေ

မန္တလေးမြို့တွင် တောင်းရမ်း စားသောက်နေသူများ ပပျောက်လျော့ နည်းရေး အတွက် ဌာနသုံးခု ပူးပေါင်းကာ စီမံချက်ချ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။ မန်းစည်ပင် သန့်ရှင်းရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့များနှင့် လူမှု ဝန်ထမ်းဦးစီးဌာနတို့က ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်ပြီး စက်တင်ဘာလမှ စတင်ကာ ဆောင်ရွက်နေကြောင်း စီမံချက်တွင် ပါဝင်သူ မန်းစည်ပင် သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူး ဦးစိုးတင့်အောင် က ပြောသည်။ မန္တလေး မြို့လယ်ဧရိယာ တစ်ခုဖြစ်သော ချမ်းအေးသာစံ မြို့နယ်အတွင်း တောင်းရမ်း စားသောက်နေသူ အချို့ကို စတင် စစ်ဆေးအရေးယူနေပြီး မန္တလေးမြို့ရှိ အခြားမြို့နယ်များတွင်လည်း လိုက်လံ စစ်ဆေး အရေးယူသွားမည်ဟု မန်းစည်ပင် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။




စက်တင်ဘာ ၂၉ ရက်က မန္တလေးမြို့ လူစည်ကားရာ နေရာများဖြစ်သော ၇၈ လမ်း၊ လမ်း ၃၀၊ ၃၅ လမ်းကြားနှင့် မန္တလေးဘူတာကြီး တစ်ဝိုက်တွင် မန်းစည်ပင် သန့်ရှင်းရေးဌာနနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်ရဲတပ်ဖွဲ့တို့ ပူးပေါင်း ရှင်းလင်း ဆောင်ရွက်ကြရာ အမျိုးသမီးနှစ်ဦးမှာ အသက် ၁၈ နှစ်အထက် ဖြစ်နေသောကြောင့် အမှတ် ၈ ရဲစခန်းသို့ အမှုဖွင့် အပ်နှံခဲ့သည်။ ထို့နောက် အသက် ၁ လနှင့် ၁၈ ရက်သာ ရှိသေးသည့် မိန်းကလေးငယ်တစ်ဦး၊ အသက် ၁၀ နှစ်၊ ၃ နှစ်၊ ၉ နှစ် အရွယ်ရှိ ယောက်ျားလေးသုံးဦး၊ အသက် ၇ နှစ်၊ ၆ နှစ်၊ ၁၂ နှစ်၊ ၇ နှစ်အရွယ်ရှိ မိန်းကလေးလေးဦး စုစုပေါင်း အသက် ၁၈ နှစ်အောက် ရှစ်ဦးတို့ကို လူမှုဝန်ထမ်းဦးစီးဌာနထံ အပ်နှံခဲ့ကြောင်း တာဝန်ရှိသူက ပြောသည်။ ယခင်ကပင် စီမံချက်တစ်ခုအနေဖြင့် အခြေအနေမဲ့ တောင်းရမ်း စားသောက်သူများ အား ဖမ်းဆီး၍ ရေတံခွန်တောင် စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံနှင့် အနာရောဂါရှိသူများအား ရေနံ့သာ အနာ ကြီးရောဂါ ကု ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ အလုပ်လုပ်နိုင်သူများကို ရေတံခွန်တောင် စိုက်ပျိုးမွေးမြူရေးခြံနှင့် မန်းစည်ပင် သန့်ရှင်းရေးဌာနတို့တွင် ခန့်ထားပေးခဲ့သော်လည်း လုပ်ကိုင်လိုခြင်း မရှိသဖြင့် ထွက်ပြေးတိမ်းရှောင် ပြီး တစ်ပတ်အကြာ ယခင်တောင်းနေကျ နေရာသို့သာ ပြန်လည် တောင်းရမ်း စားသောက်ကြကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

“ကလေးတွေက မေးတယ်။ ဦးတို့က သားတို့ကို စားပြီးသောက်ပြီး အကျန်ငါးထောင်ပေးနိုင်လား မေးတယ်။ ဘယ်လိုလုပ်ပေးနိုင်မလဲ။ ဒီက (သန့်ရှင်းရေးဌာနက) ဝန်ထမ်းတွေတောင် အဲဒီလောက်မရဘူး။ ကလေးတွေက အလွယ်ရနေတော့ အလုပ်လုပ်ချင်စိတ်ကို မရှိကြတော့ဘူး” ဟု ဌာနခွဲမှူးက ပြောသည်။ 

ဖမ်းဆီးခံရသည့် တောင်းရမ်း စားသောက်သူများထဲတွင် အသက် ၁၈ နှစ်အထက် ရှိသူများသည် သက်ဆိုင်ရာ ရဲစခန်း၌ အမှုဖွင့် စစ်ဆေး အရေးယူခံရပြီးလျှင် မန်းစည်ပင် သန့်ရှင်းရေးဌာနတွင် အလုပ်လုပ်ကိုင်လိုပါက ခန့်ထားပေး ခဲ့သည်။ မန္တလေးမြို့တွင် တောင်းရမ်း စားသောက်သူများသည် လူအဝင်အထွက်များသည့် စတိုးဆိုင်များ ၊ ပလာဇာများနှင့် မီးပွိုင့်များအနီး တောင်းလေ့ရှိပြီး ဘုရားပွဲတော် ကာလများတွင် ပိုမို များပြား လာကြောင်း မြို့ခံများထံမှ သတင်းရရှိသည်။


 ညီညီဇော်

1 comment:

  1. Grеetіngs frоm Cοlоrado!
    Ι'm bored at work so I decided to browse your site on my iphone during lunch break. I love the knowledge you present here and can't waіt to taκe a
    lοoκ ωhen I get home. ӏ'm surprised at how fast your blog loaded on my cell phone .. I'm not
    even uѕing WӀFI, juѕt 3G .. Anyways, excellent blog!


    Here is mу ωeb site :: online escape games

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်