Pages

Monday, 18 March 2013

လူမဆန်စွာ ဂုဏ်ငယ်စေသော အပြုအမူနှင့် အရေးယူအပြစ်ပေးခြင်းကို ဆန့်ကျင်သည့် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက် တစ်ရပ်အား လက်မှတ်ရေးထိုးရန် ပြည်သူ့လွှတ်တော်က တိုက်တွန်းကြောင်း အဆို ယနေ့ တင်သွင်းမည်



နေပြည်တော်-မတ်၁၉

ယနေ့ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၂၉ရက်မြောက်နေ့ တွင်ဦးသိန်းညွန့်( သင်္ဃန်းကျွန်း မဲဆန္ဒနယ်)ကထိုင်းနိုင်ငံရှိ အကျဉ်းကျခံ နေရသောမြန်မာနိုင်ငံသား များနှင့် မြန်မာနိုင်ငံတွင် အကျဉ်းကျ ခံနေရသော ထိုင်းနိုင်ငံသားများကိစ္စ နှင့်စပ်လျဉ်းသည့် မေးခွန်း ကိုမေးမြန်းကြောင်းသိရသည်။ထိုပြင်ကြယ်ပွင့်ပြ ထား သည့် အောက်ပါမေးခွန်းများကို လွှတ်တော် ကိုယ်စားလှယ် များကမေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ က ဖြေကြားခြင်းတို့ပြုလုပ်ကြမည်ဟုသိရသည်။

ဦးတင်မောင်ဦး၊ ရွှေပြည်သာ မဲဆန္ဒနယ်၏ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ရည်မှန်းချက်တာဝန် များ အောင်မြင်စေ ရန်တပ်ဖွဲ့တိုးချဲ့ ဖွဲ့စည်းခြင်း ကို လွှတ်တော်များနှင့် ပြည်သူလူထုတစ်ရပ်လုံးမှ ဝိုင်းဝန်းကူညီ ဆောင် ရွက်ပေးနိုင်ရေး နှင့် စပ်လျဉ်းသည့်မေးခွန်း။ ဦးအေး၊ ဟုမ္မလင်း မဲဆန္ဒနယ်၏ အခြေခံပညာရေး ဆိုင်ရာ ဥပဒေကို ရေးဆွဲပြဋ္ဌာန်းပေးရန် နှင့် စပ်လျဉ်းသည့် မေးခွန်း။

ဦးသန်းမြင့်၊ ဝမ်းတွင်း မဲဆန္ဒနယ်၏ လုပ်သက် ၂၀ နှစ် အထက်ရှိ အခြေခံပညာ အလယ်တန်းပြနှင့် အထက်တန်းပြ ဆရာ/ဆရာမ များကို ရာထူးတိုးမြှင့်ခံစားခွင့် ရှိ/မရှိနှင့် သတ်မှတ်လုပ်သက် ရမှတ်ရှိသော
အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းအုပ်များကို ရာထူးတိုးမြှင့် ခံစားခွင့်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဦးရဲထွန်း၊ သံတွဲ မဲဆန္ဒနယ်၏ ရခိုင်ပြည်နယ်သို့ ပြည်ထောင်စု မဟာဓာတ် အားလိုင်းမှတစ်ဆင့် သွယ်တန်းဆောင်ရွက်နေသောမဟာ ဓာတ်အားလိုင်းများ၏ စီမံကိန်း လုပ်ငန်းများ နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဦးကြည်သာ၊ဂွ မဲဆန္ဒနယ် ၏ ဦးစီးဌာနများမှ အကောင် အထည်ဖော် ဆောင်ရွက် ပြီးစီး၍ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ သို့လွှဲပြောင်းပေးရာတွင် မည်သည့် Accounting Procedure များကို သုံးစွဲလျက် ရှိသည် နှင့် စပ်လျဉ်းသည့် မေးခွန်း။

အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေ များ” နှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းထားသည့်တစ်ပိုဒ်ချင်းစီ အလိုက် ဆွေးနွေး၍လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။နှင့် အမျိုးသားလွှတ်တော်မှ ပြင်ဆင် ချက်ဖြင့် ပြန်လည်ပေးပို့သော“မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက် အဆို တင်သွင်းထားသည့်တစ်ပိုဒ်ချင်းစီအလိုက်ဆွေးနွေး၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

အမျိုးသားလွှတ်တော်မှပြင်ဆင်ချက်မရှိပြန်လည်ပေးပို့သော“၁၉၄၅ ခုနှစ်၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်း အုပ်ထိန်းသူ အက်ဥပဒေကို ရုပ်သိမ်း သည့် ဥပဒေကြမ်း” ကို လက်ခံရရှိကြောင်းလွှတ်တော်သို့ အသိပေး တင်ပြခြင်း။ အမျိုးသားလွှတ်တော်မှပြင်ဆင်ချက်မရှိ ပြန်လည်ပေးပို့သော “ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို လက်ခံ ရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြခြင်း။

သူရဦးအောင်ကို၊ ကန်ပက်လက် မဲဆန္ဒနယ်က “မြန်မာနိုင်ငံ တစ်ဝှမ်း တွင် ဖြစ်ပွားနေသော ယာဉ်မတော် တဆထိခိုက်မှုအပါအဝင် အခြား မတော်တဆ ဖြစ်ပွားမှုများကြောင့်လည်းကောင်း၊ခိုက်ရန်ဖြစ်ပွားမှု များကြောင့် လည်းကောင်း ရရှိသည့် ထိခိုက်ဒဏ်ရာရ လူနာများအားအချိန်မီ ဆေးကုသနိုင်ရေး အတွက် လုပ်ထုံးလုပ်နည်းနှင့် ပြဋ္ဌာန်းချက်များ မရှိသေးပါကလိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို ဆောလျင်စွာ ထုတ်ပြန်ပေးရေးအတွက်တိုက်တွန်းကြောင်း” အရေးကြီးအဆို တင်သွင်းခြင်း။

ဒေါက်တာအောင်မိုးညို၊ ပွင့်ဖြူ မဲဆန္ဒနယ်က
“ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် UN Convention Against Torture and Other Cruel, Inhuman or Degrading Treatment or Punishment
ညှဉ်းပမ်းနှိပ်စက်ခြင်း၊ ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ် စေသော အပြု အမူနှင့် အရေးယူအပြစ်ပေးခြင်းကိုဆန့်ကျင် သည့် ကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာအပြည်ပြည်ဆိုင်ရာ သဘော တူညီချက် တစ်ရပ်အား လက်မှတ်ရေးထိုးရန် ပြည်သူ့ လွှတ်တော်က တိုက်တွန်းကြောင်း”

အဆို တင်သွင်းခြင်း နှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း တို့ဖြစ်ကြသည်။

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်