Pages

Thursday, 7 February 2013

တပ်သား အောင်ဆန်းသူရိယ စောဘရီ



(၁)ကိုယ်ပိုင်အမှတ်                         -  မရှိ
(၂)ဘွဲ့ရရှိစဉ်က အဆင့်                   - တပ်သား
(၃)အမည်                                    - စောဘရီ (ကျဆုံး)
(၄)အမြင့်ဆုံးရရှိသည့်ဘွဲ့                  - အောင်ဆန်းသူရိယ
    ရရှိသည့်နှစ်                               - ၁၉၅၁
(၅)ဘွဲ့ရရှိစဉ် တာဝန်ထမ်းဆောင်သည့်
     တပ်ရင်း                                   - အမှတ်(၂) ခြေမြန်တပ်မဟာဌာနချုပ် (တွဲဖက်)

ဘွဲ့ရရှိပုံ ဖြစ်စဉ်အကျဉ်း


စောဘရီသည် သံတောင်မြို့နယ်၊ ရေသိုးကြီးရွာတွင် ကေအင်ဒီအိုများ၏ ဖမ်းဆီးခြင်း ခံနေ ရသော ဗိုလ်မှူးကြီးမောင်မောင်နှင့် အဖွဲ့အား ကယ်ထုတ်ရန် တပ်သားစောမြင့်နှင့်အတူ (၈.၆.၅၁)နေ့တွင် သွားရောက်ပြီး ဗိုလ်မှူးကြီးမောင်မောင်နဲ့ အဆက်အသွယ်ယူခဲ့ကာ (၂၄.၆.၅၁) တွင် ရန်သူ့နယ်မြေအတွင်း ထပ်မံဝင်ရောက်နိုင်ခဲ့သည်။

စောဘရီဦးဆောင်သော အဖွဲ့သည် (၂၈.၆.၅၁)ရက်နေ့ညတွင် အခက်အခဲမျိုးစုံတို့ အားကျော်ဖြတ် ကာ ဗိုလ်မှူးကြီးမောင်မောင်တို့အား ချုပ်ထားသော အချုပ်ခန်းအား ၀င်ရောက် စီးနင်း လျက် အောင်မြင်စွာကယ်ထုတ်ခဲ့သည်။ ထိုတိုက်ပွဲတွင် ရန်သူများမှ အပြင်းအထန် ၀ိုင်းဝန်းပစ်ခတ်ခံရပြီး ဒဏ်ရာရရှိကာ အသက်ဆုံးရှုံးခဲ့သည့် သူရဲကောင်းတစ်ဦး ဖြစ်သည်။

စောဘရီသည် မိမိအား ပေးအပ်သည့်တာဝန်ကို ပြီးမြောက်အောင်မြင်သည်အထိ ထူးကဲမြင့် မားသော ရဲစွမ်းသတ္တိဖြင့် တိုက်ခိုက်ရင်း နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့သည့်အတွက် ရဲစွမ်းသတ္တိဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သော အောင်ဆန်းသူရိယ ဘွဲ့ကိုချီးမြှင့်ခဲ့သည်..။

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်