Pages

Thursday, 7 February 2013

တပ်သားအောင်းဆန်းသူရိယ စောမြင့်



(၁)ကိုယ်ပိုင်အမှတ်                 - B/00603
(၂)ဘွဲ့ရရှိစဉ်ကအဆင့်            - တပ်သား
(၃)အမည်                            - စောမြင့်(ကျဆုံး)
(၄)အမြင့်ဆုံးရရှိသည့်ဘွဲ့                  - အောင်ဆန်းသူရိယ
    ရရှိသည့်နှစ်                               - ၁၉၅၁
(၅)ဘွဲ့ရရှိစဉ် တာဝန်ထမ်းဆောင်သည့်
     တပ်ရင်း                                   - အမှတ်(၁)ကရင်သေနတ်ကိုင်တပ်ရင်း၊ အမှတ်(၂) ခြေမြန်တပ်မ ဌာနချုပ်(တွဲဖက်)

ဘွဲ့အပ်နှင်းခံရသော အမိန့်အာဏာ       - ၃/အထူး/၅၂

ဘွဲ့ရရှိပုံ ဖြစ်စဉ်အကျဉ်း
တပ်သားစောမြင့်သည်  သံတောင်မြို့နယ်၊ ရေသိုးကြီးရွာတွင် ကေအင်ဒီအိုများ၏ ဖမ်းဆီးခြင်း ခံနေရသော ဗိုလ်မှူးကြီးမောင်မောင်နှင့် အဖွဲ့အား ကယ်ထုတ်ရန် အရပ်သားစောဘရီနှင့်အတူ (၈.၆.၅၁)နေ့တွင် သွားရောက်ပြီး ဗိုလ်မှူးကြီးမောင်မောင်နဲ့ အဆက်အသွယ်ယူနိုင်ခဲ့ကာ (၂၄.၆.၅၁)တွင် စောဘရီနှင့် အရပ်သား(၄)ဦးပါ အဖွဲ့ငယ်ကို ဦးဆောင်ပြီး ရန်သူ့နယ်မြေ အတွင်း ထပ်မံဝင်ရောက်နိုင်ခဲ့သည်။


တပ်သားစောမြင့်နှင့်အဖွဲ့သည် (၂၈.၆.၅၁)ရက်နေ့ညတွင် အခက်အခဲမျိုးစုံတို့အားကျော်ဖြတ် ကာ ဗိုလ်မှူးကြီးမောင်မောင်တို့အား ချုပ်ထားသော အချုပ်ခန်းအား ၀င်ရောက်စီးနင်း လျက်   အောင်မြင်စွာကယ်ထုတ်ခဲ့သည်။ယင်းသို့ ကယ်ထုတ်စဉ် ရန်သူတို့၏ ပြင်းထန်စွာ ၀ိုင်းဝန်း ပစ်ခတ်မှုကြောင့် ခြေထောက်တွင် ဒဏ်ရာရရှိလဲကျသွားခဲ့သော်လည်း မိမိဒဏ်ရာကို ဂရု မထားပဲ ဗိုလ်မှူးကြီးမောင်မောင်နှင့်အဖွဲ့ကို ဘေးကင်းရာသို့ ရောက်ရှိသည့်တိုင် ရန်သူများကို ကျည်ကုန်သည်အထိ ပစ်ခတ်ပြီးနောက် မိမိအတွက် ၀န်မလေးစေရန် ကျန်ရှိသည့် လက်ပစ် ဗုံးဖြင့် အသက်ကိုစတေးကာ နိုင်ငံတော်အတွက် အသက်ကိုပေးလှူခဲ့သူဖြစ်သည်။

တပ်သားစောမြင့်သည် ယင်းကဲ့သို့ မိမိရဲဘော်များအတွက် ကိုယ်ကျိုးမဖက်အသက် စွန့်ဆောင် ရွက်ချက်သည် အလွန်မြင့်မြတ် ဂုဏ်ယူဖွယ်ရာ ဖြစ်သည့်အလျောက် ရဲစွမ်းသတ္တိဆိုင်ရာ အမြင့် ဆုံးဘွဲ့ဖြစ်သော အောင်ဆန်းသူရိယ ဘွဲ့အားချီးမြှင့်ခြင်း ခံရသည်။

1 comment:

  1. ငါတို့မြန်မာပြည် မိဘတိုင်းကကွယ် တပ်သားကိုစောမြင့်လို သူရဲကောင်းတွေမွေးရမယ် . . .
ွှအဲဒီလို သူရဲကောင်းတွေ မြန်မာ့တပ်မတော်မှာ မနေ့ကအထိရှိနေသေးပါတယ်
    ဒါပေမဲ့ဒီနေ့မရှိတော့ပါဘူး . . .ဘာမှမဟုတ်တဲ့ Bပိုးကြောင့် အငြိမ်းစားယူ
    သွားပါပြီ တိုင်းချစ်ပြည်ချစ် တပ်မတော်သားများ သူရဲကောင်းများအတွက် အဲဒီဥစ္စာကြီးကြောင့် နစ်နာနေသလို တိုင်းပြည်အတွက်လည်း အာဇာနည်
    များရှုံးဆုံးနေပါတယ် စဉ်းစားဆင်ချင်သုံးသပ်ကြပါအုံး ဗျို့  .......

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်