Pages

Tuesday, 12 February 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ၂ဝ၁၃ ခုနှစ်၊ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာမှ

လွတ်လပ်ရေးရပြီးနောက် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲတွေကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသား အချင်းချင်း သွေးကွဲခဲ့ကြပါသည်။ ပြည်တွင်း၌ တည်ငြိမ်အေးချမ်းမှု မရရှိခဲ့သည့်အတွက် နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု နှေးကွေးခဲ့ရပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရ ငြိမ်းချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် သို့ ရောက် ရှိအောင် တိုင်းရင်း သား ညီအစ်ကို မောင်နှမအားလုံးက လက်တွဲပါဝင် ဆောင်ရွက်သင့်သည်ကို အထူး သတိ ပြုသင့်ပေသည်။

 ပြည်တွင်းပြည်ပ အဖျက်သမားတို့၏အန္တရာယ်ကိုလည်း တိုင်းရင်းသား အားလုံးက ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပူးပေါင်း ကာကွယ်တားဆီးဖို့ လိုအပ်လှပေသည်။

ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှု၊ ဖိနှိပ်သွေးစုပ်မှု၊ ပြည်တွင်း တည်ငြိမ်အေးချမ်းရေး ပျက်ပြားမှုစသည့် ခါးသီးသောအတွေ့အကြုံတို့ကို သင်ခန်းစာယူကာ တိုင်းရင်းသား အားလုံး က အမိမြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာပြည်အနှံ့ တိုင်းရင်းသား ညီအစ်ကို တို့ နေထိုင်ရာဒေသ အသီးသီးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံကောင်းများရရှိအောင် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် ဒီမိုကရေစီ စနစ် ဆက်လက်ရှင်သန် ဖွံ့ဖြိုးရန်အတွက် နိုင်ငံရေးတည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခ များချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရန်မှာ အဓိက လိုအပ်ချက် ဖြစ်ပေသည်။

ထို့ကြောင့် မြန်မာ့နိုင်ငံရေးလုပ်ငန်းစဉ်တွင် နိုင်ငံသားအားလုံး ပါဝင် လာနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရန် အတွက် တိုင်းပြည်တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေးဆောင်ရွက်နေပါသည်။ တိုင်းရင်းသားညီအစ်ကိုများ အားလုံးကလည်း ဝိုင်းဝန်းပါဝင် ကူညီ ဆောင်ရွက်ကြရန် လိုအပ်ပါသည်။



Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/02/12/id-2600

By Hmuu Zaw

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်