ဒီစာလေးဖတ်ဖူးတာတော့  ကြာပါပြီ ..။ဟုတ်သော်ရှိ မဟုတ်သော်ရှိ ရှယ်ထားတာကများတော့ အမှားတစ်ထောင်အောက် အမှန်ရောက်သွားမှာ စိုးလို့  ပါ။စစခြင်း ကျနော်တို့  ယုံနိုင် စရာ လေးတစ်ခု ကို ယေဘုယျလေးတွေး လိုက်ကြရအောင်။သူပြောတဲ့  ၂၀၀၁ ဆိုတာ တော်တော်လေး ရှေးကြနေပါပြီ။တပ်မတော်ရဲ့  အရာရှိ စစ်ဗိုလ် လစာက ၂၀၀၆ လောက် ထိ သောင်းဂဏန်းပါ။ဆိုလိုတာက စစ်ဗိုလ်တစ်ယောက် လစာက ပျမ်းမျှ(၂၀၀၀၀)သောင်း လောက် ပဲရှိပါ လိမ့် မယ်။မှတ်မှတ်ရရ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလောက်ထိပါ ပဲ။ပြော ချင်တာက လစာမဟုတ်ပါဘူး။ရုရှားကို ပညာတော်သင်သွားရရင် ဦးမောင်အေးက စစခြင်း ဒေါ်လာ(၁၀၀)ပေးတယ် ။
။နောက်ပြာပြာသလဲ တပ်ချူပ်က (၅၀)နဲ့ သူက (၅၀)ထပ်ပေးပြီး (၂၀၀) နဲ့ လွှတ်တယ်ပေါ့ဗျာ။ သူရေးထားတဲ့  အထဲမှာ ပညာတော်သင်တွေက နည်းလို့ ဆိုပြီး ငြီးတွားပါသတဲ့ ။မြန်မာပြည်က စစ်ဗိုလ်လစာ ၂၀၀၆ မှာတောင် သောင်းဂဏန်းပဲရသေးတာ ။ဒေါ်လာ(၁၀၀)ရဲ့  မြန်မာငွေပေါက်ဈေး က အရင် မြန်မာငွေ(၁၀၀၀)ကျော်ပါ။ဒါဆို ပညာတော်သင် တစ်ယောက် ရဲ့  လစာက တလကို မြန်မာငွေ တသိန်းပေါက်နေပါပြီ။ဒေါ်လာ(၂၀၀)ဖြစ်တဲ့  အတွက် ပညာတော်သင်တစ်ယောက်က ၂၀၀၁ မှာကတည်းက တလကို ဒေါ်လာ နှစ်ရာဖြစ် တဲ့  အတွက် နှစ်သိန်း စားနေရပါပြီ။ဒါကို နည်းလို့  ဆိုပြီးရေးသွားတာ က သာမာန်စာဖတ်သူ တစ်ယောက် ကတော့ ဟုတ်လိမ့် နိုးထင်ပါလိမ့် မယ်။ဒါက ပထမ တချက်မှားယွင်းမူ့ ပါ။
တပ်မတော်မှာ အချိန်တိုင်းနီးပါးဆေးစစ်ပါတယ်။ ရုရှားသွားမှ ဆေးစစ် တာအထူးအဆန်း မဟုတ်ပါဘူး။ဆေးအောင်ခြင်း မအောင်ခြင်းက လည်း သက်ဆိုင်သူနဲ့ သာ အဓိက တိုက်ရိုက် ပတ်သတ်ပါတယ်။မှတ်မသလောက်ဆို ဗိုလ်လောင်းရွေးတော့ လည်း စစ်ရတယ်။ ဗိုလ်လောင်းဖြစ်တော့  လည်းစစ်ရ တယ်။ကြားတဲ့  မှာ အရေးပေါ်တွေ ဖြစ်လာရင် လည်း ရောဂါ ကင်း ရှင်းရေး စီမံချက်နဲ့ စစ်တယ်။ဒီလို ပညာတော်သင်သွားဖို့  အတွက်လည်း စစ်တယ်။အထူးသဖြင့်  ရုရှားလို့  အေးချမ်းတဲ့  နိုင်ငံမျိုး အတွက် အဓိက လိုအပ်ချက်တစ်ခုပါ။ ပူပြင်းမူ့ တွေနဲ့  အသားကျနေတဲ့  ကျနော်တို့ လို့  လူတွေအတွက်ဆေးစစ်တာ အဆန်းမဟုတ် ပါဘူး ။တခုခုဖြစ် လို့  ချက်ခြင်းပြန်လာရအောင် စင်္ကာပူ ၊ထိုင်း ၊မလေးတို့ လို့  ၄ ၊၅ နာရီ ခရီးတစ်ခု မဟုတ်တဲ့  အတွက် အရေးကြီးပါတယ်။
သာမာန်လူတန်းစားတွေက ဘာဖြစ်ဖြစ်ဆေးအောင်တဲ့  ပုံစံနဲ့ ရေးထား ပါတယ်။မဟုတ်ပါဘူး ။ပြင်ဦးလွင်မှာ ဆေးမှတ်တမ်းတွေရှိပါလိမ့် ဦးမယ်။ကျနော်တို့  အပတ်စဉ်မှာ (၁၂)ယောက်ဆေး ကျပါတယ်။ဗိုလ်မှူးကြီး နှင့် အထက်အဆင့် ရှိ အရာရှိသားတွေမှ ဆေး တမင်ချတာမဟုတ်ပါ ဘူး။မဖြစ်စေချင်ရင် ဦးရွှေမန်းသား ဦးတိုးရွှေမန်းတို့  စစ်ဗိုလ်ဖြစ်လာ စရာအကြောင်းတောင် မရှိပါဘူး။
စာဖတ်သူတွေ နည်းနည်းလောက် တွေးဖို့ က တပ်ချူပ်က စကား တိုက်ရိုက်ပြော တာ အင်မတန်ရှားပါတယ်။နောက် ပညာတော်သည်တွေကို ကိုင်တာ ဦးမောင်အေးပါ။ စတုတ္တနိုင်ငံ တည်ထောင်လိုချင်သောကြောင့်  နူကလီးယား လက်နက်ကို ပိုင်ဆိုင်နိုင်အောင်လုပ်မယ်လို့  အမှာစကားပါး လိုက်တယ်ဆိုတာကတော့  မိန့် ခွန်းတခုအနေနဲ့  အထက်လူကြီး တစ်ယောက်ပြောထွက်မဲ့ စကားတခွန်းမဟုတ်ပါဘူး။ဟိုတလောက ပေါ်လာတဲ့  သတင်းလေး ကို စာဖတ်သူတွေဖတ်ဖူးကြပါ လိမ့် မယ် ။
ဒေါ်အောင်ဆန်းစုကြည်ကို လေးစားလို ယိုးဒယား ကျောင်းစာတွေ မှာ ပြဌာန်းပြီး သူ မ အကြောင်းသင်ရိုးညွန်းတမ်း လုပ်မယ်ဆိုတာလေး ပါ။မြန်မာကို ယိုးဒယားတွေ အသေမုန်း ပါတယ်။ဦးအောင်ဇေယျ သွား တိုက်ခဲ့ တဲ့  အချိန်တုန်းက ကလေးပါမကျန် မောင်းထဲ ထည့် ထောင်း တာတွေကို သူ့ တို့  သမိုင်းအဆက်ဆက် နားကျည်းမုန်းတီးအောင် သမိုင်း ဘာသာရပ်သင်ရိုးညွန်းတမ်းမှာ မြန်မာမုန်းတီးရေး အတွက် လုပ်ထားပါတယ်။ဒါက ခုခေတ်မှ မဟုတ်ပါဘူး။လုပ်လာ တာကြာပါပြီ။ ဒီလိုနိုင်ငံမျိုးက ဒီလိုသတင်းထွက်လာတာ ရိုးသားမူ့  တစ်ခု မဟုတ်ပါ ဘူး။ထားပါ။ပြောချင်တာက ယိုးဒယားကို ခြေထောက် နဲ့ ပါးရိုက်နိုင် မည်ဆိုတာလေးပါ။ယိုးဒယားက အမေရိကန်နဲ့  အမြဲတမ်း ကော်ပရာ (Cobra) စစ်ဆင်ရေး ပူးတွဲလေ့ ကျင့် ပါတယ်။လေ့ကျင့်မူ့  အကျိုးအမြတ်က ကျင့် ပြီးသားစစ်လက်နက်တွေ ပိုင်ဆိုင်ခွင့် ရပါတယ်။အဲဒီရလဒ်ကြောင့် ပဲ ယိုးဒယားက စစ်လက်နက်က မြန်မာထက် သာကောင်းသာနိုင်ပါ တယ်။ စိတ်ဓါတ်ပိုင်းမှာ အနိုင်မရလို့  မြန်မာကိုကျွန်ပြုရေး စာတမ်း တင်ခဲ့ တဲ့  ယိုးဒယားဘုရင်သားတော် စီမံကိန်းကယခုချိန်ထိ စာရွက်ပေါ်မှာ ရှိနေသေးတာ ပါ။
ဒါက သမိုင်းအဆက်ဆက် တပ်မတော်ရဲ့  တိုက်ခိုက်မူ့ စွမ်းရည်ကို မီးမောင်းထိုးပြတာပါ။ အနီးစပ်ဆုံး ဥပမာအနေနဲ့  ကမ္ဘာကို ဘယ်လိုမှ တိုက်မရနိုင်တဲ့ ခံစစ်စခန်းဆိုပြီ ကြေငြာ ထားတဲ့  အိုမီဂါ ၇ှိတ် တိုက်ပွဲမှာ ပြသသွားတဲ့  တပ်မတော်ရဲ့ တိုက်ခိုက် မူ့ စွမ်းရည်ပါ။ ပညာတော်သင်တစ်ယောက်ကို စာသင်မူ့ နဲ့  မဆိုင်တဲ့  သမိုင်းကြောင်းရယ် စစ်ရေးရယ် ကိုတော့  မိန်ခွန်းအနေနဲ ပြောမယ်လိုတော့ …………..မဖြစ်နိုင် တဲ့  ရေးသားမူ့  လို့ မြင် ပါတယ်။
နောက် ပညာတော်သင် အယောက်(၁၀၀)ကို ရုရှား ဆိုးသွမ်းလူတွေက လမ်းမပေါ် ဆော် ပလော တီးခဲ့ ပါတယ်တဲ့ ။ဖြစ်နိုင်မဖြစ်နိုင်ပေါ့ ဗျာ။အယောက် (၁၀၀)နဲ့ ရန်ဖြစ်ရင် ရုရှား ဆိုးသွမ်းကလည်း အနည်းဆုံး အယောက် (၁၀၀)ထက်မနည်းရှိမှာပေါ့နော် ။မြန်မာကျောင်း သားတွေကရော လမ်းမပေါ် အယောက်(၁၀၀)စလုံး စုဖွဲ့ သွားနိုင်ပါ့ မလား။နည်းနည်းတော့  ကျနော် တို့  တွေးတောစရာလေးပေါ့ဗျာ။ရလဒ်က ကျနော်တို့  မြန်မာကျောင်း သားတွေက အနေအထိုင်မတက် လို့ ဖြစ်ရတယ်ဆိုပြီးကောက်ချက် ချတယ်လို့ ရေးသားသွား တယ်။သူများ နိုင်ငံ မှာ နေပြီး ရန်သွားစ တဲ့ အဖြစ်က ဖြစ်နိုင်မဖြစ်နိုင်လေး တခုကို ခုခေတ်ပညာတက်တွေ သိ ပါတယ်။ဥပမာ ကိုယ်ကိုကိုယ် မလေး၊ထိုင်း၊စင်္ကာပူမှာ နေတဲ့ သူ လို့ မှတ်လိုက်ဗျာ ။ပြီးတော့  နယ်ခံလူစုကို သွားထိုးလိုက်။ဘယ်သူ လုပ်ရဲ သလဲလို့ ။နှစ်ရှည်နေမဲ့  သူအတွက်ဆို ပိုပြီး အနစ်နာခံပြီး သည်းခံပေါင်း ရတယ်မဟုတ်လား။ဖြစ်နိုင်မဖြစ်နိုင်တွေး တာကြည့် တော့  ဗျာ။
ရာသီဥတုဆိုးရွားမူ့ ကြောင့်  ဖျားနာရင် ဆေးရုံတင်ခွင့် မပြု လို့ ရေးထား ပါသေးတယ်။စစ်တပ် ဆိုတာ ဘယ်နေရာရောက်ရောက် အဖွဲ့  အစည်း နဲ့ ခေါင်းဆောင်ဆိုပြီး အမြဲ ရှိပါတယ် ။ဒီမှာ လည်း ကျန်းမာရေး ကော်မတီ၊ သာသနာရေးကော်မတီ အစရှိသဖြင့်  ဖွဲ့ စည်းထား ပါတယ်။ ကျန်းမာရေးအတွက်ဆေးရုံတင်ခွင့်  မပြုဘူးရေးသားထားကလည်း မဟုတ်ပါဘူး။ ကျန်းမာရေး အတွက် ပညာတော်သင်တွေ ကိုစောင့် ရှောက်ဖို့  ဆေးဘက်ဆိုင်ရာ တခုနဲ့  စာချုပ်ချုပ်ထား ပါသေး တယ်။ဘယ်ဆေးရုံသွားသွား ကဒ်လေး ပြပြီး ဆေးတောင်း ဆေးဝယ် လို့ ရပါတယ်။
လမ်းသွားရင် မတော်လို့  လက်ကျိုးသွားရင်တောင် ကဒ်မှာပါတဲ့  ဖုန်းကို ဆက်ရုံနဲ့  ဆေးရုံ ကား ချက်ခြင်းလာပါတယ်။ဒီလို ၀န်ဆောင်မူ့ မျိုးပေးထားပါတယ်။တီဘီလို လို ကင်ဆာ လိုလို ရောဂါခေါင်းစဉ် တပ်ပြီး ပြန်လွှတ်တယ်ဆိုတာလည်း မဟုတ်ပါဘူး။တိုင်းပြည်က ငွေနဲ့  ပညာတော်သင်တစ်ယောက်အတွက် ကုန်ကျထားတာ မနည်းပါဘူး။ဒီလိုလူတစ်ယောက်ကို ပညာတော် သင်တစ်ယောက်ဖြစ်ဖို့  အရင်ဆုံး ပြုစုပျိုးထောင်ရ ပါတယ်။နောက် ဒီနိုင်ငံကိုပို့  ရတယ်။ဒီလိုပညာတော်သင်တစ်ယောက်ကိုငွေကုန်ကြေးကျများစွာခံပြီး ပြီးစလွယ် မြနမာနိုင်ငံကိုပြန်ပို့ ဆိုတာ ယုံနိုင်စရာတောင်မရှိပါဘူး။
နောက် စာရေးသူက ဗိုလ်မှူးချူပ် တင်စိုးအကြောင်းပြောထားပါ တယ်။ဒါတော့  မရေးချင် ဘူးဗျာ။တလောက ဖတ်လိုက်ရသေးတယ်။ ဦးသန်းရွှေမှာ နောက်ထပ် ညီအကို မောင်နှစ် မရှိလားဆိုတာ စုံစမ်းနေ တဲ့ သတင်းလေး။လူတစ်ယောက်ကို အပုပ်ချတဲ့  Personal ကိစ္စတော့  သိပ်စိတ်မ၀င်စားလို့  မရေးတော့ ဘူး။
နောက် ကျောင်းသားတစ်ယောက်က စာမကျက်ပဲ ၊နဲ့ စာသင်နှစ်ကုန်တာနဲ့  မာစတာဘွဲ့  ၊ဒေါက်တာဘွဲ့ ကို ရပါသတဲ့ ။ဘယ်သူမဆို စာမကျက်ပဲ ရရင် အကုန်လိုချင်မှာပဲ မဟုတ်လား။ နည်းနည်း ဖြစ်နိုင်မဖြစ်နိုင်လေးလည်းတွေးပေးစေချင်ပါတယ်ဗျာ။
မြန်မာပြည်ကို ပြန်ရတဲ့  ကျောင်းသားတွေက ကျန်းမာရေး၊Language ပိုင်းအားနည်း၊ စာမေးပွဲ ကျ ဒါတွေပဲရှိပါတယ်။အမှန်တရား ဆုပ်ကိုင်ပြီးပြန် သွားတယ်ဆိုတာကလည်း ရေးချင် ရာရေးထားတာပါ။အဲထဲမှာ စိုင်းသိန်းဝင်းလို့  ပြည်ပြေးတော့  မပါဘူးပေါ့ဗျာ။တပ်မတော် မှာ ဗိုလ်မှူးဖြစ် တဲ့ အထိလည်းနေတယ်။တပ်မတော် အထူးသဖြင့်  ပြည်သူတွေက ရတဲ့  လစာ ယူတယ်။ဘာမှလည်း ဟုတ်တိပတ်တိ တိုက်ပွဲလည်းတိုက်ဖူး တာမ ဟုတ်။နောက် စစ်တပ် အကြောင်းကို BBC /VOA RFA တို့ ဆီမှာ သတင်းရောင်း စားတယ်။စစ်သားတိုင်း ထမင်း တလုပ်စားတိုင်း သစ္စာဆိုရ တယ်မဟုတ်လား။စစ်သားစကားနဲ့ ပြောရင်တော့  တနေ့  သစ္စာ စူးဦးမှာပါ။
ရုရှားကျောင်းသားများလို မကြိုးစားလို့ ရေးထားတာလေးလည်း သိအောင်ပြောပြချင်ပါ တယ်။ ရုရှားပညာတော်သင်တွေထဲက ထူးချွန် သူတွေက ရုရှား လူမျိုးတွေကို စာပြန်သင်ပေးနေ တာ မြန်မာပညာတော် သင်ကျောင်းသားတွေပါ။ကိုယ်မိခင်ဘာသာစကား မဟုတ်တဲ့ နိုင်ငံ သားတွေကို သူတို့  ဘာသာနဲ့ စာပြန်သင်ပေးရတဲ့  အဆင့် ဆိုတာ စာဖတ်သူ တချက် စဉ်းစားကြည့်ပေါ့ဗျာ။
တကယ်တော့  ရေးချင်စိတ်ရှိကိုမရှိတာပါ။အဲ ဆိုဒ်ဝါးစာကိုဖတ်ရင်းနဲ့ လည်း ရီ(ရယ်)ရပါ တယ်။ဒါပေမဲ့  အဲစာကို ရှယ်တဲ့ သူက ၃၀၀ ကျော်လောက် ဆိုတော့  အမှန်တရားလေး ပျောက် သွားမှာစိုးလို့  ရေးလိုက်ရခြင်းပါဗျာ။မြန်မာလူတွေက VOA BBC သွေး ထိုးပေးနေ သည် လို့  မြန်မာ့  အလင်း သတင်းစာကရေးတော့  လှောင်ကျပါ တယ်။တဖက်သတ် စွပ်စွဲမူ့ တခုရယ်လို့ ပေါ့။
ဘင်ဂလီကို တိုင်းရင်းသားဆိုပြီး မြန်မာ့  မြေပုံမှာ ဖော်ပြချက်ကို သူတို့ မတောင်းပန်ပေး ဖူးပါဘူး။အဲလိုပဲ ခု ဧရာဝတီ သတင်း ဆိုဒ်ဆိုလည်း မြန်မာဘက်ကို ရေးတာ သတင်းက တမျိုး။၊ အင်္ဂလိပ်လို ရေးတော့  သတင်းက တမျိုး။
စဉ်းစားပြီး ယုံပေးစေချင်တဲ့ စိတ်လေးနဲ့ ရေးလိုက်ရခြင်းပါ
အောက်က မူရင်းလင့် နဲ့ ယှဉ်ဖတ်ပါ.......................
(ပုံရိပ်စစ်)
မဟုတ်က ဟုတ်ကရေးထားတဲ့ သတင်းမူရင်းလင့်
စစ်ပြေးစိုင်းသိန်းဝင်းအကြောင်း လင့်
ပုံရိပ် စစ်

No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်