>မြန်မာနိုင်ငံသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန် ၁၉၇၃ ခုနှစ်ခန့်ကစ၍ အာရှဖွံ့ဖြိုးရေးဘဏ်မှ ဖွံ့ဖြိုးမှုချေးငွေများ ရယူခဲ့ပါသည်။
ယခုအခါ နိုင်ငံတော်အစိုးရသည် အဆိုပါချေးငွေ များ အနက် ပေးဆပ်ရန်
အချိန်စေ့ရောက်ပြီးနောက် ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိခဲ့သည့်
ကြွေးမြီ လက်ကျန် များကို အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန်အပြည်ပြည်
ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဘဏ်တို့နှင့် ညှိနှိုင်း၍ စာရင်းရှင်းလင်းရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
ယင်းသို့ကြိုးပမ်းခဲ့သည်နှင့်အညီ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဘဏ်ထံမှ
အမေရိကန်ဒေါ်လာ ၅၁၂ သန်းကို ပေါင်းကူးချေးငွေရယူ၍ အာရှ ဖွံ့ဖြိုးရေး ဘဏ်သို့
ပြန်လည်ပေးဆပ်နိုင်ခဲ့ပြီး အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ ပြန်လည် ရရှိသ်ည့
နှစ်ပေါင်း ၃၀ အတွင်း ပထမ အများဆုံးချေးငွေဖြစ်သော အမေရိကန်ဒေါ်လာ ၅၁၂
သန်းဖြင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဘဏ်၏
ပေါင်းကူး ချေးငွေအား ယင်းနေ့တွင်ပင် ပြန်လည်ပေး ဆပ်ခြင်းဖြင့်
ကြွေးမြီ လက်ကျန်စာရင်း ရှင်းလင်းခြင်းလုပ်ငန်းကို အောင်မြင်စွာ
ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။
ယင်းသို့အပြည်ပြည်ဆိုင်ရာ
ငွေကြေးအဖွဲ့အစည်းတစ်ခုဖြစ်သော အာရှ ဖွံ့ဖြိုးရေးဘဏ် ၏
ကြွေးမြီ လက်ကျန်များကို ရှင်းလင်းနိုင်ခြင်းကြောင့် မြန်မာနိုင်ငံသည်
နိုင်ငံတကာအသိုက်အဝန်းတွင် တာဝန် သိနိုင်ငံ တစ်နိုင်ငံအဖြစ်
အသိအမှတ်ပြုခံရမည် ဖြစ်သည့်အပြင် နိုင်ငံတော်အတွက် လိုအပ်နေသော
ဖွံ့ဖြိုးမှု ဆိုင် ရာ အတိုးနှုန်းသက်သာသည့် ချေးငွေအစီအစဉ်အသစ်များကိုလည်း
ပိုမိုတိုးတက် ရရှိလာမည် ဖြစ်ပါ သည်။
အာရှဖွံ့ဖြိုးရေးဘဏ်မှလည်း
မြန်မာနိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး
ပြုပြင်ပြောင်းလဲ မှုများ အတွက် ခိုင်မာသောအခြေခံအုတ်မြစ် တည်ဆောက်နိုင်ရန်
လိုအပ်သော လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ အကူအညီများ
ပေးအပ်နိုင်ရန် ပြန်လည်စတင်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
(၂၈-၁-၂၀၁၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်မှ)
============================== ==========
ကမ္ဘာ့ဘဏ်၊အာရှဖွံ့ဖြိုးရေးဘဏ်များက မြန်မာနိုင်ငံကို ထောက်ပံ့ကူညီမှုတွေ
ပြန်လည်ပေးအပ်လာနိုင်ခြင်း ဟာ ၁၉၇၃ခုနှစ်ခန့်ကစပြီး ချေးယူခဲ့တဲ့
ချေးငွေတွေကို ပြန်လည်ပေးသွင်းနိုင်ရေး ဆောင်ရွက်နိုင် ခဲ့ခြင်းကြောင့် ပဲ ဖြစ်ပါတယ်။
ကြွေးကျန် ချေးငွေတွေကို ပြန်လည်ရှင်းလင်းနိုင်ဖို့အတွက် ဂျပန်နိုင်ငံရဲ့ အကူအညီတွေကို ရယူပြီး ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီကနေ့ထွက်ပေါ်လာတဲ့ နိုင်ငံတကာသတင်းမီဒီယာတွေမှာ ကမ္ဘာ့ဘဏ်နဲ့ ADB တို့က
ထောက်ပံ့ ကူညီ မှုတွေ ပြန်လည်ပေးအပ်မယ့် သတင်းတွေ တွေ့မြင်နိုင်ပါတယ်။
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်