Sunday, 27 January 2013
ကျွန်တော်ရှာနေတဲ့ ၀ိဝါဒ မကွဲတဲ့ အဖြေလေး တွေ့သွားပါပီခင်ဗျာ
ဦးအောင်ဆန်း ဟာ ရန်ကုန် မြို့မ၊ လမ်းမတော်မြို့နယ် ကိုယ်စားပြုခဲ့တဲ့ အမတ်လောင်း တစ်ယောက် ဖြစ်ပါ တယ်.....ဦးအောင်ဆန်းကပဲ ကျွန်တော်တို့နိုင်ငံကို မြန်မာ ပြည်ထောင်စု နိုင်ငံတော်လို့ ခေါ်တွင်ရမယ်လို့ အဆိုပြုခဲ့ ပါတယ်.....ဦးအောင်ဆန်းကပဲ ဒီလိုပြောခဲ့ပါတယ်. အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော သမ္မတမြန်မာနိုင်ငံတော်နှင့် တကွ အပါအ၀င်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်းအားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ သက်ဆင်းစေရမည်......
ဗိုလ်ချုပ်ရဲ့ အဲ့ဒိစကား အကောင်အထည်ပေါ်လာရင် ပြည်ထောင်စုအတွင်းမှာရှိတဲ့ တိုင်းသူပြည်သားမှန် သမျှ လူမှုရေး ၊ စီးပွားရေး၊ နိုင်ငံရေးမှာ တရားမျှတမှု၊ အဆင့်အတန်း၊ အခွင့်အရေးနဲ့ ဥပဒေ သက်ရောက် မှုတွေ တန်းတူညီတူ ရှိလာမှာပဲ ဘာကြောင့်လည်းဆိုတော့ ပြည်သူတွေ တင်မြှောက်တဲ့ အစိုးရ ဖြစ်လာ မှာ ဖြစ်တဲ့အတွက်ပဲ......
ထို့အတူပဲ ပြည်နယ်တွေမှာလည်း ပြည်သူတွေ တင်မြှောက်တဲ့ ရွေးကောက်တဲ့ အမတ်တွေ မဟုတ်ပဲ တိုင်းရင်းသား အဖွဲ့အစည်းတွေ လက်နက်ကိုင် အုပ်ချုပ်နေတဲ့ ဒေသတွေမှာလည်း အဆိုပါ တိုင်းရင်းသားနဲ့ မှီတင်းနေထိုင်တဲ့ အခြားသော တိုင်းရင်းသားတွေအဖို့ သာတူညီမျှဆိုတာ အိပ်မက်ပမာ အလှမ်းဝေးနေမှာပါပဲ......
အခွင့်အာဏာ မှန်သမျှ ပြည်သူတွေထံမှ စီးဆင်းဖို့၊ ပြည်သူတွေ က ရွေးကောက် တင်မြှောက်တဲ့ အစိုးရဖြစ်စေ ဖို့ ပြည်သူ၊ ပြည်သားတွေ နဲ့သာ သက်ဆိုင်ပါတော့တယ်.......
James Mint
အမျိုးအစာ
ပေးစာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်