Pages

Tuesday 25 December 2012

လင်ကြီးငုတ်တုတ်နဲ့ ဟန်းနီးမွန်းခရီးဆန်ဆန် ထွက်တဲ့ NLD ပါတီ အမတ်ဒေါ်စန္ဒာမင်း သို့ပေးစာ



ကဲဗျာ.....

အထက်ပါ ကျွန်တော်တို့ရဲ့ လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား......ပြည်သူတွေအတွက် စဉ်းစားစရာ ကုန်ပါပြီလားခင်ဗျာ...။ခင်ဗျားတို့ဟာ မြန်မာနိုင်ငံသားစစ်စစ်များဖြစ်ကြမယ်လို့လည်း ယုံကြည်ပါတယ်...
အကျင့်စာရိတ္တကောင်းမွန်သူများဖြစ်မည်ဟုလည်း ယုံကြည်ပါတယ်...။မယုံလို့လည်း မရဘူးလေ... လွှတ်တော်ကိုယ်စားလှယ်တွေတောင်ဖြစ်နေပြီပဲ.... နော့။ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ဘ၀ကို သိပ်ကိုပဲ စာနာနားလည်နေတာ တွေ့ရလို့ ၀မ်းသာမိပါတယ်။



နောက်ပြီး ပြည့်တန်ဆာများရဲ့ ဘ၀ကိုလည်း အတွင်းကျကျ သိမြင်နေတဲ့အတွက်လည်း ဗဟုသုတ
ုပည့်စုံခြင်းကို လေးစားမိပါတယ်... ဘယ်လိုများ သိနေတာပါလည်းဆိုတာတော့ မမေးတော့ပါဘူး...
( ကိုယ်တွေ့တွေ လွှတ်တော်ထဲမှာ ရှင်းပြနေမှာ စိုးလို့ပါ...)တစ်ခုတော့ မေးချင်ပါတယ်..... ခင်ဗျားတို့ ဗုဒ္ဓဘာသာဝင်တွေ ဟုတ်ပါရဲ့လားလို့....... ?
ဘာကြောင့်မေးသလဲ သိပါသလား....။

ဗုဒ္ဓဘာသာမှာတော့ ပြည့်တန်ဆာဖြစ်ခြင်းအကြောင်းတရားတွေကို ဖော်ပြထားတဲ့နေရာမှာ
မပြစ်မှားထိုက်သူများဖြစ်တဲ့ ရတနာ(၃)ပါး၊ အနန္တော အနန္တ(၅)ပါး၊ ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားသဖြင့်သာ
ဒီဘ၀မျိုးကို ရောက်ရှိရတယ်လို့ ဆိုထားပါတယ်။


ပြည့်တန်ဆာတစ်ဦးရဲ့ ဘ၀ကို စဉ်းစားဝေဖန်ကြည့်ရအောင်......


(၁) သတ်မှတ် အခကြေးငွေပေးလျှင် သဘောတူကြည်ဖြူပေးရသည်။
( ထိုအထဲတွင် မဲသည်၊ ဖြူသည်၊ ပိန်သည်၊ ၀သည်၊ မွှေးသည်၊ နံသည်၊ ကြီးသည်၊ ငယ်သည် ရွေးချယ်ခွင့်မရှိပါ)မိမိနှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ လက်ခံပေးရသည်... မည်မျှ ကရုဏာဖြစ်စရာကောင်းပါသနည်း)

(၂) ဆုံတွေ့စဉ် (အလုပ်လုပ်စဉ်) ဤသို့၊ ထိုသို့၊ ဖြည်းဖြည်း၊ ကြမ်းကြမ်း၊ ဤပုံစံ၊ ထိုပုံစံ စသဖြင့် ငြင်းပိုင်ခွင့်မရှိပါ။

(၃) လိင်မှုကိစ္စတွင် အာသာငမ်းငမ်း နှစ်ခြိုက် ပျော်မွေ့သူမှအပ ကျေနပ်နေသူများမရှိပါ။
(စား၊ ၀တ်၊ နေရေးမှအတွက် ဤဘ၀အတွင်းသို့ ရုန်းကန်ရင်းကျရောက်သွားခဲ့ရသူလေးများအား
သားသမီးကဲ့သို့လည်းကောင်း၊ နှမငယ်လေးများအဖြစ်လည်းကောင်းတွေးကြည့်မိလျှင် အလွန်ပင်
စိတ်နှလုံးထိခိုက်ဖွယ်ရာဖြစ်ပါသည်။ ရုပ်ဝေဒနာပင်မက နောက်ဆုံးတွင်စိတ်ဝေဒနာပင်စွဲ ကပ်သွားခဲ့ ရပါသည်၊
ရှင်းရှင်းလင်းလင်း ပြောရလျှင် ဤကိစ္စတွင် အမျိုးသားများပင်လျှင် မကြည်ဖြူ မနှစ်သက်သူများနှင့် ဆုံတွေ့ပါကကျနပ်ခြင်း၊ စိတ်တက်ကြွခြင်း မရှိပါ၊ လုပ်ငန်း မဆောင်ရွက်ပါ။)

ဤသို့ ဆိုပြီးသော် တစ်ခုမေးပါမည်...

မြန်မာနိုင်ငံအကြောင်းနှင့် မြန်မာ လူမျိုးတို့အကြောင်းကို သေချာ ဃ န သိပါသလားဟု ?
မြန်မာနိုင်ငံဟူသည် ရှေးပဝေသဏီကတည်းက ဤကမ္ဘာမြေပေါ်တွင် ပေါ်ပေါက်ခဲ့သော နိုင်ငံဖြစ်ပါသည်။
( ပုံတောင်၊ ပုံညာ ဒေသတွင် နှစ်ပေါင်း သန်းချီသော ပရိုင်းမိတ်များ တွေ့ရှိခဲ့ရသည်အထိ ကာလကြာရှည်ခဲ့ပါပြီ၊ရာဂဏန်းမျှသော ကာလက ပေါ်ပေါက်ခဲ့သော နိုင်ငံ မဟုတ်ပါ။ )

မြန်မာလူမျိုးများ ဟူသည် ရှေးသမိုင်းအစဉ်အလာနှင့် ယဉ်ကျေးမှုကြီးမားသော လူမျိုးများ ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ပြီး ဗုဒ္ဓဘာသာ၏ ဗဟို မဏ္ဍိုင်ပြုရာနိုင်ငံနှင့် လူမျိုးများလည်း ဖြစ်ပါသည်။
မေတ္တာတရား၊ ဟီရိသြတပ္ပတည်းဟူသော (မကောင်းမှုတွင် ရှက်ခြင်းနှင့်ကြောက်ခြင်း) အရှက်နှင့် အကြောက်တရားတို့ဖြင့်သီလ(စောင့်ထိန်းခြင်း)၊ သမာဓိ (တည်ကြည်ခိုင်မြဲခြင်း)၊ ကိုယ်ချင်းစာခြင်း (လူသားဆန်မှု၊ လူ့အခွင့်အရေး စိတ်ဓါတ်ပြည့်ဝမှု)ယဉ်ကျေးမှုဓလေ့စရိုက်များဖြင့် နေထိုင်ကြ သူများဖြစ်ပါသည်။

မကောင်းမှု၍ ကံသုံးပါး (ကိုယ်၊ စိတ်၊ နှုတ်)တို့ကို ထိန်းသိမ်းနေထိုင်တတ်သူများ ဖြစ်ပါသည်။
ဖြစ်သင့် သည်မှာ... ပြည့်တန်ဆာဘ၀ရောက်ရှိနေရသူ သမီးငယ်လေးများအားကုလသမဂ္ဂမှ ဆောင်ရွက်ပေးသကဲ့သို့ ဤလုပ်ငန်းအစား အခြားသော အသက်မွေးမှု လုပ်ငန်းများကိုသာ ထူထောင်ပေးခြင်း၊ခန္ဓာကိုယ်နှင့် စိတ်ဓါတ်ပြည်လည် ထူထောင်ပေးခြင်း ( ဆေးဝါးကုသပေးခြင်း )၊
သနားစရာဘ၀များအား လူအများ စာနာနားလည်စေရန်နှင့် လူမှု အသိုက်အ၀န်းအတွင်း လက်ခံ စောင့်ရှောက်ပေးနိုင်စေရန်

ပညာပေးလုပ်ငန်းများ ထူထောင်ဖြန့်ဝေပေးခြင်းသာ ဆောင်ရွက်သင့်ပါသည်။တရားဝင် လိုင်စင်ဖြင့် ဆောင်ရွက်ခွင့်ပေးလျှင် တစ်နည်းအားဖြင့် ကျန်းမာရေးရှုထောင့်မှ ကောင်းမွန်သည်ဟုဆိုသည်ကို လက်ခံပါသည်။ သို့သော် ဤသို့ မသေချာသော ကောင်းမှုတစ်ခုအတွက်အကျင့်စာရိတ္တတည်းဟူသော၊ ကိုယ်ကျင့်တရားတည်းဟူသော အဘိုးမဖြတ်နိုင်သည့် သီလပျက်ယွင်းခြင်း၊ဂုဏ်သိက္ခာ ပျက်ယွင်းခြင်းကို လက်မခံနိုင်ပါ....။

တရားဝင် ဆောင်ရွက်ခွင့်ရလျှင် အပျော်အပါးခုံမင်လိုက်စားလိုသူ အမျိုးသားများ(အိမ်ထောင်သည်များ၊ လူငယ်များ)မှတရားဝင် ပျော်ပါးပါလိမ့်မည်၊ လုပ်ငန်းတစ်ရပ်အသွင်ဖြစ်ပေါ်လာပါက စီးပွါးရေးအဆင် မပြေသူ အမျိုးကောင်းသမီးလေးများအရင်းအနှီးအနည်းဆုံးနှင့် ငွေရအလွယ်ဆုံး လုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်ပါတော့မည်....

ကဲ... ကိုယ်စားလှယ်တော်ကြီးများခင်ဗျား...

အကယ်ဒမီသက်မွန်မြင့်ကတော့ဖြင့်အနမ်းခန်းလေးကိုပင် မြန်မာမိန်းကလေး ပီသစွာ ရှောင်ရှား သွား ခဲ့ပါ....။ကိုယ်စားလှယ်တော်ကြီးများ၏ လူမျိုးနှင့် ယဉ်ကျေးမှုစောင့်ထိန်းခြင်းဂုဏ်သိက္ခာကို ကျွန်တော် မသိသောလည်းအကယ်ဒမီ သက်မွန်မြင့်၏ ဆောင်ရွက်ချက်ကိုတော့ဖြင့် အစ်ကိုတစ်ယောက်အနေဖြင့် များစွာကျနပ် ဂုဏ်ယူမိပါသည်...၊ အလွန်ပင်ချစ်ခင်လေးစားမိပါသည်ခင်ဗျား...။

ပြည့်တန်ဆာလုပ်ငန်းနှင့် ရင်းနှီးကျွမ်းဝင်သည်ဟု ဆိုပါလျှင်လည်းလက်ရှိအခြေအနေတွင် ပြည့်တန်ဆာ ဘ၀ သို့ ရောက်ရှိနေရသူသမီးငယ်လေးများအား တွေ့ဆုံ၍ လုပ်ငန်းတွင် ပျော်ရွှင်ကျေနပ်ခြင်းရှိ/မရှိမေးမြန်းပါ....၊ ရှိသင့်/မရှိသင့် မေးမြန်းပါ...။

လက်ရှိအခြေအနေတွင် ပြည့်တန်ဆာဘ၀သို့ ရောက်ရှိနေရသူသမီးငယ်လေးများ၏ မိဘများနှင့် တွေ့ဆုံ၍
ဤလုပ်ငန်းဖြင့် ငွေရှာပေးနေရသူသမီးလေးများနှင့် ပတ်သက်၍ ပျော်ရွှင်ကျေနပ်ခြင်းရှိ/မရှိမေးမြန်းပါ....၊
ရှိသင့်/မရှိသင့် မေးမြန်းပါ...။

ထို့အတူ အိမ်ထောင်သည် အမျိုးသမီးများ၊ ဂုဏ်သိက္ခာရှိသော အမျိုးသားများ၊ သားရှင်၊ သမီးရှင်မိဘများအားရှိသင့်/မရှိသင့် မေးမြန်းပါ...။

နောက်ဆုံးတစ်ခု သတိပေးပါဦးမည်....လွှတ်တော် ကိုယ်စားလှယ်ဖြစ်တိုင်း ငါတို့အတတ်ဆုံးဖြစ်သည်၊

ငါတို့စကားသာ တရားဝင်သည်၊
ငါတို့ တောင်းဆိုလျှင် ဖြစ်ရမည် ဟူသော မိုက်လုံးကြီး အစွန်းထွက်သည့် စိတ်ကူးစိတ်သန်းများအား ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ပါသည်ခင်ဗျား......

မည်သည့် ဘာသာတွင် ဤသို့ ပြည့်တန်ဆာ ဆောင်ရွက်ခွင့် သတ်မှတ်ထားသည်ကိုတွေ့မြင် ဖတ်ရှုဘူးပါ သလဲ ?တင်းတင်းကျပ်ကျပ်တားမြစ်ထားသည်သာ ရှိပါသည်။ဤသို့တားမြစ်ခြင်းသည် အကျင့်သီလနှင့် သမာဓိတရားအား စောင့်ထိန်းရန်၊စာရိတ္တမဏ္ဍိုင် ခိုင်မာစေရန်အတွက်သာ ဖြစ်ပါသည်။

ပြည်သူလူထုမှ ရွေးချယ်ထားသော ကိုယ်စားလှယ်တော်ကြီးများအနေဖြင့်
ပြည်သူ၏ အကျိုးအတွက်၊ နိုင်ငံ အကျိုးအတွက်၊ လူမျိုး၏ အကျိုးအတွက်ေ ရရှည်ကို မျှော်တွေး၍ အမှန်ကိုမြင်၍ အမှန်အတိုင်း သုံးသပ်ဆောင်ရွက်နိုင်စေကြောင်း ဆန္ဒပြုလျှက်......

နောက်ဆက်တွဲ သတင်းအနေဖြင့်....

ဤသို့ လွှတ်တော်တွင် တင်ပြမည် ဟူသောဒေါ်စန္ဒာမင်းနှင့် ပတ်သက်သည့်ထူးခြားသတင်းလေးတစ်ခုအား Myanmar Express ၀က်ဆိုဒ်တွင် ဖော်ပြထားပြီး သွားရောက်ဖတ်ရှုနိုင်ပါတယ် ။

ကွန်ဆူးမား(၂၅-၁၂-၂၀၁၂)

1 comment:

  1. ဤပို့စ်ကို ကျွန်တော်ရေးခဲ့ပါသည်...

    သို့သော် ပို့စ်တွင် ပါသော ပုံများမှာ ကျွန်တော် ထည့်ထားခြင်း မဟုတ်ပါ..။

    ဤပုံများကို ပြန်ဖျက်ပေးပါရန် တောင်းဆိုအပ်ပါသည်။

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်