Pages

Tuesday 25 December 2012

ပြည့်တန်ဆာများ တရားဝင်လိုင်စင် ရရှိအောင် ကြိုးပမ်းသွားမည်ဟု NLD အမျိုးသမီး အမတ်တစ်ဦးပြော


ပြည့်တန်ဆာများကို တရားဝင် လိုင်စင်ထုတ်ပေးပြီး၊ စနစ်တကျ လုပ်ကိုင်နိုင်အောင် ကြိုးစားဆောင် ရွက်သွားမည်ဟု NLD ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။ ''ပြည့်တန်ဆာ မရှိ တဲ့ နိုင်ငံဆို တာမရှိပါဘူး၊ ပြည့်တန်ဆာဆိုတာ ဘုရားရှင်လက်ထက်ကတည်းက ရှိတာပါ။ ပပျောက်အောင်လုပ်တယ် ဆိုတာလည်း မဟုတ်ပါဘူး။ ပပျောက် အောင်လည်း လုပ်လို့မရပါဘူး''ဟု ¤င်းက ပြောသည်။



ကမ္ဘာ့နိုင်ငံ အများအပြားတွင် ပြည့်တန်ဆာနှင့်ပတ်သက်၍ တရား ဝင်လိုင်စင်များ ထုတ်ပေးပြီးစနစ် တကျဖြစ်အောင် ဆောင်ရွက်ပေး ထားကြောင်း၊ ထိုသို့ တရားဝင်လိုင် စင်များချထားပေးပါက ၄င်းတို့ကို အခွန်ကောက်ခံကာ တိုင်းပြည်အတွက် အခွန်ဘဏ္ဍာငွေများလည်း ရရှိမည်ဖြစ်ကြောင်း ပြည့်တန်ဆာ များကို တရားဝင် လိုင်စင်ချထားပေးနိုင်ရန် လွှတ်တော်၌ အဆိုပြုတင်သွင်းသွားမည် ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

''လိုင်စင်ထုတ်ပေးရင်ကောင်း တာပေါ့။ အခုဆိုရင် ရဲကို ကြောက် နေရတယ်။ လိုင်းကြေးလည်း ပေးရသေးတယ်။ တကယ်ဖြစ်ရင်တော့ ကောင်းမှာလို့ မျှော်လင့်မိတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ လိင်လုပ်သားတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းကို လုပ်ကိုင်နေသူ အမျိုးသမီး အများစုသည် အခြားအတတ်ပညာ များ တတ်မြောက်ခြင်းမရှိသည့်အပြင် ထွက်ပေါက်မရှိသည့်အတွက် ယင်း အလုပ်ကိုလုပ် ကိုင်နေခြင်းဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ဆက်ပြောသည်။

''လိုင်စင် ထုတ်ပေးနိုင်ပြီ ဆိုရင်တော့ ကောင်းတာပေါ့။ ကူးစက် ရောဂါဆိုတာ Sexworker တွေက တစ်ဆင့် အများဆုံး ကူးစက်နေတာပါ။ တခြားနိုင်ငံတွေမှာဆိုရင် ကူး စက်ရောဂါတွေ မဖြစ်နိုင်အောင်ကွန် ဒုံးသုံးရတယ်။ မသုံးရင် Sexworker ရောပျော်ပါးတဲ့ သူနှစ်ယောက်စ လုံးကို ပြစ်ဒဏ်ချမယ်ဆိုတဲ့ ဥပဒေ ပြဌာန်းထားပါတယ်'' ဟု မင်္ဂလာတောင်ညွန့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

HIV,AIDS အပြင် အခြားကူးစက် ရောဂါများဖြစ်ပွား မှုနှုန်းနည်းစေရန် ကွန်ဒုံးသုံးစွဲသင့်ပြီး Sexworker များကိုလည်း ကျန်းမာရေး စစ်ဆေးမှုများပုံမှန် ပြုလုပ်ကာ တရားဝင် လိုင်စင်များထုတ် ပေးသင့်ကြောင်း ၄င်းကပြောသည်။

Messenger News Journal

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်