Pages

Monday, 31 December 2012

မြန်မာ့အလံကို မစော်ကားကြပါနဲ့ (သို့မဟုတ် ) တိုင်းရင်းသားတွေပြိုကွဲဖို့ ထောင်ချောက်တစ်ခုလား



ထပ်ခါထပ်ခါရေးရလွန်းတော့ ကြာလာတော့ ကိုယ့်ကိုယ်ကိုယ်ရော မြန်မာပြည်ကြီးကိုရောမြန်မာကိုချစ်တဲ့သူတွေကိုရောပါ သနားမိလာပြီ ။ ဘယ့်နှယ့်တဆိတ်ရှိရင် အစိုးရကိုပဲ ၀ိုင်းထိုင်ဆဲနေကြပြီး ဘေးထိုင်ဘုပြော ။ အခုလည်း နည်းအမျိုးမျိုးနဲ့ စော်ကားတဲ့အနက်က မြန်မာ့အလံကို ချနင်းနေတဲ့ပုံ အင်တာနက်ပေါ်တက်လာပြန်တယ် ။


“ ၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၌ ကချင်စစ်ပွဲနှင့် ပတ်သက်၍ ဆန္ဒပြခဲ့ကြပါ သည်။ ထိုသို့ ဆန္ဒပြရာတွင် ဆိုင်းဘုတ်များ၊ ကြွေးကြော်သံ များဖြင့်အော်ဟစ်ဆန္ဒပြခဲ့ကြပြီး ကချင်ဝတ်စုံဝတ်ထား သည့် လူငယ် ၁၀ ဦးမှ နိုင်ငံတော်အလံအား ခြေဖြင့်နင်းပြီး ဓာတ်ပုံအရိုက်ခံကာမီးရှို့ခဲ့ကြောင်း သတင်းဓာတ်ပုံများ အရတွေ့ရှိရပါသည် ” တဲ့

မြန်မာပြည်မကောင်းကောင်းကို မြန်မာပြည်မှာ နေတဲ့သူတွေပြော မြန်မာစစ်စစ်တွေပြော တိုင်းရင်းသားတွေ မြန်မာပြည်ထဲကနေ ပြော အားလုံးကိုလက်ခံသလို နာလည်းမနာမိပါဘူး ။ ဒါပေမယ့် မြန်မာပြည်မကောင်းကြောင်းကို တခြားတိုင်းပြည်ကနေ မကောင်းပြောတာကတော့ ကျွန်တော်လက်မခံချင်ဘူး ။ နာလည်းနာမိတယ် ။ ဘယ့်နှယ့်တစ်ခုခုဆို တိုင်းပြည်တစ်ပြည်ရဲ့အရေးအကြီးဆုံးအမှတ်အသားဖြစ်တဲ့အလံကိုပဲ ခြေထောက်နဲ့နင်း မီးနဲ့ရှို့လုပ်နေကြတယ် ။ စဉ်းစားကြည့်ကြပါဦး ။ လုပ်ကြံပြီး ဖန်တီးထားတဲ့ပုံရောမဖြစ်နိုင်ဘူးလားလို့ သက်သာလိုသက်သာငြားစဉ်းစားမိပါသေးတယ် ။

တိုင်းရင်းသားဝတ်စုံတွေနဲ့ ဒီအလံကို ခြေထောက်နဲ့ နင်းနေတာကတော့မအပ်စပ်လှဘူး ။ အဲဒီသတင်းနဲ့ပတ်သတ်ပြီး အမေရိကန်တွင်နေထိုင်လျက်ရှိသော အငြိမ်းစားဆရာဝန်ကြီး ဒေါက်တာမြင့်စိုးမှ ဒီကိစ္စလုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ တစ်ကမ္ဘာလုံးကအသိအမှတ်ပြုထားတဲ့ နိုင်ငံရဲ့အလံတစ်ခုကို အခုလို လုပ်တာတွေကို နိုင်ငံသားတစ်ယောက်အနေနဲ့ လုံးဝလက်မခံနိုင်ပါဘူး ဒါတစ်နိုင်ငံလုံးနဲ့ဆိုင်ပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် ကချင်လူမျိုး တွေအပေါ် ကျန်တဲ့ နိုင်ငံသားတွေက အထင်အမြင်လွဲမှားသွားနိုင်ပါတယ်။

ဒီလိုလုပ်တာဟာ ကိုယ့်ရှူးကိုယ်ပတ်လာနိုင်သလို တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကိုထိ ခိုက်နိုင်ပါ တယ်ဟု ပြောဆိုသွားပါတယ် ။ အခုတော့ မြန်မာနိုင်ငံကိုချစ်ပါတယ်ဆိုပြီး စစ်ပွဲတွေရပ်စေချင်ပါတယ်ဆိုပြီး တခြားတိုင်းပြည်တွေမှာ နေပြီး စော်ကားမော်ကားလုပ်နေတဲ့အလုပ်တွေကိုတော့ ရပ်သင့်ကြပြီလို့ ထင်ပါတယ် ။

အခုကိစ္စက တိုင်းရင်းသားအချင်ချင်း စည်းလုံးညီညွတ်မှုကို ပြိုကွဲစေနိုင်တဲ့ထောင်ချောက်တစ်ခု လည်းဖြစ်နိုင်တယ် ဆိုတာသတိပြုစေချင်တယ် ”

ကျေးဇူးပြုပြီး မြန်မာကိုမချစ်တဲ့ နိုင်ငံအလံကို မချစ်တဲ့ သူတွေ ဒီလိုနည်းနဲ့ဆန္ဒမပြကြပါနဲ့ ။ သေးသိမ်လွန်းပါတယ် ။ ပြည်သူတစ်ရပ်လုံးကိုစော်ကားရာရောက်ပါတယ် ။ ထောင်ချောက်တွေ လည်းမဆင်နေပါနဲ့ အကုန်လံးကလညး မျက်စိပွင့်နားပွင့်နေကြပါပြီ ။ သမ္မတကြီးကိုယ်တိုင်လည်း တတ်နိုင်သမျှ အကောင်းဆုံးပြုပြင်ပြောင်းလဲနေပါတယ် ။ ဖိအားတွေပေးတာတော့ပေးတာပေါ့ သူ့ကျန်းမာရေးလည်းရှိသေးသလို အန်တီစုလည်းအသက်ကြီးလှပါပြီ ။ သမ္မတကြီး အန်တီစု နဲ့ ၈၈ ကျောင်းသား အဲဒီပြယုဉ်တွေသာမရှိတော့ရင် ကျွန်တော်ဖြင့် မြန်မာပြည်ဘာဆက်ဖြစ်မလဲ တွေးတောင်မတွေးနိုင်တော့ဘူး

ပြည့်အင်အားသည်ပြည်တွင်းမှာသည်ရှိသည်ဆိုတဲ့အတိုင်း သွေးခွဲတဲ့ကိစ္စတွေကို ရပ်တန်းကရပ်စေချင် တယ်။ တကယ်မြန်မာပြည်တိုးတက်စေချင်ရင် မြန်မာပြည်ထဲပြန်ဝင်လာပါ တိုင်းရင်းသားအားလုံးနဲ့စည်းလုံးစွာ ဒိုးတူဘောင်ဖက်လုပ်ကိုင်ပါ တိုင်းပြည်တိုးတက်အောင် ကြိုးစားကြပါ ။ နိုင်ငံခြားမှာနေပြီး အဆင့် အတန်းမရှိစွာ သွေးခွဲတဲ့လုပ်ရပ်တွေ ရပ်ပေးကြပါလို့ တောင်းဆိုပါတယ် ။

ကျွန်တော်ကတော့ မှတ်ချက် တစ်ခုပဲပေးချင်တယ် ။ ဒါဟာ တိုင်းရင်းသားတွေကို အထင်လွဲအောင် အထူးသဖြင့် ကချင်တွေကို မုန်းတီးအောင် ထောင်ချောက်ဆင်တာ အသိသာကြီးပါ ။ အခုလို လုပ်ရပ်ဟာ ဒီလိုအချိန်မှာပေါ်ထွက်လာတာ သတိကြီးစွာ ထားရမှာပါ ။ ဒီတော့ ပြည်သူလူထုလည်း ဖြစ်နိုင်မလား မဖြစ်နိုင်ဘူးလား စဉ်းစားချင့်ချိန်ပြီး စည်းလုံးညီညွှတ်မှုကိုမပြိုကွဲပါစေနဲ့ လို့ ဆန္ဒပြုရင်း ။

သက်တန့်ချို
Myanmar Online News

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်