Pages

Monday, 31 December 2012

ဝါးလုံးရှည်နဲ့သိမ်းကျုံးဆဲနေကြတဲ့ ကချင်များသို့

ဗမာတွေကို ၀ါးလုံးရှည်နဲ့သိမ်းကျုံးဆဲနေကြတဲ့ အချို့သော ကချင်တွေရဲ့ facebook က စာတွေကိုဖတ်ရတာ ဗမာတစ်ယောက်အနေနဲ့ စိတ်မချမ်းသာ ပါ။ ဗမာတွေဟာ တိုင်းရင်းသားတွေကို လူနည်းစုဆိုပြီး နှိမ်တတ် ခွာခွဲ တတ်တာမျိုးမရှိပါဘူး။ ကိုယ်တိုင်လည်း ရန်ကုန်မှာ တိုင်းရင်းသားပေါင်း စုံတက် တဲ့ကျောင်းမှာ တက်လာတာ သူကတော့ ကရင် သူကတော့ ကချင် ဆိုပြီး စိတ်ထဲမထားခဲ့ပါဘူး။


ကိုယ်နဲ့တသွေးတည်းတသားတည်းမြန်မာလိုပဲသဘောထားပြီးပေါင်းခဲ့တာပါပဲ။ တိုင်းရင်းသား သူငယ်ချင်းတွေ မိုလို့ ပိုခင်တာပဲရှိပါတယ်။ ရန်ကုန်နဲ့ပြည်မ မှာ ရှိတဲ့ ဘယ်တိုင်းရင်းသားမဆို တိုင်းရင်းသားဖြစ် တဲ့အတွက် အနှိမ်ခံရတာ ခွဲခြားခံရတာ မတွေ့ဖူးပါဘူး။

ရခိုင်အရေးမှာလည်း ရခိုင်မဟုတ်တဲ့ မြန်မာတွေအားလုံး ရခိုင်တွေနဲ့ထပ်တူ လက်သည်းဆိတ် လက်ထိပ် နာ တယ်ဆိုတဲ့စိတ်နဲ့ ရခိုင်တိုင်းရင်းသားတွေ ဘက်က ရပ်တည်ခဲ့/ရပ်တည်နေပါတယ်။
( ဘကတ Admin ရခိုင်သွေးတစ်စက်မှ မပါပါ။)

ကချင်ပြည်နယ် မြစ်ဆုံဆည်ကိစ္စ ဖြစ်တော့လည်း ကချင်ပြည်နယ်ဟာ ငါတို့ဒေသမဟုတ်လို့ဆိုပြီး မသိချင်ယောင်ဆောင်ခဲ့တဲ့မြန်မာမရှိပါဘူး။ ကချင်ဒေသခံတွေနဲ့ထပ်တူ မြစ်ဆုံဆည်ကြီးကို ကန့်ကွက်ခဲ့ ကြပါ တယ်။ မြစ်ဆုံဆည်ကို ကန့်ကွက်ခဲ့တဲ့အထဲမှာ ကချင်မဟုတ်တဲ့ဗမာနဲ့ အခြားတိုင်းရင်းသားတွေ အများကြီးပါပါတယ်။

ကချင်ဒေသမှာ တိုက်ပွဲဖြစ်တယ်ဆိုတာကလည်း တကယ်တော့ စစ်တပ်ခေါင်းဆောင်ပိုင်းနဲ့ ကေအိုင်အေခေါင်းဆောင်ပိုင်း အဆင်မပြေ လို့သာဖြစ်ရတာပါ။ အောက်ခြေမှာတကယ်တိုက်နေကြတဲ့ တပ်သား အဆင့်တွေတောင် အထက်က အမိန့်တွေကြောင့်သာ တိုက်ရမှာ ဘယ်သူမှ စစ်ဆိုတာကို လိုလားမှာ မဟုတ်ပါဘူး။ facebook ပေါ်မှာ ကီးဘုတ်ကိုင်ပြီး ဗမာကို ကလော်တုတ်ပြီး ဗမာမုန်းတီးရေးဝါဒ ဖြန့်ဖြူးတာဟာ တကယ်တော့ ကေအိုင်အေကို အထိနာစေမှာပါ။

ဒီလို ဗမာတွေကို မုန်းတီးတဲ့စာတွေကိုရေးသား ဆဲဆိုနေခြင်းဖြင့် ကေအိုင်အေ နဲ့ကချင်လူမျိုးတွေဘက်က စာနာရပ်တည်ချင်စိတ်ရှိနေတဲ့မြန်မာတွေ ကြားနေ မြန်မာတွေ ကို အစိုးရစစ်တပ်ဘက်က ရပ်တည်အောင် လုပ်တဲ့သဘောဖြစ်နေပါတယ်။ ဘယ်လူမျိုးမှ ကိုယ့်လူမျိုးကို ၀ါးလုံးရှည်နဲ့ ဆဲဆိုနေတဲ့သူတွေ ကို ထောက်ခံ အားပေးချင်မှာမဟုတ်ပါဘူး။

ဗမာမုန်းတီးရေးလုပ်လို့ကတော့ ကချင်လူမျိုးအတွက်ရောကေအိုင်အေ အတွက်ရော ပြည်ထောင်စု အတွက်ပါ ဘာမှ အကျိုးမရှိပါဘူး။ တကယ်ဆို ကချင်ဒေသမှာ စစ်ပွဲဖြစ်ရတဲ့အကြောင်းရင်းမှာ စစ်တပ်ခေါင်းဆောင်တွေကြောင့် သာမက အပစ်မရပ်ဘဲ နိုင်ငံရေး အရင်ဆွေးနွးမယ်ဆိုတဲ့ ကိုယ့်ဒေသခံပြည်သူ လူထုကို မသနား တဲ့ ကေအိုင်အေခေါင်းဆောင်ပိုင်းမှာပါ တာဝန်ရှိပါတယ်။


ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်