Pages

Sunday 4 May 2014

ကောလင်းသားတွေအတွက် ဟင်းကောင်းတစ်ခွက်


ကောလင်းဘူတာကို ရထားဆိုက်ရောက်လာတာနဲ့ အရင်ဆုံးတွေ့ရမှာက မဟာမိတ်ကြီးများ 
ဆိုင်ခန်းတွေပါ။ အထူးသဖြင့် ထမင်းဆိုင်တွေပေါ့ ရဟန်းသံဃာတွေ အတော်ဒုက္ခရောက်တဲ့ ဘူတာရုံပါ။


ထမင်းဆိုင်ခန်းက (၃)ခန်းပါ။ဦးနေဝင်း+ဒေါ်ချို မိသားစုက ကောလင်းဘူတာရုံဈေးကွက်ကို လက်ဝါးကြီး 
အုပ်ထားတာပါ။

လွန်ခဲ့တဲ့ အနှစ်(၂၀)ခန့်ကတည်းကပါ။

ရွှေမြန်မာတွေ (၅)သိန်းနဲ့ဆွဲထားတဲ့လေလံကို (၄၅)သိန်းပေးဆွဲလိုက်တော့ ရွှေမြန်မာတွေ ကော- ထွက် 
သွားရပါတော့တယ်။အဲဒီနောက်ပိုင်းတော့ လေလံကို မကြေညာခိုင်းတော့ဘဲ တိုးတိုးတိတ်တိတ်ပဲ 
လုပ်သွားတာ အနှစ် (၂၀)တောင် ကြာခဲ့ပါတယ်။သူများတတွေများ စီးပွားရေးလုပ်တတ်လိုက်ကြတာနော်။




ဒီလိုနဲ့ ဘူတာရုံရောက်တိုင်း  ငှက်ပျောသီးနဲ့ နှစ်ပါးသွားခဲ့ရတဲ့ သံဃာတွေ၊ နှာခေါင်းရှုံ့ရတဲ့ အဖြစ်မျိုး 
မကြုံရလေအောင် ဒေါ်ခင်မြင့် မိသားစုက ကြိုးစားလာပါတော့တယ်။


သီတဂုဆရာတော်ဘုရားကြီး ကြွလာစဉ်တုန်းက တရားထဲမှာ “မြန်မာတွေ လုပ်ကိုင်မစားတတ်ကြတော့ 
ဘူးလား မသိဘူး။ ဘူတာရုံမှာ မြန်မာထမင်းဆိုင် မတွေ့ရဘူး။”လို့ ထည့်သွင်းဟောကြားခဲ့တာ 
ဒ်ါခင်မြင့်နားထဲ ခုချိန်ထိ ကြားယောင်နေဆဲလို့ ပြောပါတယ်။ဒေါ်ခင်မြင့်က ကသာသူပါ။


ခင်ပွန်းဖြစ်သူက ဦးအေးနိုင်၊ လှည်းခေါင်းအလုပ်လုပ်ပါတယ်။

ကောလင်းမြို့၊ ကျော်ဇေယျာမြောက်ပိုင်း ရပ်ကွက်မှာ နေပါတယ်။

ထမင်းဆိုင်လေလံ အောင်ဖို့အတွက် ဒေါ်ခင်မြင့်တို့မိသားစု သုံးနှစ်သုံးမိုး ကြိုးစားခဲ့ရပါတယ်။

ဟိုက (၁၅) ယောက်အုပ်စု။

လူအင်အားလည်းတောင့်၊ ငွေအင်အားလည်းတောင့်။ ဒေါ်ခင်မြင့်က တစ်ယောက်တည်း။

ငွေအင်အားလည်းမရှိ။ လူအင်အားလည်း နတ္ထိပါပဲ။

အမျိုးသားစီးပွားရေးဟာ အမျိုးသားလက်ထဲမှာပဲ ရှိရမယ်။ ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ကြိုးစားခဲ့တာ အခုတော့ အောင်သွားပါပြီ။


၂ဝ၁၃ တုန်းက (၁၇၅)သိန်းနဲ့ပဲ လေလံချပေးခဲ့တာ။

၂ဝ၁၄ မှာတော့ (၆၈၀)သိန်းတောင် ဖြစ်သွားခဲ့တာပါ။

သုံးလတစ်ကြိမ် ငွေကြိုသွင်းရပါတယ်။

ပထမ သုံးလစာ (၁၆၉)သိန်းကျော် သွင်းပြီးသွားပါပြီ။

၉၆၉ အမှတ်တံဆိပ်ကို ဦးထိပ်ထားပြီး“ဒေါ်ခင်မြင့် - မြန်မာထမင်းဆိုင်”အမည်နဲ့ ဖွင့်မှာပါတဲ့။ဖွင့်ပွဲမှာ 
ရွှေမြန်မာတွေရဲ့ ယဉ်ကျေးမှုအတိုင်း သံဃာတော်တွေကို ဆွမ်းကပ်ဦးမှာပါတဲ့။၂၀၁၄ခုနှစ် ဇွန်လမှာ 
စဖွင့်မှာပါတဲ့။


လောလောဆယ်တော့ တူညီဝတ်စုံလေးတွေရယ်။ ဧည့်ကြိုစနစ်လေးရယ်။ ရင်ထိုးလေးတွေရယ်။ ဆက်ဆံရေး ပြေပြစ်ဖို့ရယ်။ သန့်ရှင်းလတ်ဆတ်ဖို့ရယ်။ ဈေးနှုံးသက်သာဖို့ရယ်။ စိတ်ရင်းစေတနာကောင်းနဲ့ အကောင်းဆုံး စီမံထားပါသတဲ့။

ဒေါ်ခင်မြင့်နဲ့ ပါလာသူက ဒေါ်သီပါ။

သူက သန့်စင်ခန်း လေးလုံး လေလံအောင်သူပါ။

လွန်ခဲ့တဲ့ သုံးနှစ်က အမျိုးသားနဲ့အဆင်မပြေတာကို အခွင့်ကောင်းယူပြီး ဦးနေဝင်း+ဒေါ်ချိုတို့က ဒေါ်သီထံမှ လုယူသွားနိုင်ခဲ့တာပါ။


အဲဒီတုန်းက ဒေါ်သီက (၁ဝ)သိန်းပဲ ပေးနိုင်ခဲ့ပါတယ်။

ဦးနေဝင်းတို့က (၁၄)သိန်းနဲ့ အောင်သွားခဲ့တာပါ။

အခုတော့ ဦးနေဝင်းတို့ သုံးယောက် အစုအစပ်က (၁ဝဝ)ပဲ ပေးနိုင်ပြီး၊ ဒေါ်သီက (၁ဝ၁)သိန်းနဲ့ နိုင်ခဲ့တာပါ။


သုံးလစာ (၂၅)သိန်းကျော် ပေးသွင်းပြီးပါပြီ။

အရင်တုန်းက ဌာနဆိုင်ရာ လုပ်ငန်းတွေမှာ လေလံချပေးရင် တိုင်းရင်းသားတွေကိုပဲ ပေးရမယ်လို့ စည်းကမ်းသတ်မှတ်ချက် ရှိခဲ့ပါတယ်။

ဒီစည်းကမ်းကို အကောင်အထည် ဖော်နိုင်ပါမှ ရွှေမြန်မာတွေ စီးပွားလက်လွတ် မဖြစ်နိုင်တော့မှာပါ။

ဝိုင်းဝန်း အားပေး ကူညီ ထိန်းသိမ်း ဆောင်ရွက်ကြပါစို့လား …..ခင်ဗျာ……။

ဒေါ်ခင်မြင့်+ဒေါ်သီ = 09.400439857



No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်