Pages

Tuesday 22 April 2014

မဟာတံတိုင်းကြီး အပြို NLD အာဏာ လွန်ဆွဲပွဲ ပြင်းထန်လာနိုင်




(နိုင်ငံရေးသမား၊ သတင်းစာဆရာ၊ ကွန်မြူနစ်အိုကြီး ဦးဝင်းတင်၏ နောက်ဆုံး ခရီးကို ဂုဏ်ပြု၍ ပြည်သူ့အာဏာက တင်ဆက်လိုက်ခြင်း ဖြစ်သည်)

Tuesday, April 22, 2014

သံမဏိလူသား၊ သေသည်အထိ ယုံကြည်ချက်ကို ဆုပ်ကိုင်သွားခဲ့သူ စသည်အားဖြင့် အမည်နာမအမျိုးမျိုး ကင်ပွန်းတပ်ခြင်းခံခဲ့ရသော ကွန်မြူနစ်အိုကြီး ဟံသာဝတီဦးဝင်းတင်သည် ဒီမိုကရေစီတိုက်ပွဲကို စိတ်လျှော့ လက်လျှော့၍ ထွက်ခွာသွားခဲ့ပြီ ဖြစ်သော်လည်း မပြီးဆုံးနိုင်သေးသည့် နောက်ဆက်တွဲများစွာ ကျန်ရှိခဲ့ကြောင်း သိရှိရသည်။

ပထမဆုံး နောက်ဆက်တွဲမှာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့အကြား သဘောထားကွဲ လွဲမှု ဖြစ်ပြီး ယင်းကွဲလွဲမှုတွင် ဦးတင်ဦးနှင့်အတူ ၈၈ ငြိမ်းပွင့်များက တစ်ဘက်၊ ဦးဝင်းတင်၏ နောက်ဆုံး ဆန္ဒနှင့် ဒေါ်အောင်ဆန်းစုကြည်က တစ်ဘက် အပြင်းအထန် ကွဲလွဲခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ အားပြိုင်မှု တွင် ၈၈ ငြိမ်းပွင့်၏ ကျောထောက်နောက်ခံဖြင့် ဦးတင်ဦးက အနိုင် ရရှိခဲ့ကြောင်း၊ ဤသည်မှာ ဦးဝင်းတင် မရှိတော့သည့်နောက် သဘောထားတင်မာသူ ခေါင်း ဆောင်ပိုင်းနေရာကို ဦးတင်ဦးက ဆက်လက် ရယူ မည့် အလားအလာကို ဖော်ပြနေကြောင်း သိရှိရသည်။

ဦးဝင်းတင် ဈာပနအတွက် ဒေါ်အောင်ဆန်းစုကြည်အား နံနက် ၇ နာရီ ခွဲ ခန့်တွင် ဖုန်းဆက်မေးမြန်းခဲ့ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ကွယ်လွန်သူ၏ ဆန္ဒအတိုင်း ချက်ခြင်းသဂြိုဟ်ပေးဖို့ ပါတီဥက္ကဌ တစ်ဦး အနေဖြင့် စေခိုင်းခဲ့ကြောင်း၊ ဦးတင်ဦးမှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဖုန်းဆက်၍ ၎င်းတို့၏ သဘောထား ကို ပြောကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်မှ ဦးဝင်းတင်ရဲ့ ၂၄ နာရီအတွင်း မြေကျပေးဖို့ ဆန္ဒကိုသာ ဦးစားပေး စဉ်းစား သင့်ကြောင်း ထပ်မံ တိုက်တွန်းခဲ့ကြောင်း၊ သို့သော် ဦးတင်ဦး၊ ဦးမင်းကိုနိုင်၊ ဦးမိုးသီးဇွန်၊ နိုင်ငံရေး အကျဉ်းသားများ အဖွဲ့၊ သတင်းစာ ဆရာများအသင်း နှင့် ရုပ်ရှင်အနုပညာသည်အချို့ ပူးပေါင်းကာ ဦးဝင်းတင်ရဲ့ ဈာပနကို ဧပြီလ ၂၃ရက်နေ့ ညနေ ၅နာရီ အချိန်တွင် ရေဝေးတွင် မီးသဂြိုလ်ပြီးအုတ်ဂူ သွင်း ရန် အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့ကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ကာယကံရှင်ရဲ့ ဆန္ဒအတိုင်း ဆောင် ရွက်ဖို့ တိုက်တွန်းခဲ့ပေမယ့် မည်သူမျှ နားမထောင်ခဲ့ကြကြောင်း၊ ဦးဝင်းတင် သေဆုံးရခြင်းတွင် ဆေးရုံ သို့ သေခါနီးမှ လွဲ၍ အားပေးဖော် မရသော ဒေါ်စုအပေါ် မကျေနပ်စိတ်အခံများ ဖြစ်နေကြသူ အားလုံးက  ဒေါ်အောင်ဆန်းစုကြည်၏ စကားကို နားထောင်စရာမလို ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒေါ်စုက ပါတီဥက္ကဌလေ။ ဦးတင်ဦးက ဗဟိုအကြံပေး၊ ဦးဝင်းတင်ကလည်း ဗဟိုအကြံပေးပဲ။ ဒီတော့ ပါတီဥက္ကဌ စကားကို နားမထောင်ဘူး ဆိုတာက သက်သက်မဲ့ လုပ်တာပဲ။ ၈၈ ပွင့်လင်းတွေကလည်း ဦးတင်ဦးနဲ့ အတူတူ ရပ်တည်တယ်။ ၈၈ က ဘာဆိုင်လို့လဲ။ သူတို့က နှမ်းလာဖြူးတာ။ ဒါက ပါတီတွင်းကိစ္စ၊ ၈၈ နဲ့မဆိုင်ဘူး။ ပြီးတော့ ဦးတင်ဦးကလည်း အကြံပေးဖို့ပဲ တာဝန်ရှိတာ။ ဥက္ကဌရဲ့ ဆုံးဖြတ်ချက်ကို ဖီဆန်တာကိုလည်း ဒေါ်စု အရမ်းပဲ စိတ်ဆိုးနေတယ်။ ကျွန်တော်တို့ကတော့ ဥက္ကဌဘက်ကပဲ ရပ်တည်တယ်” ဟု ကြားဖြတ်ရွေးကောက်ပွဲအပြီး NLD ပါတီသို့ ကူးပြောင်းလာခဲ့သော သာကူး ဟု ခေါ်တွင်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။

ဒုတိယနောက်ဆက်တွဲမှာ မိုးသီးဇွန်နှင့်အဖွဲ့က ဦးဝင်းတင်၏ အသုဘအလောင်းကို ရေချိုးသန့်စင်ပေးသည့် မှတ်တမ်းဓါတ်ပုံများ ဖြန့်ဝေပြီး နောက် လူသေ၏ဓါတ်ပုံများကို နိုင်ငံရေးအမြတ်ထုတ်နေခြင်းအပေါ် ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်မှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

တတိယနောက်ဆက်တွဲမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းကိုနိုင်တို့ ဆေးရုံသို့ သွားရောက် သတင်းမေးပြီးနောက် ဦးဝင်းတင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ရာ ဇီဝိန်ချွေသတင်းမေးမှုအပေါ် ဦးဝင်းတင် ထောက်ခံသူများက သံသယပွားနေခြင်း ဖြစ်သည်။

စတုတ္ထနောက်ဆက်တွဲမှာ ဒေါ်အောင်ဆန်းစုကြည် လာရောက်မေးမြန်းချိန်တွင် ဦးကိုနီအား နေရာပေးမှု ဆင်ခြင်သင့်ကြောင်း၊ NLD ပါတီအနေဖြင့် ဘင်္ဂလီများထံမှ ထောက်ပံ့ငွေများ လက်မခံရန် ဦးဝင်းတင်က ပြောကြားခဲ့သော်လည်း သတင်းများတွင် ဖော်ပြခဲ့ခြင်း မရှိခဲ့သည်ကို ဦးဝင်းတင်၏ အနီးကပ်တစ်ဦးက ဖော်ထုတ်လိုက်ခြင်း ဖြစ်သည်။

ပဉ္စမနောက်ဆက်တွဲမှာ ဦးဝင်းတင်ကွယ်လွန်ပြီးနောက် ဖြစ်ပေါ်လာမည့် NLD ၏ အာဏာချိန်ခွင်လျှာ ဖြစ်သည်။ ယခင်က ၀င်း-၀င်းဂိုဏ်း ဟု အမည်ပေးထားသည့် ခေါင်းမာဂိုဏ်းတွင် ဦးဆောင်သူ ဦးဝင်းတင် ကွယ်လွန်သွားပြီ ဖြစ်ရာ ကျန်ရှိသည့် ဦးဥာဏ်ဝင်းတစ်ဦးတည်းဖြင့် ဦးကိုနီ၊ ဦးဝင်းမြင့်၊ ဒေါက်တာမြတ်ဥာဏစိုးတို့ကို ယှဉ်နိုင်ရန် ခက်ခဲသွားပြီ ဖြစ်ကြောင်း၊ ဥက္ကဌ ဒေါ်စုကိုပင်လျှင် မှန်သည့်အတိုင်း ထောက်ပြ ပြောဆိုရဲသည့် ဦးဝင်းတင် မရှိတော့သဖြင့် NLD ခေါင်းဆောင်ပိုင်းတွင် ဒေါ်စု အမိန့် ပိုမိုကြီးထွားလာမည် ဖြစ်ကြောင်း၊ ဦးဥာဏ်ဝင်းကို ကိစ္စတစ်ခု အကြောင်းပြ၍ CEC မှ ထုတ်ပယ်ပစ်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း၊ မူလက ဒီလှိုင်းဂျာနယ် သိန်းထောင့်ငါးရာ အစဖျောက်မှုဖြင့် ဦးဝင်းတင်ကိုပါ CEC မှ ထုတ်ပယ်ရန် စီစဉ်ခဲ့သော်လည်း ပါတီညီလာခံဖြင့် ဖြုတ်ချမှ ရမည် ဟု တွက်ဆခဲ့ကြောင်း၊ ယခုအခါ ဦးဝင်းတင် မရှိတော့ပြီ ဖြစ်၍ ဦးဥာဏ်ဝင်းကို အလွယ်တကူ ရှင်းပစ်နိုင်တော့မည် ဟု ဦးကိုနီက ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရသည်။

သို့သော်လည်း ဦးတင်ဦးသည် ၈၈ ငြိမ်းပွင့်၏ ထောက်ခံမှုဖြင့် ပါတီတွင်း အာဏာတည်ဆောက်ရေးကို ပြန်လည်ဆောင်ရွက်လာနိုင်ကြောင်း၊ ဦးဝင်းတင် ဈာပနအစီအစဉ်တွင်လည်း ပါတီဥက္ကဌ ဒေါ်စုအနေဖြင့် မည်သို့မှ လွန်ဆန်နိုင်ခြင်း မရှိခဲ့သည်မှာ သက်သေဖြစ်ကြောင်း နိုင်ငံရေးဆောင်ပါးများ ရေးသားနေသူ ဆရာဝန် စာရေးဆရာတစ်ဦးက ပြောကြားသည်။

“ဦးဝင်းတင်က လေးစားစရာ နိုင်ငံရေးသမားတစ်ဦးပါ။ အခုလို ကွယ်လွန်သွားတဲ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ရပ်။ သို့သော်လည်းပဲ မိမိတို့ လွှတ်တော်အနေနဲ့ ပြောရရင်တော့ သဘောထားတင်းမာသူတွေအနေနဲ့ လွှတ်တော်နိုင်ငံရေးကို အစဉ်အမြဲ ဆန့်ကျင်နေခဲ့ကြတာ ဖြစ်တဲ့အတွက် NLD ပါတီ ပိုမိုကောင်းမွန်လာမယ် လို့ မိမိအနေနဲ့ မျှော်လင့်မိပါတယ်။ ပါတီဥက္ကဌ အစ်မကြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း ယခင်ကထက် ပိုမို လွတ်လွတ်လပ်လပ် ဆုံးဖြတ်လုပ်ကိုင် လာနိုင်မယ် လို့ ယုံကြည်ပါတယ်” ဟု လွှတ်တော်အကြီးအကဲ တစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှီရသည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကလည်း “ကျွန်တော်တို့အနေနဲ့ ဆရာကြီးဦးဝင်းတင်နဲ့ နိုင်ငံရေးအရ အမြင်မတူတာတွေရှိပါ တယ်။ ဒါပေမယ့် မိမိယုံကြည်ချက်အပေါ် ခိုင်မာစွာရပ်တည်ခဲ့မှုများနဲ့ သူ့ရဲ့ စွန့်လွှတ်ခဲ့မှုများ အတွက် ဆရာကြီး ဦးဝင်းတင်ကို ကျွန်တော်တို့အားလုံးလေးစားပါတယ်။ နိုင်ငံနဲ့လူမျိုး ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီ ထွန်းကားရေးအတွက် သူယုံကြည်ရာ နည်းလမ်းနဲ့ အကောင်အထည်ဖော်လိုတဲ့ ဆရာကြီးရဲ့ စေတနာကို ကျွန်တော်တို့ အလေးထားတဲ့အတွက် အမြင်ချင်းမတူသည့်တိုင်အောင် ဆရာကြီးရဲ့ အတွေးအမြင် သဘောထားများကို ကျွန်တော်တို့အလေးထားမှတ်သားကြပါတယ်။ ဆရာကြီး ကွယ်လွန်သွားခြင်း ဟာ မြန်မာ့နိုင်ငံရေးမှာ မိမိယုံကြည်ချက်ကို ပွင့်ပွင့်လင်းလင်း မထောက် မညှာပြောလေ့ရှိတဲ့ အသံတစ်သံ ပျောက်ဆုံးသွားခြင်းပဲဖြစ်တဲ့ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပဲဖြစ်သလို သတင်းစာလောကအတွက်ဆိုရင်လည်း အတွေ့အကြုံရင့်ကျက်တဲ့၊ အတတ်ပညာ ပြည့်ဝတဲ့ သတင်းစာ ဆရာကြီးတစ်ဦး ဆုံးရှုံးရခြင်းဖြစ်တယ်လို့ ကျွန်တော်တို့ယုံကြည်ကြောင်း တင်ပြအပ်ပါတယ်” ဟု ရေးသားဖော်ပြခဲ့သည်။

“ဦးဝင်းတင်က အမာလိုင်းပဲ။ ဒီနေ့ခေတ်က အမာလိုင်းသမားတွေ ခေတ်မရှိတော့ဘူး။ ဒါ့ကြောင့်လည်း NLD မှာကို နေရာပေးတာ မခံခဲ့ရတာ။ ဒါပေမယ့် မသေခင် နောက်ဆုံး လုပ်သွားတာကို ပြန်ကြည့်လိုက်ရင် ဆရာတော်ဦးဝီရသူကို သွားပြီး ညှိနှိုင်းတာ တွေ့ရတယ်။ ဒီလိုမျိုး အကွက်တွေကို လုပ်နိုင်တဲ့သူ လုပ်တတ်တဲ့သူ NLD မှာ မရှိတော့ဘူး။ ရှေ့နေဦးကိုနီတို့ ဦးဝင်းမြင့်တို့ အုပ်စု ပိုပြီး အားကောင်းလာနိုင်တယ်။ ဒေါ်စုကို ၀န်းရံဖို့ မှာသွားတယ် ဆိုတဲ့ ၈၈ ငြိမ်း ပွင့်အနေနဲ့ NLD ထဲကို ၀င်လာပြီး ခေါင်းဆောင်ပိုင်း နေရာအတော် များများကို ယူမယ် ကြားတယ်။ ဒီလို ၀င်မလာနိုင်အောင် ဦးကိုနီတို့အုပ်စုက ဆော်ကြလိမ့်မယ်။ ဦးဝင်းတင် သေသွားတော့ အာဏာ လွန်ဆွဲပွဲ ပိုပြီး ပြင်းထန်လာမှာ သေချာတယ်” ဟု သည်လေဒီးစ်ဂျာနယ် အယ်ဒီတာတစ်ဦးက ခန့်မှန်းပြောကြားသည်။

ဦးဝင်းတင်သည် သတင်းစာသမား ဘဝ၊ နိုင်ငံရေးသမား ဘဝနဲ့ ဖြတ်သန်း လာခဲ့ရတဲ့ ကာလ တလျှောက်လုံးတွင် အာဏာရှင် အစိုးရများ၏ လွဲမှားနေသည့် လုပ်ဆောင်ချက်များကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်ခဲ့သူ ဖြစ်သည်။ အလားတူ NLD ပါတီ ခေါင်းဆောင်များ အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားများ၏ လွဲချော်မှုများကိုလည်း ထောက်ပြ ဝေဖန်သူ တဦးလည်း ဖြစ်သည်။

P-984762092675

11 comments:

  1. { စွတ် ဖဲ့ }22 April 2014 at 05:54



    NLD ပါတီမှာ သေသင့်တဲ့သူက မသေပဲ

    မသေသင့်တဲ့သူက သေသွားရတယ်......

    ပြောမဲ့သာ ပြောရတာပါ........NLD ပါတီထဲ

    မှာ သေသင့်သေထိုက်တဲ့ သူတွေက တစ်

    ပုံကြီးပါပဲ........ဥပမာ ဘွားတော်ကြီး ၊ ဦးဝင်း

    ထိန် ၊ ဦးကိုနီ စသည်ဖြင့်ပေါ့လေ.................

    ReplyDelete
  2. { စွတ် ဖဲ့ }22 April 2014 at 06:13

    အားလုံးထဲမှာ
    အသေသင့်ဆုံး
    ပြည်သူတွေကလဲ အသေစေချင်ဆုံးကတော့ .....

    နေရာတကာမှာ ခွေးကျိုး ကန့်လန့် ကန့်လန့်
    အမြဲလုပ်တတ်ပြီး
    လေကိုအရင်းပြုလို့ လုပ်စားနေကြတဲ့ .......

    တိုင်းပြည် နဲ့ လူမျိုးကို အရင်ကလဲ အကျိုးမပြုခဲ့
    နောင်လဲ ဘယ်တော့မှ အကျိုးပြုမှာ မဟုတ်တဲ့
    "88 အလုပ်လက်မဲ့ လူလိမ် လုပ်စား အဖွဲ့ " ပါပဲ


    ReplyDelete
  3. { စွတ် ဖဲ့ }22 April 2014 at 07:04

    88 မြအေး ခေါကြီး ကိုကိုကြီး ဂျင်မီ
    အဲဒီ အောက်တန်းစား ခွေးမျိုးတွေကို
    ငါ့ခြေထောက်ကို လျှာနဲ့ လျက်ခိုင်းပြီး
    စောက်ခွက်တွေကို ဖိနပ်နဲ့တန်းစီ ရိုက်ပစ်မယ် ..........

    သူတို့မိန်းမတွေကိုတော့ ငါ့အိမ်က ခွေးတွေနဲ့
    မိတ်လိုက်ခိုင်းရမယ် .......

    ReplyDelete
  4. အဂ္ဂမဟာ ဒုက္ခမုန့်စိမ်းပေါင်း22 April 2014 at 07:07

    ဟဲ့ကောင် စွတ်ဖဲ့
    မင်း ဒီနေ့ ကုလား ဘောယက်ပြီးပြီလား ?
    ဟင် ဟဲ့ကောင်

    ReplyDelete
    Replies
    1. { စွတ် ဖဲ့ }22 April 2014 at 08:36

      ဟုတ်ကဲ့ ပါ အကို
      ယက်ပြီးပါပြီဗျ ..........

      Delete
  5. ဘုရားတရားမရှိတဲ့ အကုသိုလ်ကောင်ကြီးတော့ငရဲပြည်တန်းနေတာပဲ။မပူနဲ့အနောက်မှာကုလားမဒေါ်စုနဲ့ဦးတင်ဦးတို့လဲ အဖေါ်လိုက်လို့ မရဏမင်းကြီးရှေ့မှာစုံကြပေါ့ကွယ်။။။သွတ်သွတ်....

    ReplyDelete
  6. ကွန်မြူနစ်ဆိုတာနဲ့ဘုရားတရားမရှိဘူးလို့မင်းအမေလင်ကပြောတာလားကွ ကွန်မြူနစ်ဆိုတာနိုင်ငံရေးအယူဝါဒ ဘာသာရေးနဲ့ဘာမှမဆိုင်ဘူး ငါလိုးမကာဠုမယားပါသားတွေ ဗိုလ်ချုပ်အောင်ဆန်းလဲကွန်မြူနစ်ပါတီခေါင်းဆောင်ပဲ အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ဝါဒမို့မင်းတို့ပထွေးအာဏာရှင်တွေဒီဝါဒကိုရှုတ်ချထားတာ
    မင်းတို့ကောင်တွေကတော့လေ ပညာမဲ့အဆင့်အတန်းမရှိတဲ့ နွားတွေ

    ReplyDelete
  7. လျှောက်ပြောမနေနဲ့။ အပေါ်က ကိုယ်အမေကိုယ်တရာလိုးရေ။ ဘုရားတရားမရှိတာကွန်မြူနစ်မှမဟုတ်ဖူး မင်းအမေစောက်ဖုတ် ကုလားစုလဲတူတူပဲ။ ဒီအကုသိုလ်ကောင်ကြီး ငဝင်းတင်လဲငရဲအိုးဇောက်ထိုးဂိုးသွားပြီ။ ကောင်းလိုက်တာ။ သူမြှောက်ပေးခဲ့လို့ နားယောင်လမ်းမှားလိုက် သေခဲ့တဲ့သူတွေအတွက် ပြန်သေရတာပဲ။သူ့နောက်လိုက် မင်းတို့လိုဂယောင်တွေလဲ သူ့နောက်လိုက်ဖို့ စောက်ရူးကျော်သူဆီမှာစာရင်းပေးထားကြပေါ့။ မသာသူဌေးကျော်သူတို့တော့ထောပြီးရင်းထောပဲ။ ဟဲဟဲ

    ReplyDelete
  8. Myo Han Htun @ Ko Toe23 April 2014 at 00:08

    ဒါ...ဒါ ဒီမအေလိုးကြီး ငါတို့ဘာသာကို စော်ကားတာ
    မင်းလိုကောင် သေရင်တော့ ကျော်သူ မောင်းတဲ့ မသာကားနဲ့တောင် အဆင့်ရှိရှိ သေရမယ် မထင်နဲ့ ။

    မသာချပေးမဲ့သူတောင် မရှိပဲ ချီးတွင်းထဲမှာ ခွေးသေဝက်သေ သေရလိမ့်မယ်
    မြဲမြဲ မှတ်ထား အပေါ်က ချီးပေကောင် ။
    စွတ်ဖဲ့ ဆိုတဲ့ မယားပါသား နဲ့ အပေါင်းအပါနွားတွေ လဲ မှတ်ထားကြ

    ReplyDelete
  9. ဦးစံရှား23 April 2014 at 00:42

    88 group should go to hell together with U Win Tin .

    ReplyDelete
  10. ဦးဝင်းတင်နဲ့ ၈၈သူခိုးတွေ ငရဲကိုတူတူသွားကြရင်ကောင်းမယ်။ နိုင်ငံရေးသမား အလောင်းရှာတယ်ဆိုတာ ခုလက်တွေ့ပဲ။ ရွံစရာအာပလာတွေ။ ထွီ။

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်