Pages

Saturday 19 April 2014

ကိုယ့် အိပ်ကပ်ထဲက မပါတဲ့ Human Rights။

Face Book ပေါ်မှာ မဟာ ဂရုဏာ မေတ္တာရှင်ကြီးများ အား မကြာခဏတွေ့ရလေသည်။
ဟယ်သနားပါတယ် လူသားချင်း မစာနာဘူး
လူကိုလူလို ဆက်ဆံပါတို့
ဒါမျိုး မဖြစ်သင့်ဘူး
ဘာသာအားလုံး အတူတူ ဘဲ
လူအခွင့်ရေးတန်းတူတို့ ဘာတို့ ညာတို့.....

ဆိုတာ ကျနော် တို့ ငယ်ငယ် က ကြားနေကြ အိပ်ရာဝင် ပုံပြင်ထဲကမင်းသားလေး နဲ့ မင်းသမီးလေး ပျော်ရွှင်စွာ အသက်ထက် ဆုံးနေထိုင်ကြလေသတည်း ဆိုတာမျိုး တွေပါ..အမှန်က ပြသနာ က အဲဒီကမှစတာပါ......

လူတွေ က စိတ်ကူးနဲ့ စာ နာ သနား တတ်တဲ့နေရာ မှာအားလုံး နီးပါးကတော့ လူသူတော်ကောင်းတွေပါ ဘဲမိမိအိပ်ထဲက မပါမခြင်းပေါ့လေ....



အဲဒီနေရာရောက်တော့
ဆရာမ ဂျူး ပြောခဲ့ဘူးတဲ့အမေရိကန် အက်ဆေး ဆုရ တဲ့ Essay တိုလေးကို သတိရ မိပါ သည်။
အက်ဆေး ထဲမှာ(ပင်စင်သွားခါးနီး အဖိုးကြီးတစ်ဦး ရထားလမ်းလွဲ တိုင် ကို ကိုင် ရင်း ..ရထား လမ်းပေါ် က ကလေးကို ကယ်မလား...တစ်သက်လုံးစုဆောင်း ထားတဲ့ ငွေနဲ့ ၀ယ်ထားတဲ့ တစ်ဖက် လမ်းလွဲ မှာရပ်ထားတဲ့သူ့ ကားကို အဆုံးခံမလား) တွေဝေပြီး ရပ်နေတဲ့ ပုံပြင် လေးပါ။

(ပုံပြင်ထဲမှာ ကလေးကိုအသေခံ လိုက်ပါတယ်)
ပြီးတော့ သင်သာဆို ရင် ဘာလုပ် မလဲ လို့ လဲ မေးခွန်းလေးကိုမေးပြီးမှ...သင့် အဖြေ ဟာ ကလေးကို ကယ် မယ် လို့ သာဆို ခဲ့မယ်ဆိုရင် တဲ့...တစ်သက်လုံးစုဆောင်းထားတဲ့ ကားကို အဆုံး ခံရဲတဲ့ သင်ဟာအခု သင့် ပတ်ဝန်းကျင်က ခလေး ဘယ်၂ယောက် ကို ကူညီ ခဲ့ ဘူး ပါသလဲ
( ကိုယ်ဘာကိုယ် ပြန်မေးကြည့်စေချင်တယ်)ဆို ပြီး အသုံးသပ် ခဲ့တယ်။

သိတ် ထိမိ တဲ့ တင်စားချက် လေး ပါ။ဆရာမ ကဆက် ပြောပါသည်...ဒလိုင်မား လို့ခေါ်တဲ့ ဝေခွဲရခက်စေတဲ့ "ဘ၀ ရဲ့ အကြောင်းအရာတွေ ဟာ ကိုယ်တိုင်တကယ် မကြုံ ခင်တော့ေ ခါင်းထဲက ထွက်လာတဲ့ အဖြေ တွေ ဟာ မှန်ကန်၊ တိကျ၊ ပြတ်သားနိုင်ပေမဲ့ တကယ်တန်း ကြုံလာရင်လူတွေဟာ တွေဝေတတ်တယ်" ဆိုတာကို သဘောတူ မိပါတယ်။
ပြန်မေးကြပါဦး ကမ္ဘာ တစ်လွှား က ဘေးဒုက္ခတွေ စုတ်သတ် နေလိုက်ကြတာလေ နဲ့ လူသားချင်း စာနာ ကူညီ မနေပါနဲ့ကိုယ့် အိမ်ဘေး ကိုယ့် ရပ်ကွက် ထဲက ဆင်းရဲသားတွေ ကို တောင် ဘာတွေ ကူညီဘူးလဲ
ဗျာ ....ကျနော်လား ကျနော်လဲ ခင်ဗျားတို့ လို ဘဲပေါ့ဗျာ .....လူသားချင်းစာနာ တို့ ဘာတို့ ညာတို့ ပေါ့ ဟဲဟဲ
ဂွစာ။

Yar Zu

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်