Pages

Saturday 5 April 2014

ဆင်ခြင်တုံတရားမဲ့ စကားများနဲ့ မင်းကိုနိုင် (အပိုင်း-၁)



“စကား စကား ပြောပါများ.. စကားထဲက ဇာတိပြ” ဆိုတဲ့ မြန်မာစကားပုံတစ်ခု ရှိပါတယ်။ လူတွေ ဟာ အမူအယာနဲ့ ဘယ်လောက်ပဲ ဖုံးကွယ်ဟန်ဆောင်ထားပါစေ စကားများများပြောလိုက်ရင် သူတို့ရဲ့ မူလ ဇာတိတွေကတော့ ပေါ်လာတာပါပဲ။ ဒီကနေ့ ကျောင်းသားခေါင်းဆောင် လို့ လူအချို့ သတ်မှတ်ထားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ စကားတွေကလည်း တဖြည်းဖြည်းနဲ့ ဆင်ခြင်တုံတရား မဲ့ လာတာတွေကို သတိထားမိလာပါတယ်။နည်းနည်းချင်း သတိပြုမိခဲ့တာတော့ ကြာပါပြီ။

အရင်တုန်းက ပြောစကားတွေက ခံစားချက်တွေကို ဦးစားပေးပြောလာပေမယ့် တဖြည်းဖြည်းနဲ့ လူဗြိန်း ကြိုက် စကားလုံးတွေနဲ့ စည်းရုံးလာသလိုဖြစ်နေပါတယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်အောင်ဆန်းကို ပင် ဗိုလ်ချုပ်ဟု ခေါ်စရာမလို ဦးအောင်ဆန်းဟုသာ ခေါ်ရမည်ဟု ဆိုလာပြန်ပါတယ်။ စစ်တပ်မရှိပဲ ရပ်တည် နိုင်ကြောင်း ပြောလာပြန်ပါတယ်။ အမေရိကန်၊ ဥရောပ တခွင် ခြေဆန့်နေပြီး ကမ္ဘာလှည့်နေသူ တစ်ဦး အနေ နဲ့ ဤမျှ ဗဟု သုတ မခေါင်းပါး သင့်ပါ။ ဤကဲ့သို့သော ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ စကားမျိုးတွေ မပြော သင့်ပါ။ စစ်တပ်ကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သလို စစ်တပ်ကြောင့်ပဲ မြန်မာနိုင်ငံ ဒီမိုကရေစီ ရခဲ့တာပါ။ ကမ္ဘာမှာ စစ်တပ်မရှိတဲ့ နိုင်ငံတွေ ရှိသလို စစ်မှုမထမ်းမနေရ စနစ် ကျင့်သုံးနေတဲ့ နိုင်ငံတွေ လည်း အများအပြားရှိပါတယ်။

ြ
မြန်မာနိုင်ငံလို တိုင်းရင်းသားလက်နက်ကိုင် အများအပြား ရှိတဲ့ နိုင်ငံကို စစ်တပ်မရှိလို့ ဘာမှမဖြစ်ဘူး လို့ ပြောတဲ့   ကိုမင်းကိုနိုင်ကို စိတ်ပျက်မိပါတယ်။ စစ်တပ်မရှိရင် မြန်မာရေပိုင်နက်ထဲ တခြား သင်္ဘောတွေ ဝင်နေချိန် ၈၈ ကျောင်းသားတွေ ဘာလုပ်ပေးနိုင်မှာလဲ? မြန်မာ့လေပိုင်နက်ထဲ တခြားလေယာဉ်တွေ ပျံနေ ရင် ကိုမင်းကိုနိုင်တို့ ဘယ်လို ထိန်းချုပ်နိုင်မှာလဲ? စကားကိုဆာ ပြောတိုင်းလည်း မကောင်းတာကို အသက် ၅၁ နှစ်အရွယ်ရောက်တဲ့ ကိုမင်းကိုနိုင် အနေနဲ့ သတိထားသင့်တယ်လို့ထင်ပါတယ်။

အထူးသဖြင့် ကိုမင်းကိုနိုင် ခဏခဏ ပြောတဲ့ သမိုင်းဆိုတာ မေ့လို့မရဘူးဆိုပြီး ရဲဘော် သုံးကျိပ်ရဲ့ သမိုင်းတွေ၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွေနဲ့ ဗကပ လက်အောက် ရန်ကုန် အစိုးရ ဟု ပြောရလောက်အောင် တစ်နိုင်ငံလုံး မီးဟုန်းဟုန်းတောက်နေခဲ့တဲ့ သမိုင်းတွေကိုလည်း မေ့မပစ်ဖို့ လိုပါတယ်။ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်အောင်ဆန်း၊ ဒို့ဗမာ အစည်းအရုံးဝင် သခင်အောင်ဆန်း ကို ရှေ့က ဂုဏ်ဒြပ်တွေ ဖျောက်ပြီး ဦးအောင်ဆန်း လို့ ခေါ်တာက သမိုင်းကို ဖျက်ဖို့ ကြိုးစားတာဖြစ်သလို ၊ အမျိုးသား ခေါင်းဆောင်တစ်ဦးကို စော်ကားတာနဲ့ အတူတူပါပဲ။

ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာအများစုက ဗိုလ်ချုပ်အောင်ဆန်းလို့တောင် ခေါ်လေ့မရှိပါဘူး။ ဗိုလ်ချုပ်လို့ပဲ ချစ်စနိုးနဲ့ ခေါ်ကြတာ လူတိုင်းသိပါတယ်။ တစ်စုံတစ်ယောက်က ဗိုလ်ချုပ်အကြောင်း မေးတယ်ဆိုတာနဲ့ ဘယ်ဗိုလ်ချုပ်လဲလို့ ပြန်မေးဖို့မလိုပဲ ဗိုလ်ချုပ်အောင်ဆန်းကို မေးတယ်ဆိုတာ တန်းသိပါတယ်။ ပြည်သူ တစ်ရပ်လုံး နှုတ်ကျိုးနေတဲ့ ဗိုလ်ချုပ် ကိုတောင် ဦးအောင်ဆန်း လို့ ပြည်သူ့ပြောင်းပြန် လုပ်ခြင်းဟာ အင်မတန် မိုက်မဲလွန်းပြီး ပညာမဲ့တဲ့ လုပ်ရပ်လို့ထင်ပါတယ်။

သြဂုတ်လ ၈ ရက်နေ့က ရှစ်လေးလုံး ငွေရတုလုပ်လိုက်တာ သိန်း နှစ်ထောင်ကျော် ရတယ်လို့ သိရပါ တယ်။ ဒီငွေတွေကို ဘယ်လိုသုံးလဲဆိုတာ ပွင့်လင်းမြင်သာစွာ ပြောဆိုချပြတာ မရှိပါဘူး။ အဲဒီပွဲလုပ်တုန်း က သြဂုတ်လ ၈ ရက်နေ့ တစ်နေ့တည်းမှာကို လူ ၂ သောင်းကျော်တက်ပြီး ဒံပေါက်ကျွေးတယ်လို့ သိရပါ တယ်။ ကိုမင်းကိုနိုင်တို့ ၈၈ ကျောင်းသားတွေက ရန်ကုန်မြို့မှာ ဒီလောက် ကြီးကျယ်တဲ့ အခမ်းအနား၊ ဒီလောက် ငွေကုန်ကြေးကျများတဲ့ ပွဲကြီးလုပ်နေချိန်မှာပဲ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် မှာ မိုးများပြီးရေ ကြီးလို့ မွန်နဲ့ ကရင်တိုင်းရင်းသားတွေ သောက်စရာ ရေ တောင်မရှိဖြစ်နေခဲ့တာ လည်း အားလုံးအသိပါ။

ဒုက္ခသည်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်ကတောင် ငွေ ၂၅ သိန်း လှူဒါန်းခဲ့ပေမယ့် ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက်တွေက လုံးဝမလှူပဲ အခမ်းအနားကြီးခြိမ့်ခြိမ့်သဲ ကျင်းပဖို့ကိုပဲ အာရုံစိုက်နေခဲ့ကြတာပါ။ အလှူငွေတွေ သိန်းထောင်ချီရပေမယ့် ဒီကနေ့ထိ လှူတာ တန်းတာ မတွေ့ရသေးပါဘူး။

ဒီကနေ့ ကိုမင်းကိုနိုင် လုပ်ခဲ့သမျှ နဲ့ ကိုမင်းကိုနိုင် ပြောခဲ့သမျှတွေက နောင်တစ်ချိန်မှာ သမိုင်း တစ်ခုအနေနဲ့ ကျန်ခဲ့မှာပါပဲ။ လွန်ခဲ့တဲ့ ၂၅ နှစ်က သမိုင်းကို ကိုမင်းကိုနိုင် ခုချိန် ပြန်ပြောနိုင်ပေမယ့် လွန်ခဲ့တဲ့ ၁ နှစ် က သမိုင်းကိုတော့ ကိုမင်းကိုနိုင် ဘယ်လို ကုန်ဆုံးခဲ့လဲ၊ ဘာတွေ ပြောခဲ့လဲ ဆိုတာ နောင်တချိန် လူတွေက   ပြောနေကြမှာပါ။ ဒီကနေ့ ခိုင်မာတဲ့ အလုပ်တိတိကျကျ မရှိပဲ ကားစီးနေတာ၊ တိုက်ထဲမှာ နေနေတာတွေ ကလည်း နောင်တချိန် သမိုင်းတစ်ခု ဖြစ်နေမှာပါ။ မွတ်ဆလင်တွေဆီက စပွန်စာယူပြီး အမေရိကန် နဲ့ ဥရောပ သွားခဲ့တာတွေကလည်း တနေ့ကျ စာလုံးမဲကြီးတွေနဲ့ နောက်လူတွေ ဖတ်ကြပါလိမ့်မယ်။ ကိုမင်းကိုနိုင် ကိုယ်တိုင် ပြောခဲ့တဲ့ “ကျနော်တို့ ခွပ်ဒေါင်းအလံကို ကိုင်မယ့်လက်ဟာ လူမျိုးဘာသာ မခွဲခြားပါဘူး၊

အခု အစ္စလမ်ဘာသာဝင်တွေကို နေရာပေးထားတာ သက်သေပါ” ဆိုတဲ့ စကားကို နောင်တချိန်မှာ ဗုဒ္ဓဘာသာဝင်များက စိတ်ပျက်စွာ ပြောဆိုနေကြပါလိမ့်မယ်။

အပိုင်း (၂) ဆက်လက်ဖော်ပြပါမည်...............

မောင်မင်းကြီးသား (ခေတ္တမလေးရှား)

2 comments:

  1. ( စွတ် ဖဲ့ )5 April 2014 at 18:42



    ပထွေးကို အဖေခေါ် အမေကျော်ပြီး ဒွေးဒေါ်လွမ်း

    နေတဲ့....ငမိုက်သားတွေအတွက် ရိုက်စားကွက်

    တွေနဲ့ အဆင်ပြေ တင်ပလ္လင်ခွေပြီး ငြိမ့်နေတဲ့ အ

    ချိန်မှာ ပြည်သူအများစုကတော့ ခါးဖုအောင် ရုန်း

    ကန် ပြုံးဟန်တောင် မပြုနိုင်ကြ တော့ပါဘူးလေ..

    ReplyDelete
    Replies
    1. ခေါကြီးတို့အုပ်စုတော့ပြောမနေပါနဲ့။ လေကုန်တယ်။

      Delete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်