Pages

Monday 7 April 2014

နေမျိုးဇင်၏ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်စေရေးကွန်ယက် ဘာလဲ.. ??

ဒဲ့ဘဲေ ပြာတော့မယ်။ သမီးကလေးကိစ္စ ဧပြီ ၄ ရက်နေ့က သမီးကလေးအဖွဲ့ ပြောင်းတယ်။DKBA က ဗိုလ်မှူးကြီးစောအောင်ဆန်း လာခေါ်တယ်။သူက ရိုးသားတယ်။ စိတ်ရင်းစေတနာကောင်းတယ်။
(၁၂) ဘီးကား (၄)စီးယူလာတယ်။ သူ့ ကားလေးနဲ့ပေါ့။

အဲဒီမှာ နော်အုံးလှကူပါလိုက်မယ်ပေါ့။ သူ့ကား (၁) စီးနဲ့ နောက်ပြီးတော့ လူတွေလည်းတော်တော် များများ ပါလာတယ်။ အရှေ့ဆုံးမှာ သူတို့ အဖွဲ့ ခေါင်းစီး ဗီနိုင်းကြီးနဲ့ပေါ့ဗျာ။နံနက် (၅) နာရီ က ထွက်လာ ကြတယ်။ ပဲခူး၊မွန်က ရဲတွေက က လုံခြုံရေးပေးလို့ဗျ။

မွန်ပြည်နယ် သထုံမြို့နယ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)မှဦးခွန်တင်ဆွေဦးနှင့် ခွန်တန်နွယ်ပအိုဝ်းလူငယ်ကွန်ရက်တို့မှသထုံမြို့နယ်၊ကျိုက်က္ကော်ကျေးရွာမှရေသန့်ဗူး၊အချိုရည်ဗူးများဖြင့်ခရီး တစ်ထောက်ရပ်နားကြိုဆိုခဲ့ကြဗျာ။ 
 
ခရီးဆက်ကြတော့ သထုံမြို့နယ်အဆုံး ကရင်ပြည်နယ်အ၀င် ဒုံသမိတံတားမှာ ဗိုလ်မှူးကြီးစောဆန်းအောင် ဆီဖုန်းဝင်တယ်ဗျာ။ ကရင် နယ်/လုံ ၀န်ကြီးနဲ့ဝန်ကြီးချုပ်တို့နဲ့ အရင်လာတွေေ့စေလိုကြောင်းပေါ့။

ဒါကို ဗိုလ်မှူးကြီးစောဆန်းအောင်က သွားမယ်လုပ်တော့ နော်အုံးလှက ဒါတမင်သက်သက်ညစ်တာပေါ့။ သွားစရာမလိုဘူးပေါ့ ဆိုပြီး သမီးကလေးရွာသားတွေကိုတော့ တားမြစ်မိန့်ထုတ်တယ်ပေါ့ ဘာညာပြောတော့ ရွာသားတွေက လှုပ်လှုပ်ရွရွဖြစ်တာပေါ့။ ဒီမှာဘဲနေမယ်ပေါ့။ နော်အုံးလှနဲ့ ပါလာတဲ့ သူတွေကလည်း ချက်ခြင်းမီဒီယာတွေကိုဖုန်းဆက်ပေါ့။ မီဒီယာတွေရောက်တော့ ဇတ်လမ်းပိုရှုပ်။

ကရင်ပြည်နယ် ၀န်ကြီးချုပ်နှင့် နယ်လုံ/၀န်ကြီး အပါအ၀င် ၀န်ကြီးတွေက ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဗိုလ်မှူးကြီးစောဆန်းအောင်ကို တမျှော်မျှော်ပေါ့။ အဲဒါနဲ့ လှမ်းမေးတော့ မလာဘူးပေါ့။ ပါလာသူတွေလည်း ကျိန်းမာရေးမကောင်းဘူးပေါ့။

ဒါနဲ့ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးနှင့်အတူ တာဝန်ရှိသူတွေ၊ ဆရာဝန်နှင့် သူနာပြုတွေကိုစေလွှတ်၊ ကျန်းမာရေး စစ်ဆေးနဲပေါ့။ ဒေါ်နော်အုံးလှကတော့ အေးဆေးဘဲနားနေဆောင်မှာ ဖုံးပြောနေလေရဲ့။
အဲဒီတော့ ဒီဇာတ်လမ်းက လူမှုဘ၀ဖွံ့ဖြိုးတိုးတက်စေရေးကွန်ယက်က နေစခဲ့တာလို့ဆိုရမှာပေါ့။ ဒီလိုဆိုရင် သမီးကလေးကျေးရွာရဲ့ ကံကြမ္မာဟာလည်း ဒီကွန်ယက်ကြောင့်လား အတော်စဉ်းစားနေရပြီဗျာ။ အလိုင်နီကနေ ၀ါးယားကုန်းကိုပြောင်းတော့ပေ၂၀ ပေ ၅၀ ရလို့ အကြောင်းပြတယ်။ စက်ရေတွင်း (၁)လုံးတူးထားတာကို မလုံလောက်ဘူးလို့ဆိုတယ်။

အိမ်မဆောက်ရင် ပြန်သိမ်းမယ်လို့ဆိုပြန်တယ်။ အခု ကရင်ပြည်နယ်လိုက်သွားတော့လည်း ရရှိမည့် မြေ က ပေ ၂၀ ပေ ၅၀ ပါဘဲဗျာ။

ရန်ကုန်-ပဲခူးအနီးအနားမှာက ကိုယ့်ပတ်ဝန်းကျင်နယ်ပယ်နဲ့ လုပ်ကိုင်စားသောက်လို့ရသေးတယ် ။ ကရင်ပြည်နယ်မှာ ရောက်ရောက်ခြင်းဘာလုပ်ကိုင်စားသောက်မလဲ။

ဘယ်သူက ဘယ်လိုပြောလို့လည်းဆိုတာ သုံးသပ်စရာတွေပါ။ မနေ့က မီဒီယာတွေကိုဖြေကြားသွား ခဲ့တာတွေကလည်း ကွန်ယက်နဲ့ လိုက်ပါသွားတဲ့ လူတွေပါဘဲတဲ့ခင်ဗျာ။။

နောက်တစ်ခုက တပ်အင်အားလုံးဝ မသုံးထားကြောင်းပါခင်ဗျား။ ဒါတွေကို မနေ့က မီဒီယာသမားတွေ သိတယ်ခင်ဗျ။ မေးကြည့်ပါ။

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်