Pages

Friday 18 April 2014

သန်းခေါင်စာရင်း ရလာဘ်အရ ဗုဒ္ဓဘာသာဝင်တွေဟာ နောက်ဆုံးမှာပါ........


အစောပိုင်းမှာ ဝေဖန်မှု့ အသံမျိုးစုံထွက်ခဲ့ပေမဲ့ မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူမှု့ ဟာ ကချင်ဒေ သ အ ချို့နဲ့ ရခိုင်ဒေသအချို့တို့ကလွဲပြီး တစ်နိုင်ငံလုံးကောက်ယူပြီးစီးပြီလို့ ဆိုရပါမယ်.. နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့ တွေရဲ့ အပြုသဘောဆောင်တဲ့ အသံတွေကြားရသလို ပူးပေါင်း ပါဝင်တဲ့ အဖွဲ့အစည်းတွေရဲ့ ကူညီမှု့ ဟာ ၉၉% ထိ ရှိတယ်လို့လဲ သူတို့ကြေငြာချက်တွေမှာ တွေ့ရပါတယ်.. သန်းခေါင်စာရင်း အတိအကျကိုတော့ ၂၀၁၅ ခုနှစ် မတ်လမှာ ထုတ်ပြန်မယ်လို့ သိရပါတယ်..

အမှန်တကယ်တော့ ဒီသန်းခေါင်စာရင်း ကောက်ယူဖို့ စတင်ခဲ့တာ အစိုးရအဖွဲသစ် စတင်တက်ခဲ့တဲ့ အချိန် ကပါပဲ.. ဒီမိုကရေစီနိုင်ငံသစ်မှာ ဒီကိန်းဂဏန်း အချက်အလက်တွေ ရှိနေ.. သိနေမှ နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေး အတွက် လုပ်ကိုင်ဆောင်ရွက်နိုင်မှာပါ.. ဖွံ့ ဖြိုးပြီးနိုင်ငံတွေမှာတော့ ၅ နှစ်တစ်ကြိမ်လောက် အချက်အ လက်ရ ယူပါတယ်.. သူတို့နဲ့ ယှဉ်ရင် အခုကောက်ယူတဲ့ အချက်အလက်တွေဟာ နည်းနေသေးပေမဲ့ တဖြည်းဖြည်းချင်းတော့ ဖြည့်ဆည်းသွားနိုင်မှာပါ..


နိုင်ငံအတွက် လိုအပ်တဲ့ သန်းခေါင်စာရင်း ကောက်ယူမှု့ မှာ မဆီမဆိုင် လူမျိုး.. ဘာသာရေး အမြတ်ထုတ်ဖို့ ကြိုးစားလာတာကိုလဲ တွေ့ခဲ့ရပါတယ်.. ဒီနေရာမှာ အမျိုးသားရေးနဲ့ ပတ်သက်ပြီး အစိုးရိမ်ပိုလွန်းတယ်.. ဘာသာရေး လွတ်လပ်ခွင့် နည်းပါးတယ်.. ဆိုတဲ့ ဝေဖန်ပြောကြားလာသူတွေကိုတော့ စဉ်းစားကြည့်နိုင်အောင် ၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံရဲ့ ကိုးကွယ်ယုံကြည်မှု့  စာရင်းကို ပြောပြချင်ပါတယ်..

(၁) ထေရဝါဒ ဗုဒ္ဓဘာသာဝင်ဦးရေ - ၅၃၄၂၅၈၀၃ ဦး
(၂) ခရစ်ယာန် ဘာသာဝင် ဦးရေ - ၂၉၈၁၂၉၁ ဦး
(၃) အစ္စလာမ် ဘာသာဝင်ဦးရေ - ၂၂၇၆၈၈ဝ ဦး
(၄) ဟိန္ဒူဘာသာဝင် ဦးရေ - ၃၀၅၇၅၆ ဦး
(၅) နတ်နှင့် အခြားဦးရေ - ၇၉၀၅၉၀ ဦး

ရှိခဲ့ပြီး ကိုးကွယ်ရာ ဘာသာအလိုက် ဘုရား/ကျောင်း/ဗလီ တည်ရှိမှု့ စာရင်းမှာတော့....

(၁) ဟိန္ဒူ ဘာသာဝင် ၄၈၉ ယောက်တိုင်းမှာ ဘုရားကျောင်း တစ်ခုရှိတယ်။ (၆၂၅ လုံး)
(၂) ခရစ်ယာန် ဘာသာဝင် ၄၉၈ ယောက်တိုင်းမှာ ဘုရားကျောင်း(ချဒ်) တစ်ခုရှိတယ်။ (၅၉၈၆ လုံး)
(၃) အစ္စလာမ် ဘာသာဝင် ၇၈၉ ယောက်တိုင်းမှာ ဗလီတစ်လုံး ရှိတယ်။ (၂၈၈၃ လုံး)
(၄) ဗုဒ္ဓဘာသာဝင် ၈၄၃ ယောက်မှာမှ သာသနိကနေရာ တစ်ခုရှိတယ်။ (၆၃၃၄၉ လုံး)


ဒီစာရင်း အချိုးအရ လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်က နောက်ဆုံးအဆင့်မှာ ရှိလို့ ကျန်ဘာသာဝင်များအနေနဲ့ ဒီနိုင်ငံမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိတယ်ဆိုတာ သိနိုင်ပါတယ်.. ကမ္ဘာပေါ်မှာ လူများစု ဘာသာတွေကပဲ အချိုးများတာပါ.. ဗြိတိန်လို နိုင်ငံမျိုးမှာတောင် ဘုန်းကြီးကျောင်း ဆောက်ခွင့်ရဖို့ သိပ်ကိုခက်ခဲပါတယ်..

ယခုကောက်ယူရရှိတဲ့ စာရင်းမှာတော့ အပြောင်းအလဲ ရှိလာပါပြီ.. ဒါ့အပြင် ဆယ်စုနှစ် သုံးခုအတွင်း တိုးတက်လာတဲ့ လူဦးရေစာရင်းကို အတိအကျ သိနိုင်ပါ့မယ်.. ဒီနေရာမှာ ICG အဖွဲ့က မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာသလို ကြေငြာချက် ထုတ်ပြန်လာတာကို တွေ့ရပါတယ်.. အစ္စလာမ်ဘာသာဝင် ၁ဝ သန်းကျော် ရှိနေတာဟာ အခုမှ မဟုတ်ပဲ အရင်ကတည်းက လျှော့ပြီး မှတ်တမ်းတင်ခံရတာကြောင့် ဖြစ်ပါတယ်လို့ မဆီမဆိုင် ပြောလာတာပါ..

သူတို့ပြောသလို ၁ဝ သန်းကျော်ပဲထား.. ( စာရင်းအတိအကျကတော့ အစိုးရထုတ်ပြန်မှ သိနိုင်ပါ့မယ် ) ဆယ်စုနှစ် သုံးခုအတွင်း လူဦးရေ ၅ ဆ တိုးလာတဲ့ သဘောပါပဲ.. ၁၉၃၁ ခုနှစ် အင်္ဂလိပ်အစိုးရ လက်ထက်က မွတ်ဆလင်မ်ဦးရေ တရားဝင်စာရင်း ၅၈၄၈၃၉ ဦး ဆိုတော့ ၈၃ နှစ်အတွင်း အဆ ၂၀ ကျော် တိုးခဲ့ပါပြီ.. အသေအချာ စဉ်းစားကြည့်ရင် ကျွန်တော်တို့ သတိပေး အစိုးရိမ်လွန်ကဲနေတာဟာ လိုသလား.. ပိုသလား.. သိနိုင်မှာပါ....။

Photo : AP news —
Post Credit to အက်ရှင်ဘဘ ဒီမို

1 comment:

  1. မပိုပါဘူး။ လိုတောင် လိုနေပါသေးတယ်။ နောင် အနှစ်(၃၀)ဆိုရင် စဉ်းစားကြစေချင်ပါတယ်။ အမျိုးဘာသာနဲ့ သာသနာတော်ကို အတတ်နိုင်ဆုံး စောင့်ရှောက်နိုင်ကြပါစေ။

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်