Pages

Wednesday 16 April 2014

မြ၀တီမြို့က သင်္ကြန်တွင်း ရမ်းကားမှု


မနေ့က သင်္ကြန်အကြတ်နေ့ မြ၀တီမြို့၊ ရပ်ကွက်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှုးအား မြ၀တီအခြေစိုက် ကရင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှအကြီးအကဲတစ်ဦး၏သားပါဝင်သော ကရင်အလံများကိုင်ဆောင် ထားသော ဆိုင်ကယ်အုပ်စုမှ လက်နက်ကိုင်များ အင်အား(၇၀)ခန့် မှ ဒါးဖြင့်ခုတ်ရန် ကြိုးပမ်း ခဲ့ပြီး မောင်းပြန် လက်နက်ငယ်များဖြင့် အသင့်ပစ်ခတ်ရန်အနေအထားဖြင့် ချိန်ရွယ်ကာ ရပ်ကွက်အတွင်း ၀င်ရောက်ခဲ့ ပါသည်။

ရပ်ကွက်(၂) ဗိုလ်ချုပ်လမ်းနှင့် ပတ္တမြားလမ်းထောင့်ရှိ မဏ္ဍပ်တွင်အဆိုပါလူစုနှင့် မဏ္ဍပ်လူငယ်များ ပြသနာဖြစ်ပွားခြင်းကိုရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဖြေရှင်းပေးစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။


ယနေ့အတက်နေ့ နေ့လည်ပိုင်း အဆိုပါဆိုယ်ကယ်စီးလူစုမှာ ကား များဖြင့် အင်အားဖြည့်တင်းလာပြီး တုတ်၊ဒါး၊သံပိုက်လုံးများကိုင်ဆောင်ကာရပ်ကွက်အတွင်း နှစ်ရက်ဆက်တိုက် အင်အားပြလှည့်လည် ရမ်း ကားနေပါသည်။ ရပ်ကွက်လူငယ်များမှ ပြန်လည်ခုခံရန် အသင့်စုဖွဲ့နေပါသည်။

ထိုဖြစ်စဉ်ကြောင့် ရေကစားမည့်သူများ မရှိတော့ပဲ ရပ်ကွက်အတွင်းရှိ နေအိမ်များလည်း အိမ်တံခါး များ ပိတ်ကာနေကြရပါသည်။ဓါတ်ပုံမှာ ယနေ့နေ့လည်ပိုင်း လုံခြုံရေး အဖွဲ့ရောက်ရှိလာစဉ်ပုံနှင့် ရပ်ကွက် လူငယ်များပုံများဖြစ်ပါသည်။

ပေးပို့သူ/ အမှတ်(၂)ရပ်ကွက်သားတစ်ဦး၊ မြ၀တီမြို့


ဟာဂျူလီ ကသာ 

1 comment:

  1. { စွတ် ဖဲ့ }17 April 2014 at 03:49



    ခွေးသားတွေ ကတော့ လူပါးဝနေကြပြီ

    တပ်က ဝင်ပြန်ရင်လည်း အပြောအဆို

    ခံရအုံးမယ်...ဒီအတိုင်းလွှတ်ထားလိုက်

    ပြန်တော့....ပြည်သူတွေပဲ နစ်နာရပြန်

    ရရော....အဲ့ဒါလား စစ်မှန်တဲ့ ငြိမ်းချမ်း

    ရေးကို လိုချင်နေကြတဲ့ တိုင်းရင်းသား

    လက်နက်ကိုင်တွေဆိုတာ လုပ်ကြစမ်း

    ပါအုံး...မီဒီယာတို့ရယ်....ဒေါ်စုတို့ရယ်

    ဂငယ်လေးလုံးတို့ရယ်....ခင်ဗျားတို့က

    အစိုးရနဲ့....စစ်တပ်...ရဲ...ဝန်ထမ်းတွေ

    များ မှားပလားဆိုရင် နေ့မနားညမနား

    အော်ဟစ်ပြကြ ပါလိမ့်မယ်.......အခုလို

    ကိစ္စမျိုးကျတော့..ကိုယ်နဲ့ပဲ မဆိုင်သလို

    လို....အစိုးရတစ်ခုတည်းကပဲ တာဝန်ရှိ

    သလိုလိုနဲ့...တကယ်ပါဗျာ...ဘယ်လိုအ

    တန်းအစား တွေနဲ့ကို လာတွေ့နေရမှန်း

    မသိတော့ပါဘူး................................

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်