ဒုချီးရားတန်း(အလယ်)ဘင်္ဂလီကျေးရွာတွင် ဘင်္ဂလီတစ်ဦး ဓါတ်ဆီဗူးများဖြင့် လာရောက်မီးရှို့ မှုကြောင့် နေအိမ်ငယ်(၁၂)လုံးနှင့် ဗလီငယ်(၁)လုံး ဆုံးရှုံးမောင်တော၊ မတ် (၉) ရက်ယနေ့ နံနက် (၁၀း၀၅)အချိန်တွင် ဒုချီးရားတန်း(အလယ်)ဘင်္ဂလီကျေးရွာမှ ဆော်လိမ်မူလာမှာ မိမိနေအိမ်သို့ ဓါတ်ဆီဗူး များဖြင့် လာရောက်မီးရှို့မှုကြောင့် နေအိမ်ငယ်(၁၂)လုံးနှင့် ဗလီငယ် (၁)လုံး ဆုံးရှုံးခဲ့ရကြောင်း သိရ သည်။အဆိုပါ ဆော်လိမ်မူလာ ဓါတ်ဆီဗူးများဖြင့် လာရောက်မီးရှို့ခြင်းကို အဆိုပါကျေးရွာနေ ဘင်္ဂလီ အမျိုးသမီးနှစ်ဦးမှ မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရကြောင်း ပြောကြားသည်။ ယခုကဲ့သို့ မီးရှို့မှုများ မကြာခ ဏပြုလုပ်နေခြင်း သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ပျက်ပြား အောင်ရည်ရွါယ်ချက် ရှိရှိ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်(((((((((( ။မောင်တောဒုချီးယားတန်း ဒုတိယအကြိမ်မီးလောင်)))))))))
မောင်တော ဒုချီးရားတန်းတွင် ထပ်မံ မီးလောင်၍ အိမ်ခြေ ၁၂လုံး မီးထဲပါ(နိရဉ္စရာ- ၉ မတ်လ ၂၀၁၄) / မောင်အေးဇန္န၀ါရီလ ၂၈ ရက်နေ့က ပထမ အကြိမ် ဒုချီးရားတန်းတွင် မီးလောင်နေစဉ်။ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာတွင် ယနေ့ နံနက်က မီးလောင်မူ ထပ်မံဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၂ လုံး မီးထဲပါသွားသည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးက နိရဉ္စရာသို့ ပြောသည်။“ မီးက ရှို့မီးဖြစ်တယ်လို့ သိရပါတယ်။ ဘင်္ဂလီတွေက ကိုယ်ဟာကိုယ် ရှို့တာပါ” ဟု သူက ဆိုသည်။ယနေ့နံနက် ၁၀ နာရီခန့်တွင် စလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သူက ပြောသည်။“ မီလောင်တာက ၁၀ နာရီခန့်ကလောင်တာပါ။ မီးလောင်တာ နာရီဝက်ခန့်ရှိပါမယ်။ အပြင်လူတွေ ရွာကိုဝင်ခွင့်မရဘူး” ဟု ဆိုသည်။မီးလောင်မှုမှာ မှန်ကန်ကြောင်း မောင်တောမြို့မှ တာဝန်ရှိသူ တစ်ဦးကလည်း အတည်ပြု ပြောကြားသည်။“မီးလောင်တာဟုတ်ပါတယ်။ လူမနေတဲ့ နေအိမ်တစ်လုံးက စလောင်တယ်လို့ သတင်းရတယ်။ အသေးစိတ် ကိုတော့ ကျွန်တော်တို့မသိရသေးဘူး” ဟုဆိုသည်။ယမန်နေ့ နေ့လည်ပိုင်း စစ်တွေအနီးရှိ ဘင်္ဂလီ ဒါးပိုင်ရွာတွင် ဖြစ် ပွားခဲ့သည့် မီးလောင်မှုတွင် အိမ်ခြေ ၃၆ လုံးမီးထဲပါသွားသည်။လွန်ခဲ့သည့် ဇန်န၀ါရီလ ၁၃ ရက်နေ့ကလည်း ဒုချီးရားတန်း အလယ်ရွာတွင် ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့တစ်ဖွဲ့ကို ဘင်္ဂလီ လူစုတစ်ခုမှ အကြမ်းဖက် တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းမှာ သူကိုင်ဆောင်သည့် လက်နက်နှင့်အတူ ယနေ့တိုင် ပျောက်ဆုံးနေ ဆဲဖြစ်သည်။ယင်းအကြမ်းဖက်မှု ဖြစ်ပေါ်ပြီးနောက် ဇန်န၀ါရီလ ၂၈ ရက်နေ့ညတွင် ဒုချီးရားတန်း အနောက်ရွာတွင် ပမထအကြိမ် မီးလောင်မှုဖြစ် ပွားခဲ့သဖြင့် နေအိမ်ပေါင်း(၁၆) လုံး မီးထဲပါသွားခဲ့သည်။အလားတူ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း သရေကုန်ဘောင် ဘင်္ဂလီရွာတွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ သည့်အတွက် နေအိမ်တလုံး မီးထဲပါသွားခဲ့သည်။ယခု မီးလောင်မူသည် ဒုတိယ အကြိမ် ဒုချီးရားတန်း အနောက်ရွာတွင် ထပ်မံလောင်ကျွမ်းခြင်း ဖြစ်သည်။MOI Webportal Myanmar added 3 new photos.
မောင်တောမြို့နယ် ဒုချီးရားတန်း အလယ်ရွာ၌ မီးလောင်မှုဖြစ်ပွား မိမိနေအိမ် မိမိဘာသာမီးရှို့သူအား ကျေးရွာရှိ မျက်မြင်သက်သေများက တွေ့ရှိသတင်းပေးခဲ့သဖြင့် စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိ
=========================================
ရန်ကုန် မတ် ၉
မောင်တောမြို့နယ် ဒုချီးရားတန်း အလယ်ရွာတွင် ယနေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မိမိအိမ်ကို မိမိဘာသာမီးရှို့ခဲ့သူအား ကျေးရွာနေ မျက်မြင်သက်သေများ၏ သတင်းပေးချက်အရ သိရှိရသဖြင့် စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း၊ လူနှင့်တိရစ္ဆာန်များ ထိခိုက် သေဆုံးမှု မရှိကြောင်း သိရှိရသည်။
ယနေ့နံနက်(၁၀)နာရီကျော်ခန့်တွင် ဒုချီးရားတန်း အလယ်ရွာ၌ မီးလောင်မှုဖြစ်ပွားရာ ဘာသာရေး အဆောက်အအုံအငယ်တစ်လုံး၊ ဓနိမိုး၊ ထရံကာ လူနေအိမ်(၁၂)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး နံနက်(၁၁)နာရီ (၄၅)မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်ရခြင်းမှာ ယင်းကျေးရွာနေ ဆော်ဒီမူလာ(အသက် ၄၂ နှစ်) (ဘ)ဦးမိုက်တာက မိမိအိမ်ကို မိမိဘာသာဓာတ်ဆီဖျန်းပက်ပြီး မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ယင်းကျေးရွာနေ ဒေါ်ဟာလာမာဟာဒူ (အသက် ၆၀)နှင့် မဟာမီဒါ (အသက် ၃၀)တို့က မျက်မြင်သက်သေများအဖြစ် ထွက်ဆို ခဲ့ကြကြောင်း သိရှိရသည်။
မီးစတင်လောင်ကျွမ်းနေကြောင်း သတင်းရရှိလျှင် ရရှိချင်း နယ်မြေခံရဲတပ်ရင်းမှ ရဲမှူး မင်းဦး ဦးစီးအဖွဲ့၊ မောင်တောခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်သောင်းထွန်း ဦးစီးအဖွဲ့ပူးပေါင်း၍ အခင်းဖြစ်ပွားရာသို့ သွားရောက်ပြီး မီးငြှိမ်းသတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့ မွန်းလွဲ(၂)နာရီခန့်တွင် ရဲတပ်ရင်းများကွပ်ကဲရေးမှူး၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ဥပဒေအရာရှိ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်း၊ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်း၊ ဒုချီးရားတန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း၊ မျက်မြင်သက်သေ နှစ်ဦး၏ထွက်ဆိုချက် များအရလည်းကောင်း၊ မီးစတင်လောင်ကျွမ်းသည့် ဆော်ဒီမူလာ၏နေအိမ်ရှိ စပါးကျီမှာ ကြိုတင်ရွှေ့ပြောင်း ထားသည့် အနေအထားများတွေ့ရှိရခြင်း၊ မီးလောင်ကျွမ်းသည့်အချိန်တွင် ၎င်းတို့မိသားစုမှာ မီးငြှိမ်းသတ်မှုမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေခြင်းတို့ကို စစ်ဆေးတွေ့ရှိရသဖြင့်လည်းကောင်း ရှို့မီးဖြစ်သည်ဟု ယူဆရကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်မှာ “ဒုချီးရားတန်း အလယ်ကျေးရွာ မှာ နေထိုင်နေတာ လက်ရှိလူဦးရေ ၄၅၀ လောက်ရှိပါတယ်။ တချို့ယောက်ျားတွေ ကတော့ နေ့ ဘက်ရှောင်နေပြီး ညဘက်မှာ ကိုယ့်နေအိမ်ကိုယ်ပြန်လာကြတာလည်းရှိပါတယ်။ အခုဖြစ်တာက ဆော်ဒီမူလာဆိုသူက ဓာတ်ဆီထည့်ထားတဲ့ရေသန့်ဘူးကို အိမ်ပတ်ဝန်းကျင် မှာဝှေ့ ယမ်းပက်ဖျန်းပြီး မီးစတင်ရှို့ခဲ့တယ်လို့ အဲဒီရွာက မျက်မြင်သက်သေနှစ်ဦး က ပြောပြတဲ့ အထောက်အ ထားခိုင်ခိုင်လုံလုံရရှိပါတယ်။ သူတို့ကို စစ်ဆေးတဲ့အချိန်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဇံဖြူ နဲ့ကျေးရွာစာရေး ဦးသန်းထွန်းဦးတို့ သက်သေအဖြစ်ရှိပြီး စကားပြန် အဖြစ် အိုလီ ဆိုသူက မေးမြန်းဖြေကြားပေး တာဖြစ်ပါတယ်။ ဆော်ဒီမူလာဆိုတဲ့သူက ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဖြစ်စဉ်မှာပါဝင်တယ်လို့ သံသယရှိသူဖြစ်ပြီး တရားခံပြေးအဖြစ် သတ်မှတ်ခံထားတဲ့သူလည်း ဖြစ်ပါတယ်။ အခု မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးအနေနဲ့ ငွေကျပ် ခြောက်သိန်းလေးသောင်းလောက် ရှိမယ်လို့ ခန့်မှန်းထား ပါတယ်”ဟု ပြောပြခဲ့သည်။___________
:::::Western Gate Guard::::
ReplyDeleteသောက်ကလားတို့ကတော့ လုပ်ချလိုက်ပြန်ပြီ
အဲ့သလို ကိစ္စမျိုးတွေကျတော့ ဒေါ်စုတို့ မင်းကို
နိုင်တို့ ပါးစပ်က ဘာသံမှ ထွက်မလာကြတော့
ပါလား....ပုလင်းတူ ဗူးဆို့ အချင်းချင်းမို့ ထင်ပါရဲ့