Pages

Friday 28 February 2014

အဖွဲ့အစည်းနာမည်ကို အလွဲသုံးစားလုပ်မှု


ပေးပို့သူ-ထိုင်းနိုင်ငံ မဟာချိုင်မြို့မှ အလုပ်သမတစ်ဦး

ကျွန်မသိလိုသည်များ ရှိနေလို့ ကျေးဇူးပြုပြီ မေးခွင့်ပြုပါရန် ကြိုတင် မေတ္တာ ရပ်ခံပါတယ်ရှင့်
ကိုကာဠုရှင့် ကျွန်မကတော့ မြန်မာနိုင်ငံ မွန်ပြည်နယ် ဘီလင်းမြို့နယ် မှ ကျေးရွာတစ်ရွာမှာနေထိုင် ပါတယ်။

လက်ရှိနေတဲ့ နေထိုင်ကတော့ ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ ဖြစ်ပါတယ်။ ဒီမြို့ကလေးမှာတော့ ကျွန်မလို   မြန်မာနိုင်ငံကနေရေကြည်ရာမြတ်နုရာ ရွှေ့ပြောင်းနေထိုင်ကြသည့် မြန်မာနိုင်ငံသား တိုင်းရင်းသား လူမျိုးများစွာရှိနေပါသည်။ ထို့သို့သော လူအမျိုးများစွာ ရှိသလို အဆင့်တန်းပေါင်းစုံလည် ရှိပါတယ်။

အဲသလို မြန်မာနိုင်ငံသားများထဲမှာမှ အသိဗဟုသုတ မကြွယ်ဝသည့် ကျွန်မကဲ့သို့ လူများလည် အများ အပြား ရှိပါသည်။ကယ်ပါ ကျွန်မပြောနေတာနဲ့ စာလည်ရှည်နေတာမို့ လိုရင်ပဲရေးပါတော့ မယ် ကျွန်မ သိလိုတာက ယခု ထိုင်းနိုင်ငံ မဟာချိုင်ကို ရောက်နေ တဲ့ ကျွန်မမှာ မြန်မာနိုင်ငံသား စီစစ်ရေးကဒ်မရှိပါဘူး ကျွန်မလိုလည်မရှိတဲ့ မြန်မာနိုင်ငံသားများစွာ ရှိနေပါတယ်။

။မြ၀တီ ရန်ကုန်လမ်းမှာလည် ကိုကာဠုကြားသိသလို စစ်ဆေးရေး ဂိတ်တွေ အမတန်များလှပါသောကြောင့် ကျွန်မတို့မှာ အိမ်ပြန်ရင် ခက်ခဲနေသည့် အချိန်၌ မင်းကွန်းတောင်ရိုးမှ ရွှေစင်တိပိဋက ဓရဆရာတော် အရှင်ဂန္ဓ္ဓ္ဓ္ဓ္ဓမာလာ လင်္ကာရ ဆရာတော်ဘုရားကြီး၏ မဟာချိုင်မြို့နေ တပည့်ဖြစ်သူ ဦးစောမြင့်ထူး (ပညာရွှေစင် သင်တန်းကျောင်း)နှင့် လက်ရှိ လွှတ်တော်ဥက္ကဌဖြစ်သူ သူရ ဦးရွှေမန်း၏ တပည်ဟု ခဏခဏပြောလေ့ရှိသူ ဦးနှင်းမောင် (ဓာတ်ပုံပါလူနှစ်ဦး)တို့မှ ...

“မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်း”ကဒ်များ (ယခုဖော်ပြပါ ကဒ်) ကို အသင်းဝင်ကြေး တစ်ဦးလျှင်ဘတ်ငွေ၁၀၀ ဖြင့်ပြုလုပ်ပေးရာ ယခုအချိန်၌ အဖွဲ့ဝင်ပေါင်းရှစ်ရာကျော်(၈၀၀) ရှိနေပါပြီး။

ယခုကဒ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်ပါက မည်သည့်စစ်ဆေးရေးမှ မတွေ့ကြုံစေ ရ ဟု ပြောဆိုလျှက် ရှိသောကြောင့် ဦးစောမြင့်ထူးနှင့် ဦးနှင်းမောင်ပြော သကဲ့သို့ယခုကဒ်သည် အမှန်တကယ်ပင် နိုင်ငံရေး စိစစ်ကဒ်ထက်ဒါမှမဟုတ် နိုင်ငံသားစိစစ်ရေးကဒ်လို အသုံးဝင်ပါက ကျွန်မလည် ထို့ကဒ်ကိုပြု လုပ်ပြီ မြန်မာနိုင်ငံ ကို ပြန်လိုပါသည်။

ကျွန်မတို့မှ တစ်နေ့မှ ဘတ်ငွေ၂၀၀ (နှစ်ရာဘတ်) ပင် ရရန်အနိုင်နိုင် ပုဇွန်ခွာနေတဲ့သူတွေပါ ။အမှန် တကယ် ဟုတ်ပါက ကျွန်မပြုလုပ်ပါမည်ဒီကဒ်ဟာ အမှန်တကယ်မြန်မာနိုင်ငံသို့ပြန်ပါက မည်သည့် စစ်ရေးမှ မကြုံတွေ့ရဘူးဟု အထက်ပါပုဂ္ဂိုလ်များပြောသလို ဟုတ်ပါသလာဆိုတာ သိလိုပါသဖြင့် ကိုကာဠုကျေးဇူးပြုပြီ ဖြေကြားပေးပါရှင့်။

ကျေးဇူးစွာတင်ဖြင့် ထိုင်းနိုင်ငံ မဟာချိုင်မြို့ရောက် မြန်မာနိုင်ငံသူတစ်ဦး

2 comments:

  1. မောင်ကာဠုကိုလည်း ကျွန်တော်တို့ မိတ်ဟောင်းများက ၀မ်းပန်းတသာ ကြိုဆိုပါရဲ့ဗျာ။ ဘယ်တွေလျှောက် ဘယ်တွေရောက်လို့ ဘယ်တွေပျောက်နေရတာလည်း မိတ်ဆွေကြီးရဲ့။ လုပ်စမ်းပါဦးဗျာ မိတ်ဆွေကြီးရဲ့ဆိုဒ်က အရမ်းစိတ်ဝင်စားကောင်းသလို၊ အရမ်းလည်း ထူးခြားတယ်မလား။ သတင်းအသစ်ကလေးတွေ အလန်းလေးတွေ ဖော်ပြပေးပါဦးနော်။

    ReplyDelete
  2. ( စွတ်ဖဲ့ )28 February 2014 at 04:16

    ပြောတိုင်းသာ ယုံကြစတန်းဆို ကျနုပ်တို့နေတဲ့

    ကမ္ဘာကြီး ( ၂၀၁၂ ) ကတည်းက ပျက်စီးခဲ့ပြီပေါ့

    သေသေချာချာ စဉ်းစားကြပေါ့ဗျာ...လောကကြီး

    မှာ အလိမ်ခံမဲ့လူတွေ ရှိနေသမျှ ကာလပတ်လုံး

    လူလိမ်တွေအတွက် အလစ်ဖြုတ် အလုပ်ဖြစ်နေ

    မှာကတော့ မလွဲဧကန်ပါပဲလေ....:-) :-) :-) :-) :-

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်