Pages

Monday, 14 October 2013

Traders ဟိုတယ် ဗုံးပေါက်ကွဲမှု ဖြစ်

အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီ ခွဲခန့်က ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ Traders ဟိုတယ် ကိုးလွှာ၊ အခန်းနံပါတ် ၉၂၁ ၏ ရေချိုးခန်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ တည်းခိုနေသူ အမေရိကန်   နိုင်ငံခြားသား မိသားစုမှ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ သွားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြားသည်။

ဒဏ်ရာရရှိသူ မစ္စစ် Piaiorst (အသက် ၄၃ နှစ်) သည် ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနသို့ ည ၁၁ နာရီမိနစ် ၄၀ တွင် ရောက်ရှိလာပြီး ၀ဲပေါင်၊ ၀ဲတင်ပါး၊ ယာလက်ဖျံ၊ ၀ဲနောက်ကျော စုတ်ပြဲဒဏ်ရာများ ရရှိသွားကြောင်း၊ လက်ရှိတွင် စိုးရိမ်စရာ မရှိကြောင်း ရန်ကုန်ဆေးရုံကြီး မှုခင်းတာဝန်ရှိသူ တစ်ဦးက ည ၁၂ နာရီခန့်တွင် ပြောကြားသည်။

လက်ရှိတွင် ဗုံးပေါက်ကွဲမှု ကောလာဟလ သတင်းများ လျင်မြန်စွာ ပြန့်နှံ့နေသည့် အတွက် အလျင်အမြန် သတင်းထုတ်ပြန်ပေးပါရန် အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေသော ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲမှူးကြီးတို့ကို သတင်းထောက် များက   အောက်တိုဘာ ၁၅ ရက် ၀၀း၄၅ အချိန်တွင် မေးမြန်းခဲ့သော်လည်း လတ်တလောတွင် ပြန် လည်   ဖြေကြားခြင်း မရှိခဲ့ချေ။ ည ၁၂ နာရီခွဲ ခန့်တွင် တပ်မတော် အင်ဂျင်နီယာတပ်ရင်း ဗုံးရှင်းလင်းရေး တပ်ဖွဲ့ မှ အနံ့ခံ ဗုံးရှာဖွေရေး ခွေးများဖြင့် Traders တစ်ဝိုက်တွင် ဆက်လက် ရှာဖွေနေကြောင်း သိရသည်။

အမှတ် ၉၀၅ တပ်မတော် အင်ဂျင်နီယာတပ်မှ တပ်မတော်သား တစ်ဦးက ''လက်ရှိအချိန်အထိ နောက် ထပ်ဗုံးတွေ မတွေ့ရပါဘူး။ ဆက်လက် ဆောင်ရွက်နေပါတယ်'' ဟု အောက်တိုဘာ ၁၅ ရက် နံနက် ၁ နာရီတွင် ဖြေကြားသည်။

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အခန်းတွင် ဒဏ်ရာရရှိသူ အမျိုးသမီးနှင့်အတူ ၎င်း၏ခင်ပွန်းနှင့် ကလေးနှစ်ဦးသည် အောက်တိုဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီက စတင်တည်းခို နေထိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တရားခံ ဖမ်းဆီးရမိရေး အတွက် Traders ဟိုတယ်တွင် တည်းခိုသူ ဧည့်သည်များ၏ အချက် အလက်များနှင့် ဟိုတယ် အ၀င်အထွက် မှတ်တမ်းများကို CCTV ကင်မရာမှတစ်ဆင့် စစ်ဆေးလျက်ရှိသည်။

2 comments:

  1. တောက်
    တော်တော်မိုက်ရိုင်းတဲ့ကောင်တွေ
    ခွေးတိရိစ္ဆာန်ထက်တောင် အောက်တန်းကျလွန်းတယ်။
    မင်းတို့ ဘာကိုမကျေနပ်တာလဲ။ ဘာဖြစ်ချင်တာလဲ။
    မင်းတို့မကျေနပ်ရင် လွတ်လွတ်လပ်လပ် ဆန္ဒဖော်ထုတ်ခွင့်ပေးထားတာပဲ။
    ဘာလည်း မတည်ငြိမ်ဖြစ်ရင်ပြီးရော။ လုပ်ချင်လို့လုပ်တဲ့သဘောလား။
    ဒါဆိုလည်း လက်သီးပုန်းမထိုးနဲ့ ဗြောင်ရှင်းလိုက်လေကွာ။
    ဘာမှမသက်ဆိုင်တဲ့ အပြစ်မဲ့ပြည်သူတွေကို အန္တရာယ်မပြုနဲ့
    မင်းတို့သတ္တိကောင်းလွန်းရင်
    အများပြည်သူသွားလာတဲ့နေရာမှာ မိုက်ရိုင်းပြမနေနဲ့
    ရဲစခန်းတွေ၊ စစ်တပ်တွေမှာ သွားခွဲကြ။
    ခွေးလိုးမသားကောင်တွေ
    ပြည်သူတွေကို ကျီးလန့်ဆန်စားဖြစ်အောင်မလုပ်နဲ့။
    အားလုံးပဲဗျာ-
    လက်ပူးလက်ကြပ်မိလို့ကတော့
    တာဝန်အရစစ်ဆေးပြီးရင်
    နေရာမှာတင် ကိစ္စတုန်းလုပ်ပလိုက်ကြပါ။

    ReplyDelete
  2. ဂွစာမောင်မောင်17 October 2013 at 13:45

    ဂွစာတို့က ပိုလို့တောင် ဒေါကန်သေးဗျာ ဒီခွေးမသာတွေကိုသိလို့တော့ လီးကိုဖြတ်ပြီး
    သတ်ပစ်မယ် လစ်ရင်ပြောတာနော်..ရဲသာမဖမ်းရင် ဒင်း ဖင်ထဲ ဗျောက်အိုးအထုပ်လိုက်
    ထဲ့ဖေါက်ပြီးသတ်ပစ်မယ်..။။ခွေးလိုးမသားတွေ..။။

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်