Pages
Saturday 19 October 2013
သူရိယအလင်းကိစ္စ... ကမာရွတ်မီဒီယာ အယ်ဒီတာချုပ်ရဲ့ ဖြေရှင်းချက်.
သူရိယအလင်းကိစ္စ... ကမာရွတ်မီဒီယာ အယ်ဒီတာချုပ်ရဲ့ ဖြေရှင်းချက်... ကမာရွတ်မီဒီယာနဲ့ တင်ခဲ့တဲ့ ပို့စ်တစ်ခုနဲ့ပတ်သက်ပြီး မိတ်ဆွေတစ်ချို့ကို ပြန်ရှင်းပြချင်ပါတယ်။
သူရိယအလင်းကိစ္စ မေးခွန်းတွေ ထုတ်စရာတွေထက် ပိုပြီး သံသယရှိစရာတွေကြောင့် တစ်ဖက်သတ်ပြော ဆိုတာတွေကို ဖြုတ်ချလိုက်တာဖြစ်ပါတယ်။
၁။ စွပ်စွဲတဲ့ ဂျာနယ်တိုက်ပိုင်ရှင်က သူကိုယ်တိုင် ဖိုးလပြည့်ပါတယ်။ ဦးဝင်းမြင့်သားပါတယ်ဆိုတာ မမြင်ဘူး ။ နောက်နေ့မနက်ကျမှ သူ့တပည့်တွေပြောတာ။ မြင်တဲ့သူ ထုတ်ပြဆိုတော့ မပြနိုင်ဘူး။
၂။ ထုတ်ဝေသူ ဦးယုနိုင်ကိ
ုယ်တိုင် ဂျာနယ်နဲ့ ပစ္စည်းတွေလာသိမ်းလို့ တိုက်ထဲကျန်နေတဲ့သူတွေရှိနေတာကို သတင်းစာရှင်းလင်းပွဲမှာ ဖုံးထားတယ်။
၃။ သူလည်းမမြင်၊ သက်သေလည်းမရှိတဲ့အပြင် မတရားအသိမ်းခံရတယ်ဆိုရင် ရဲစခန်းမှာ အမှုဖွင့်ရမှာကို မဖွင့်ပဲ မီဒီယာတွေနဲ့တွေ့ပြီး ပွဲဆူအောင်ဖွတာထင်ရှားတယ်။
၎။ ဂျာနယ်ပိုင်ရှင်နဲ့ ထုတ်ဝေသူလက်မှတ်ရှိတဲ့သူကြား ပြဿနာရှိနေတာကြောင့် ဒီလိုမျိုးတွေ ဖြစ်တာကို အမှန် အတိုင်း မပြောဘဲ နိုင်ငံရေးစတန့်အနေနဲ့ မီဒီယာကို အသုံးချတယ်။
၅။ စွပ်စွဲတဲ့သူကိုယ်တိုင်ရဲ့ နောက်ခံသမိုင်းကြောင်းအရ အကြီးအကျယ် ပြဿနာရှိတယ်။ ၈၈ မျိုးဆက် မှာ ပါခဲ့ဖူးသူတွေ သူ့အကြောင်း ပိုသိကြပါမယ်။ ဒီတော့ တစ်ယောက်တည်းက တစ်ဖက်သတ်ကြီး စွပ်စွဲထားတယ်။ ဒါ့ကြောင့် အများပြည်သူ အကျိုးမရှိဘူး။
ထုတ်ဝေသူကိုယ်တိုင်လာသိမ်းတာကို စီးနင်းခံရတယ်လို့ သုံးနှုံးမိတာ မှားတယ်။ ဒါ့ကြောင့် ပြန်ဖြုတ်လိုက်တာပါ။
ဖိအားပေးခံရလို့ ဖြုတ်သွားတယ်၊ ကြောက်လို့ ဖြုတ်သွားတယ်လို့ ပြောသူတွေကို ဝန်ခံချင်ပါတယ်။ ဟုတ်ပါတယ်။
မီဒီယာကျင့်ဝတ်က ဖိအားပေးပါတယ်။ မီဒီယာကျင့်ဝတ်ကို ကြောက်လို့ ဖြုတ်ပါတယ်။
ဒါထက် ဘာတစ်ခုမှ မကြောက်ပါဘူး။
(နေသန်မောင်) အယ်ဒီတာချုပ် - ကမာရွတ်မီဒီယာ။
19 comments:
  1. တစ်ခလာလဲဖိုးလပြည့် ..တစ်ခါလာလဲ ဖိုးလပြည့်...မဟုတ်ရင်..အပယ်မှာ စောက်ပါးစပ်ထဲကို သံရည်ပူတွေ လောင်းထည့်ခံရမှာနော်... သတိလဲထားကြဆုံး ငဖွတို့ရေ..။
    ReplyDelete
  2. အမှန်ကတော့မနာလိုတာပါပဲ
    ReplyDelete
  3. ကျွန်နော့ နာမည်က ဗိုလ်ကြီး ဖြိုးသက်ထွန်းပါ..မိသားစုက ကနေဒါနိုင်ငံမှာ နေပါတယ်။
    ReplyDelete
  4. မောင် ကာ ဠု နှင့် စစ် ခွေး များ အ ကြောင်း
    =====================
    ကျွန်နော့ နာမည်က ဗိုလ်ကြီး ဖြိုးသက်ထွန်းပါ..မိသားစုက ကနေဒါနိုင်ငံမှာ နေပါတယ်။
    ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၃၇ )သင်တန်းဆင်းတစ်ယောက်ဖြစ်ကာ တပ်ရင်း(၈၅/၉၉) နဲ့နေပြည်တော် စစ်ရုံးချုပ် တို့မှာတာဝန်ထမ်းဆောင်ခဲ့ဘူးပြီး ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှာ မျက်လုံးအားနည်း ချို့ယွင်းမှု့ ကြောင့် ဆေးပင်စင်ယူကာ ကနေဒါနိုင်ငံသို့ထွက်ခွာခဲ့ပါတယ်။
    Online စာမျက်နှာတွေကနေ နိုင်ငံရေး လူမျိုး/ဘာသာရေး သွေးထိုးလှုံ့ဆော် ၀ါဒဖြန့် နေသော pages တွေဟာ နေပြည်တော် စစ်ရုံးချုပ်မှ ချုပ်ကိုင်ခိုင်းစေနေကြောင်းကို ကျွန်နော် ပါဝင်ပတ်သက်ခဲ့ဘူးသမျှ သိကျွမ်းထားသလောက် ဖောက်သည်ချပါ၇စေ..။
    Online ပေါ်မှာ ၀ါဒဖြန့်တဲ့ လှုပ်ရှားမှုကို အစပြုခဲ့တာကတော့ ၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်း လောက်ကပါ...ကွန်ပျူတာ ကျွမ်းကျင်စွာကိုင်တွယ် အသုံးပြုတက်ပြီး ယုံကြည်စိတ်ချ ရလောက်တဲ့ တပ်မတော်သား အယောက်(၆၀)ကို နေပြည်တော် စစ်ရုံးချုပ်ဝန်းအတွင်း ရှိ ဧရာဝတီအဆောင် ကွန်ပျူတာခန်းမမှာ တစ်လတိတိ သင်တန်းပေး ကန့်သွင်းကာ အယောက်(၅၀)ကို ဆန်ခါတင် စီစစ်ေ၇ွးချယ်ခဲ့ပါတယ်...ဘာစီမံချက်အတွက် ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ၀ါဒဖြန့်ခိုင်းစေခဲ့တာလဲ ဆိုတာကိုတော့ သိပိုင်ခွင့်မရှိသလို တပ်ရဲ့ အစဉ်လာအရ အထက်ကအမိန့်ရှိသည့်အတိုင်း တသဝေမတိမ်း နာခံရစမြဲ ဖြစ်ပါတယ်။
    ReplyDelete
  5. Online ၀ါဒဖြန့်ရေးစီမံချက်အတွက် ကျွန်နော်တို့ကို အဖွဲ့တွေဖွဲ့ကာ တာဝန်တွေကိုယ်စီ ခွဲပေးထားပါတယ်။ဝါဒဖြန့် သတင်းဆောင်းပါးတွေ ဒိုင်ခံရေးပြီး pages တွေမှာတင်ပေးရတဲ့ အဖွဲ့၊pages တွေမှာ လှုံ့ဆော်ရေးသတင်းတင်လိုက်ရင် ကိုယ့်ဘက်ကနေ အလံခြူးလုပ် ပြီး posts တွေအောက်မှာ comment ၀င်ရေးကာ ပြန် share ပြီး ဖြန့်ဝေပေးရတဲ့အဖွဲ့၊ အစိုးရကောင်းကြောင်း သတင်း ဆောင်းပါးတွေနဲ့ လူမျိုး/ဘာသာ သွေးကွဲအမြင်စောင်း စေတဲ့ သတင်းအချက်အလက်တွေကို နိုင်ငံခြား ဘလော့ဂ်တွေကနေ ရှာဖွေပေး ရတဲ့ (ဥပမာ-Anti-Islam,Ban Islam,Islam Virus)ကဲ့သို့ ဘလော့ဂ်တွေ ကနေ လူမျိုး ဘာသာမုန်းတီးရေး အကြောင်းအရာတွေကို ရှာဖွေစုဆောင်းရတဲ့ အဖွဲ့ ဆိုပြီး တာဝန်တွေ ခွဲပေးထားတယ်။ကျနော်တို့ အဖွဲ့မှာ တစ်ယောက်ကို နာမည်ပေါင်းစုံနဲ့ acc (၁၀)ခု (၁၅)လောက်ဆီ ဖွင့်ပြီးလှုပ်ရှားစေခဲ့ပြီး နေ့ပိုင်း ညပိုင်းခွဲပြီး တာဝန်ထမ်းဆောင် ရပါတယ်။
    ကျွန်တော်တာဝန်ယူ လုပ်ဆောင်ပေးရတဲ့ အပိုင်းကတော့ ၀ါဒဖြန့်တဲ့ posts တွေအောက်မှာ accပေါင်းစုံနဲ့ ထောက်ခံတဲ့ဘက်က comment ၀င်ရေးပေးရပြီး အများသိအောင်ပြန်လည် ဝေမျှဖြန့်ချိပေးရတဲ့ တာဝန်ပါ။ကျနော်တို့ကို တိုက်ရိုက် ညွှန်ကြား ကြပ်မတ်တာကတော့ စစ်ရုံးချုပ်ရဲ့ ပြန်ကြားရေးဌာနက ညွှန်ချုပ်အဆင့်ရှိတဲ့ ဗိုလ်မှူးကြီးတွေကိုယ်တိုင် အနီးကပ် အမိန့်ပေး ညွှန်ကြားတာပါ။ညွှန်ချုပ်ကြီးတွေကိုတော့ ဘယ်လို အကြီးအကဲတွေ ခိုင်းစေနေတာလဲ ဆိုတာကို သိပိုင်ခွင့် မရှိပါဘူး...
    ReplyDelete
  6. Online သုံးနေတဲ့ ပြည်သူတွေ သတိမထားမိလို့ပါ ကျွန်နော်တို့ ၀ါဒဖြန့်တဲ့ pages တွေ တိုင်းမှာ NLD နဲ့ ဒေါ်စု မကောင်းကြောင်းတွေ အတိုက်အခံပါတီနဲ့ နိုင်ငံရေးခေါင်း ဆောင်တွေရဲ့ အပြစ်အနာအစာတွေကို ဟုတ်တာကော မဟုတ်တာကောရောပြီး ဆော် နေတာပါ။ပြီးတော့ ကုလားတွေ ယုတ်မာရိုင်းစိုင်းတဲ့ အကြောင်းတွေကို အသားပေးပြီး ဖွပေးကာ ပြည်တွင်းဖြစ်ပျက်နေတဲ့ ဘာသာရေး အဓိကရုဏ်းကို အချိန်တက်စေမယ့် လုပ်ကြံသတင်းဆောင်းပါးတွေကြည့်ေ၇ွးချယ်တင်ပြနေတာပါ။ဆရာတော် အရှင် ၀ီရသူနဲ့ ၉၆၉ အဖွဲ့ကိုလဲ ထောက်ခံအားပေးအားမြှောက်ပြုပေးတဲ့ ဘက်က အမြဲလိုလိုရပ်တည် ဖော်ပြပေးရပါတယ်။ဒါတွေက policy တွေဆိုတော့ ဘာရည်ရွယ်ချက်ကို ဦးတည်သလဲဆိုတာကို ခန့်မှန်းရခက် ပါတယ်။ကျွန်နော်တို့ကတော့အထက်အရာရှိကခိုင်းတဲ့အတိုင်းလုပ်ပေးရတာပေါ့ ပြည်သူတွေက မြင်အောင်မကြည့်ကြလို့ပါ သေချာဂရုစိုက်ပြီး သုံးသပ်ကြည့်ရင် ထင်သာမြင်သာရှိပါတယ်။ ("လူထုမောင် ကာဠု "တို့ "ဗဟုသုတ ဟင်းပေါင်းအိုးကြီး"တို့လို pages တွေနဲ့ အလား တူ pages ပေါင်းမြောက်များစွာ ရှိပါသေးတယ်) ဒီလို ၀ါဒဖြန့်လှုံ့ဆော်ရေးတွေက မြန်မာနိုင်ငံရယ်လို့ မဟုတ်ပါဘူး အခြားနိုင်ငံ တွေမှာလဲ ရှိပါတယ်။လက်ရှိအာဏာရပါတီရဲ့ သက်တမ်း ရပ်တည်မှု့ရှည်ကြာရေး အတွက် နည်းမျိုးစုံသုံးပြီး လှည့်ကွက်ဆင်တဲ့အနေနဲ့ လူမျိုးေ၇း ဘာသာရေး တိုက်ပွဲ ပုံစံဂွင်ဆင်ဖန်တီး၊တစ်နည်းမဟုတ် တစ်နည်းသုံးပြီးအာဏာရပါတီ သက်ဆိုးရှည်ဖို့ ကျိုးပမ်းတဲ့သဘောတွေပေါ့။
    ReplyDelete
  7. ကျွန်နော့အနေနဲ့ကိုယ်တိုင်ပါဝင် ပတ်သက်လှုပ်ရှားခဲ့တဲ့ ကိစ္စကိုယခုလို ဖွင့်ချရတယ် ဆိုတာအကြောင်းရှိပါတယ်။တပ်မတော်သားတစ်ယောက်ဖြစ်ပြီးအစိုးရကိုချောက်တွန်း သလို ဖြစ်နေပေမယ့်ပြည်သူတွေအပေါ် လုပ်ကြံသင်းတွေနဲ့ ပွဲဆူအောင်ဖန်တီးကာ အမုန်းပွား အာဃာတမီးတွေ တောက်လောင်စေအောင် မီးမြှိုက်ပေးနေရတာ ကိုယ့်ကို သူ မသတီဖြစ်လာသလို ဒီလိုလုပ်ရပ်တွေအတွက်လဲ နောင်တကြီးစွာ ရမိလို့ပါ။ကျွန်နော် တို့အဖွဲ့ထဲမှာလဲ အထက်အရာရှိတွေရဲ့ အမိန့်ကြောင့် တာဝန်ထမ်းဆောင်နေ၇ပေမယ့် ဒီလို အလုပ်မျိုးကို မလုပ်ချင်တဲ့သူတွေ အတော်များပါတယ်။ဗုဒ္ဒမြတ်စွာဘုရားရဲ့ တရားတော်တွေနဲ့လဲ ကိုက်ညီမှုမရှိလေတော့
    နေ့စဉ်နဲ့အမျှ အပြစ်တွေကျူးလွန်နေရသလို ခံစားလာရပါတယ်။
    ကိုယ့်ပယောဂကြောင့် အပြစ်မဲ့ ပြည်သူတွေအချင်းချင်း စိတ်ဝမ်းကွဲမှု့တွေ သေကြေပျက်စီးကာ ဘ၀ပျက်သွား သူတွေရှိနေတာ မြင်နေတွေ့နေ၇တော့ စိတ်ထဲ မသိုးမသန့်ဖြစ်မိတာအမှန်ပါ။ဒီဝဋ်ကြွေး တွေကို တစ်နေ့ပြန်လည် ပေးဆပ်၇မယ်ဆိုတဲ့ အသိက မသိစိတ်ကို ချောက်လှန့်နေတော့ တာဝန်ကြောင့်သာ ထမ်းဆောင်နေ၇တယ် စိတ်ထဲမှာ မပျော်ရွှင်မိပါဘူး။
    တပ်မတော်ကနေ မျက်လုံးခွဲစိတ်၇မယ် အကြောင်းပြချက်နဲ့ ဆေးပင်စင် ယူပြီး နိုင်ငံခြားကို ထွက်ခွာလာရခြင်းရဲ့ အဓိက အကြောင်းခံ ကတော့ ပြည်တွင်းဘာသာရေး ခေါင်းစဉ်နဲ့အကြမ်းဖက်မှု့တွဖြစ်တော့ မိဘများကိုယ်စား ကျွန်နော့ကို ဒီလိုဘ၀မျိုးရောက်အောင် ပြုစုကျွေးမွေးစောင့်ရှောက်ထားတဲ့ ဦးကြီးတို့မိသားစု ဘ၀ပျက်ကာ ဒုက္ခသည်စခန်းရောက်ခဲ့ရပါတယ်။မီးရှို့ဖျက်ဆီးခံလိုက်၇လို့ ရှိတဲ့ စီးပွားလည်းပျက်သွားပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု့ပါခံစားနေရပါတယ်။ဒီဖြစ်စဉ်ကို အထက်ကို တင်ပြတော့မသိကျိုးကျွံပြုကာ သီးသန့်အနေနဲ့ ဘာကူညီထောက်ပံ့မှု့ မျိုးမှ မလုပ်ပေးခဲ့ပါဘူး၊ဖုံးကွယ်ဖျောက်ဖျက်ထားခဲ့ပါတယ်။ကျနော့ဘ၀ကို လူတလုံးသူတလုံး ဖြစ်အောင် ပြုစုပျိုးထောင် ပေးခဲ့တဲ့ သူတွေ ကိုယ့်ပယောဂ မကင်းတဲ့ ဆူပူအကြမ်းဖက်မှု့တွေကြောင့် ဘ၀ပျက်ခဲ့ ခြင်းဟာ ကျနော့ကို တပ်မတော်ကနေ ထွက်ခွာဖို့ တွန်းအားဖြစ်စေခဲ့တဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ်။
    အစိုးရအနေနဲ့Online ပေါ်မှာ နိုင်ငံရေး လူမျိုးဘာသာ သွေးခွဲလှုံ့ဆော် ၀ါဒမှိုင်းတိုက် နေခြင်းရဲ့ ရည်၇ွယ်ချက်ကို အတိအကျ သိရှိ မခန့်မှန်းနိုင်သော်လည်း ဒီမိုကရေစီ ခေါင်းစဉ်အောက် ရောက်ရှိလာပြီးတဲ့နောက်ပိုင်း ဆယ်သွယ်ရေး ကွန်ယက် ကြီးမားကျယ်ပြန့်ပွင့်လင်းမှုရှိလာတဲ့ မြန်မာနိုင်ငံမှာ လက်ရှိ အာဏာရပါတီနဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံ အပေါ် ကြီးစိုးချုပ်ကိုင်ထားတဲ့ စစ်တပ်ရဲ့ အနာဟောင်းတွေကို ဖုံးကွယ်ဖျောက်ဖျက်ဖို့ 0nline ၀ါဒဖြန့်ချိရေးကိုဒိုင်းကာဗာသဖွယ် အသုံးပြုရန် နှင့် ပွင့်လင်းမြင်သာမှု့ရှိစ သတင်းကဏပိုင်းမှာ ဆာလောင်နေတဲ့ ပြည်သူ တွေကို သတင်းမှားတွေဖြန့်ချိမှိုင်းတိုက်ကာ နိုင်ငံရေးမှာ စိတ်ကြိုက်ချယ်လှယ် အုပ်ချုပ် နိုင်ဖို့လို့ ထင်မြင်ယူဆမိပါတယ်။
    မြန်မာပြည်သူအားလုံး ဆင်ခြင်သတိပြုကာ အာဏာပိုင်တွေရဲ့ နိုင်ငံရေး လှည့်ကွက်အတွင်း အသုံးချခံနေရခြင်းမှ လွတ်ကင်းနိုင်ကြပါစေလို့ ဆုတောင်း မေတ္တာပို့သရင်းေ၇ှာင်ကျဉ်သတိပြုနိုင်ကြပါစေကြောင်း....။
    ဗိုလ်ကြီး ဖြိုးသက်ထွန်း(DSA-အပတ်စဉ် ၃၇ )
    ကနေဒါနိုင်ငံ(ခေတ္တ)
    ReplyDelete
    Replies
    1. စောက်ခြောက်
      မင်းရေးသလိုငါလဲ ရေးမယ်
      နာမည်ဘယ်သူ အပတ်စဉ် ဘယ်လောက် လျှောက်တပ်ပြီး ရေးချင် ရာ ရေးလို့ရတယ်
      လမ်းဘေးမှာဆိုက်ကားနင်းနေရတဲ့ ကောင် က များ ကွာ
      ဘယ် comment တွေများ ဝါဒဖြန့် လစာယူ ပြီး ရေးနေတာ တွေ့လို့လဲ
      မင်းဟောင် သံက 88 သူခိုးတွေနဲ့ တစ်လေသံထဲပဲ။
      မင်း အ မေ ကို ပိုက်ဆံပေးပြီး စုတ်ပြတ်သွားအောင် လိုးလို့ရတယ် သိလား
      ဟားဟား
      Delete
  8. [ စွတ် ဖဲ့ ]19 October 2013 at 19:29
    ငါးသလောက် ကြိုက်တဲ့သူက ငါးသလောက်ဟာ ဘယ်လောက်ဆိမ့်တယ်....ဘယ်
    လောက်အရသာရှိတယ်ဆိုပြီး....ငါးသလောက်ရဲ့ အားသာချက်တွေကို ချီးကျူးနေ
    တဲ့အချိန်မှာ......ငါးသလောက် မကြိုက်တဲ့သူကတော့......ငါးသလောက်ဟာ ဘယ်
    လောက်အရိုးများကြောင်း...သွေးတက်တတ်ကြောင်း...စတဲ့ငါးသလောက်ရဲ့ အား
    နည်းချက်တွေကို ရှုံ့ချနေမှာကတော့ မလွဲဧကန်ပါပဲ....ဒါဆိုရင်......ငါးသလောက်
    ကြိုက်သူနဲ့ ငါးသလောက် မကြိုက်သူ ဘယ်သူမှားပြီး ဘယ်သူမှန်မလည်း စဉ်းစား
    စရာ ဖြစ်လာပါပြီ.....နှစ်ယောက်စလုံး မှန်ပါတယ်....ဘာ့ကြောင့်ဆို အရာရာတိုင်း
    မှာ အမှားနဲ့အမှန်ဆိုတာ ဒွန်တွဲနေလို့ပါပဲ...အဖြစ်အပျက်တစ်ခုကို မိမိရဲ့ရှု့ထောင့်
    ကနေပဲ ကြည့်ပြီး အပြီးသတ် ဝေဖန်ပိုင်းခြားလို့ မရပါဘူး..အဲ့သလိုသာဆိုရင် ကျန်
    တဲ့ရှု့ထောင့်မှာ ရှိနေကြတဲ့ သူတွေရဲ့အမြင်တွေကို မြောင်းထဲ လွင့်ပစ်လိုက်သလို
    ဖြစ်သွားမှာပေါ့....ဒီမိုကရေစီရဲ့ တစ်ကယ့်အနှစ်သာရက အဲ့ဒါပါပဲ....ဒါပေမဲ့...အခု
    တော့....ဒီမိုကရေစီကို စတင်ကျင့်သုံးခဲ့တဲ့....နိုင်ငံတွေကိုယ်နှိုက်ကိုက အချို့သော
    ကိစ္စရပ်များမှာ ဒီမိုကရေစီမဆန်ပဲ....အာဏာရှင်ဆန်ဆန်...ပြုမူဆောင်ရွက်နေကြ
    တာကို မြင်တွေ့နေကြရမှာပါ......လောကမှာ ဘုရားနှင့် ရဟန္တာမှလွဲ၍ ခြောက်ပစ်
    ကင်း သဲလဲစင်ဆိုတာ ဘယ်သူမှမရှိပါဘူး...ငါနှင့်မတူ ငါ့ရန်သူရယ်လို့ ငါတစ်ကော
    ကောပြီး ခရီးဆက်နေကြမယ် ဆိုရင်တော့.....လမ်းပေါ်လျှောက်ရင်း လမ်းပျောက်
    နေကြအုံးမှာပါ...အခုလိုရေးလိုက်လို့ ဘယ်သူ့ကိုမှ မဝေဖန်ရဘူးရယ်လို့ ဆိုလိုတာ
    မဟုတ်ဘူးနော်...ကျုပ်...ကိုယ်နှိုက်ကိုက နေ့စဉ်ဝေဖန်ရေးတွေ လုပ်နေတာပဲလေ
    အဲ့ဒီ့ဝေဖန်တဲ့အထဲမှာ အမှန်တွေပါသလို အမှားတွေလည်းပါနေမှာပဲ...ဒါကလည်း
    လောကီလူသား တစ်ယောက်အတွက် ရှောင်လွှဲလို့မရနိုင်တဲ့ အရာတစ်ခုပါ......အဲ့
    ဒီ့မှာ အရေးကြီးတာက ရိုးသားစွာ မှားယွင်းခြင်းမျိုး မဟုတ်ပဲ......တမင်ကြံစည်ပြီး
    မှားယွင်းတဲ့ အမှားမျိုးကို မလုပ်မိစေဖို့တော့ သတိထားရလိမ့်မယ်.....ယုံကြည်ရာ
    မှားယွင်းခွင့် ရှိတယ်ဆိုပေမဲ့လည်း..(၁၀၀ %) မှားနေတာကြီးကို (၁၀၀ %) မှန်ပါ
    တယ်ဆိုတဲ့ ပြောဆိုမှုကတော့ ဘယ်လိုမှ မဖြစ်သင့်ဘူးပေါ့လေ.......အခု.....ကျုပ်
    ရေးလိုက်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး လွတ်လပ်စွာ သဘောထားကွဲ
    လွဲနိုင်ပါတယ်.........................................................................................
    ReplyDelete
    Replies
    1. ဖြိုးသက်ထွန်းနာမည်နဲ့ ရေးသူဟာအမှန်ဆိုရင် အဲဒီလူဟာ ခွေးထက်မိုက်တယ်သာဓုနတရားလေးပါးကိုသူသိဟန်မတူဘူး
      Delete
  9. သိုက်သိုက်19 October 2013 at 22:57
    ဘယ်လိုတွေပဲဝါဒဖြန့်ဖြန့်အားလုံးဟာ ထမင်းစားနေတဲ့လူတွေဆိုရင် အမှားအမှန်ခွဲခြားတတ်တဲ့ကိုယ်ပိုင်ဦးဏှောက်ရှိသူတွေဟာသူများပါးစပ်ဖျားမှာလမ်းမဆုံးပါဘူး
    အကောင်းအဆိုး အကျိုးအပြစ်ကိုလက်တွေ့အသုံးချ ကိုယ့်ဘဝကိုအေးမြလှပအောင်ဖန်တီးယူကြမှာပါ။
    ဘယ်ပါတီနဲ့ဘယ်လူမျိုးရဲ့မကောင်းကြောင်းကိုဘယ်လိုပဲရေးရေးလက်တွေ့နဲ့ဆန့်ကျင်နေမယ်ဆိုရင်လက်ညောင်းရုံပဲအဖတ်တင်ပါလိမ့်မယ်။
    ဒေါ်စုနဲ့nldတစ်ကယ်လည်းအမျိုးသားရေးချစ်စိတ်ရှိတယ်ဘာသာသာသနာအပေါ်မှာအလေးထားဆောင်ရွက်နေတယ်ကုလားအားပေးမလုပ်ဘူး လူ့အခွင့်အရေးထက်အမျိုးသားအခွင့်အရေးကိုဦးစားပေးနေတယ်ဆိုရင် ဘယ်သူပဲဝါဒဖြန့်ဖြန့်အချည်းအနှီးပဲဖြစ်လိမ့်မယ်။
    အဲသလိုမဟုတ်ပဲအခုပြောခဲ့တာတွေနဲ့ဆန့်ကျင်ဘက်တွေဖြစ်နေမယ်ဆိုရင်လည်း ဘယ်သူမှဝါဒမဖြန့်ပဲ ကိုယ်ပိုင်ဦးဏှောက်ရှိသူတွေက အားပေးထောက်ခံမှုပြုကြမှာမဟုတ်ဘူးလို့ကျနော်ရဲရဲကြီးပြောရဲပါတယ်။
    ReplyDelete
  10. [ စွတ် ဖဲ့ ]20 October 2013 at 04:53
    ကိုသိုက်ကြီးလည်း ပျောက်ချက်သား ကောင်းနေလိုက်တာ....အခုမှပဲ ပေါ်လာတော့
    တယ်....ကိုသိုက်ကြီး ပြောသလိုပါပဲဗျာ.........အမှန်တရားကိုတော့ အကြံသမားတွေ
    ဘယ်တော့မှ အနိုင်ရလိမ့်မယ် မဟုတ်ဘူး....ခဏတာတော့ ရချင်ရနေလိမ့်မယ်....ဒါ
    ပေမဲ့ အချိန်ကာလ အတိုင်းအတာ တစ်ခုမှာတော့ ကိုယ်ပြုခဲ့တဲ့..အကြောင်းတရားရဲ့
    အကျိုးဆက်ကို ကိုယ်ပြန်ပြီးလက်သင့်ခံရတော့မှာပါ.....ကိုယ်စိုက်ပျိုးခဲ့တာကို ကိုယ်
    ပြန်ရိတ်သိမ်းရမဟုတ်လား......ဒါ....နိယာမပဲလေဗျာ.........................................
    ( ကြောင်တွေက ကြာကြာရေမငုတ်တတ်ကြဘူး ကိုသိုက်ရေ )
    ReplyDelete
  11. သိုက်သိုက်20 October 2013 at 05:48
    ဟုတ်တယ် ကိုစွတ်ဖဲ့ရေ နောင်ကြီးရဲ့ကွန်မန့်တွေကိုတော့ဖတ်ဖြစ်ပါတယ်
    ကွန်မန့်ဝင်မပေးဖြစ်တာက မိုက်ရိုင်းတဲ့လူတွေနဲ့ပြန်မတုချင်လို့ပါ။
    ဘယ်သူပဲဖြစ်ဖြစ်လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ်။
    သို့သော်မိမိနဲ့အယူအစခြင်းမတူတာနဲ့ဆဲရေးတိုင်းထွာတယ်ဆိုတာ လူကောင်းတွေရဲ့အလုပ်မဟုတ်ဘူး။
    ReplyDelete
  12. တပ်မတော်အနေနဲ့အရမ်းသတိထားရပါတော့မယ်
    အခြေအနေမဟန်လောက်ဘူးထင်ရင်အာဏာပြန်သိမ်းဖို့
    ပြင်ဆင်ထားသင့်ပါတယ်
    ReplyDelete
  13. တပ်ထဲမှာ ဒီလို အသားထဲက လောက်ထွက်တဲ့ကောင်တွေ ရှိလို့ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုတ် ဆိုတာမျိုးဖြစ်တာပေါ့ ။ ဒါမျိုး ရှိလဲရှိခဲ့ပါတယ် ၊ရှိလဲရှိနေအုန်းမှာဘဲ ။ ဒါကိုသိတဲ့ ဘေးထိုင် ဘုပြော ကောင်တွေကလဲ (ဆိုက်ကားသမား ၊လမ်းဘေးအီးယို၊ဓါတ်တိုင်သေးပန်း) တွေကလဲ comment ၀င်ရေးနိုင်တာဘဲလေ ။အသိ သတိနဲ့ ဆင်ခြင်ကြပါ ။
    ReplyDelete
  14. ဟေ့ကောင် ဖြိုးသက်ထွန်း ဆိုတဲ့ကောင်
    မင်းတပ်မတော်သား ဟုတ် မဟုတ် ငါမသိဘူး၊
    မင်းပြောတဲ့အချက်အလက်တွေ ဟုတ် မဟုတ်လည်း ငါမသိဘူး၊
    အေး ငါသိတာတစ်ခုတော့ရှိတယ်
    မင်းဟာ တပ်မတော်သားတစ်ယောက်ဖြစ်ခဲ့ရင်တောင်
    စစ်သားကောင်းတစ်ယောက်တော့ မဖြစ်ခဲ့ဘူးဆိုတာပဲ။
    မင်းလို သစ္စာတရား၊ ကျေးဇူးတရားမသိတတ်တဲ့ကောင်
    ကျင့်ဝတ်နဲ့ ခံယူချက် မခိုင်မာတဲ့ကောင်မျိုး
    ငါတို့ကလည်း ရွံတယ်၊ စက်ဆုပ်တယ်ဆိုတာပဲ။
    မင်းလိုကောင်စားမျိုး ဘယ်တော့မှ လူ့တန်ဘိုးဆိုတာကို
    နားလည်သိလာမှာမဟုတ်သလို ဘယ်တော့မှလည်း ရှိလာမှာမဟုတ်ဘူးဆိုတာ
    မင်းမှတ်ထားပါ။
    ( ဒဲ့ကြီး )
    ReplyDelete
  15. Myammar Daily Star မှကူးယူဖော်ပြသည်21 October 2013 at 22:10
    မနေ့ က .....
    သတင်းတစ်ခု တက်လာပါတယ်.....
    အွန်လိုင်းပေါ်မှ ၀ါဒဖြန့် ချိရေး ကို .....
    စစ်ရုံးချုပ်မှ ဦးစီး ကြိုးကိုင် .....တဲ့  .....
    စစ်တက္ကသိုလ် အပတ်စဉ် ၃၇ က.....
    ဗိုလ်ကြီး ဖြိုးသက်ထွန်းက ဖွင့်ချ လိုက်တာပါ တဲ့ ...
    ၂၀၁၃ ထိ တာဝန် ထမ်းဆောင်ခဲ့ တယ်...
    ခုတော့ သူ အငြိမ်းစားယူပြီး ကနေဒါ ရောက်နေပါပြီ .....
    ပြည်သူလူထု အကျိုး အတွက် ...
    မခံ မရပ် နိုင် ဖြစ်လွန်းလို့ ဖွင့်ချလိုက် ရတာပါ တဲ့ .....
    သူ့ ကို ညွှန်ကြားတဲ့ သူတွေက .....
    စစ်ရုံးချုပ် ပြန်ကြားရေး ဌာနက .....
    ညွှန်ချုပ် ဗိုလ်မှူးကြီး အဆင့် တွေ တဲ့ ....
    ရေးထားတာ ကတော့ ....
    တပ်က ဘယ်လို ဘယ်ချမ်းသာ....
    ဘာ ညာ ပေါ့ဗျာ....
    ပြောချင်တာက .....
    ဒီပို့ စ် ရေးတဲ့ သူ ကို မဟုတ်ပါဘူး ....
    ဒါမျိုး ပို့ စ် တွေ ကတော့ ....
    အွန်လိုင်းမှာ တွေ့ နေကြပါပဲ....
    ပြသနာက ရှယ်သွားတဲ့ သူက ...
    ၅၀၀ ကျော် ရှိနေတယ်.....
    ရှယ်တဲ့ သူ တွေကို တစ်ချက်ကြည့်လိုက်တော့....
    ကျွန်တော့် မိတ်ဆွေတစ်ချို့ လဲ ပါတယ်...
    အဲတော့ ကျွန်တော့် အနေနဲ့  .....
    ဘာမှ အထူးအဆန်း မဟုတ်တဲ့ .....
    လူ အတော်များများ လဲ သိပြီး ဖြစ်တဲ့  .....
    တပ် နဲ့ ပတ်သက်တဲ့ ဗဟုသုတလေး တွေ ....
    နည်းနည်း ရှင်းပြဖို့ လိုလာတယ်လို့  ယူဆပြီး ....
    အခုလို ရှင်းပြ မိပါတယ်.....
    ပထမ အချက်ကတော့ ....
    စစ်တက္ကသိုလ် အပတ်စဉ် ၅၀ ကျော်တွေတောင်....
    ဗိုလ်ကြီး ဖြစ်နေကြပြီ ဖြစ်တဲ့  ....
    ၂၀၁၃ ခုနှစ်မှာ......
    စစ်တက္ကသိုလ် အပတ်စဉ် ၃၇ ဟာ ....
    တပ်မတော် မှာ ဘယ်အဆင့်လောက် .....
    ဖြစ်နေမလဲ လို့ တစ်ချက် တွေးကြည့်ပါ....
    ဒုတိယ အချက်ကတော့ ...
    မင်နီ ရှိလို့ ရာထူးမတိုးဘူး ဆိုရအောင်ကလဲ .....
    စစ်ရုံး မှာ မင်နီ ရှိတဲ့ အရာရှိတွေကို ....
    တာဝန် ထမ်းဆောင်ခွင့် မပြုပါဘူး ....
    တာဝန် ထမ်းဆောင်နေတုန်း ....
    ပြသနာ တစ်ခုခု ဖြစ်လို့ .....
    အရေးယူခံ ရရင်လည်း...
    စစ်ရုံးက ချက်ခြင်း ပြန်ဆင်းရပါတယ်....
    တတိယ အချက်ကတော့ ...
    စစ်ရုံး ရဲ့  ပြန်ကြားရေး ဌာန ဆိုတာ....
    ဘယ်တုန်းကမှ မရှိပါဘူး ...
    အဲတော့ နောက် အခုလို .....
    ဇာတ်လမ်းဆင် ရေးမယ်ဆို ....
    တကယ် ရှိတဲ့ ဌာန တစ်ခုခု ကို .....
    ထည့် ရေးဖို့ လို ပါလိမ့်မယ်...
    စတုတ္ထ အချက် ကတော့ ....
    တိုင်း ၊ တပ်မ ၊ တပ်ရင်း ၊ တပ်ဖွဲ့  လောက် အနေအထားမှာ.....
    ဗိုလ်မှူးကြီး ဆိုတဲ့  အဆင့်ဟာ....
    အတော် ရာထူး ကြီးကြီး ဖြစ်ပေမယ့် ....
    စစ်ရုံး အတွင်း မှာတော့ ....
    အဲ ဒီ အဆင့်ဟာ ဘာမှ မပြောပလောက်ပါဘူး....
    ကာကွယ်ရေး ၀န်ကြီးဌာန ရဲ့  ....
    ဒါရိုက်တာ တွေ အားလုံးဟာ .....
    ဗိုလ်ချုပ် အဆင့်တောင် နည်းပါတယ်....
    ဒုတိယ ဗိုလ်ချုပ်ကြီးတွေ များပါတယ်.....
    တပ်ကို အပုတ် ချမယ်ဆို ရင်လဲ ....
    သတင်းစာလေး ဘာလေး လောက်တော့ ....
    ဖတ်ပြီး ရေးသား အပုတ်ချ သင့်ပါတယ်....
    ပဉ္စမ အချက်ကတော့.......
    စစ်အစိုးရ က ၂၂ နှစ် လောက် ......
    အေးအေးလူလူ အုပ်ချုပ် သွားနိုင်တဲ့  .....
    အဓိက အချက် က..
    ခင်ဗျားတို့ ပိန်းလွန်းလို့ ပဲ ဆိုတာ....
    အခုမှပဲ .....
    ကောင်းကောင်း သဘောပေါက် မိပါတယ်....
    ReplyDelete
  16. Myammar Daily Star မှကူးယူဖော်ပြသည်21 October 2013 at 22:34
    မနေ့ က .....သတင်းတစ်ခု တက်လာပါတယ်.....အွန်လိုင်းပေါ်မှ ၀ါဒဖြန့် ချိရေး ကို
    စစ်ရုံးချုပ်မှ ဦးစီး ကြိုးကိုင် .....တဲ့ ....စစ်တက္ကသိုလ် အပတ်စဉ် ၃၇ က....ဗိုလ်ကြီး
    ဖြိုးသက်ထွန်းက ဖွင့်ချ လိုက်တာပါ တဲ့ ..............၂၀၁၃ ထိ တာဝန် ထမ်းဆောင်
    ခဲ့ တယ်...ခုတော့ သူ အငြိမ်းစားယူပြီး ကနေဒါ ရောက်နေပါပြီ ...ပြည်သူလူထု အ
    ကျိုး အတွက် မခံ မရပ် နိုင် ဖြစ်လွန်းလို့ ဖွင့်ချလိုက် ရတာပါ တဲ့ ...သူ့ကို ညွှန်ကြား
    တဲ့ သူတွေက စစ်ရုံးချုပ် ပြန်ကြားရေး ဌာနက....ညွှန်ချုပ် ဗိုလ်မှူးကြီး အဆင့်တွေ
    တဲ့ .....ရေးထားတာကတော့ ....တပ်က ဘယ်လိုဘယ်ချမ်းသာ...၀ါဒဖြန့် ချိရေးကို
    ဘယ်လို စနစ်တကျ လုပ်နေတယ်....ဘာညာပေါ့ဗျာ.....ပြောချင်တာက ဒီပို့ စ်ရေး
    တဲ့ သူ ကို မဟုတ်ပါဘူး ....ဒါမျိုးပို့ စ် တွေကတော့ ....အွန်လိုင်းမှာ တွေ့ နေကြပါပဲ
    ပြသနာက ရှယ်သွားတဲ့ သူက ..၅၀၀ ကျော် ရှိနေတယ်.....ရှယ်တဲ့ သူ တွေကို တစ်
    ချက်ကြည့်လိုက်တော့....ကျွန်တော့် မိတ်ဆွေတစ်ချို့ လဲ ပါတယ်......အဲတော့ ကျွန်
    တော့် အနေနဲ့.....ဘာမှ အထူးအဆန်း မဟုတ်တဲ့ ......လူအတော်များများလဲ သိပြီး
    ဖြစ်တဲ့ ....တပ်နဲ့...ပတ်သက်တဲ့ ဗဟုသုတလေးတွေ.....နည်းနည်း ရှင်းပြဖို့ လိုလာ
    တယ်လို့ ယူဆပြီး..အခုလို ရှင်းပြမိပါတယ်...ပထမအချက်ကတော့ စစ်တက္ကသိုလ်
    အပတ်စဉ် ၅၀ ကျော်တွေတောင်....ဗိုလ်ကြီး ဖြစ်နေကြပြီဖြစ်တဲ့  ၂၀၁၃ ခုနှစ်မှာ
    စစ်တက္ကသိုလ် အပတ်စဉ် ၃၇ ဟာ...တပ်မတော်မှာ ဘယ်အဆင့်လောက် ဖြစ်နေ
    မလဲလို့ တစ်ချက်တွေးကြည့်ပါ.....ဒုတိယ အချက်ကတော့ မင်နီ ရှိလို့ ရာထူးမတိုး
    ဘူး ဆိုရအောင်ကလဲ စစ်ရုံးမှာ မင်နီရှိတဲ့ အရာရှိတွေကို တာဝန် ထမ်းဆောင်ခွင့်
    မပြုပါဘူး....တာဝန် ထမ်းဆောင်နေတုန်း ပြသနာ တစ်ခုခု ဖြစ်လို့ ....အရေးယူခံ
    ရရင်လည်း စစ်ရုံးက ချက်ခြင်း ပြန်ဆင်းရပါတယ်....တတိယ အချက်ကတော့စစ်
    ရုံးရဲ့  ပြန်ကြားရေး ဌာနဆိုတာ ဘယ်တုန်းကမှ မရှိပါဘူး .....အဲတော့ နောက်အခု
    လိုဇာတ်လမ်းဆင်ရေးမယ်ဆို တကယ်ရှိတဲ့  ဌာနတစ်ခုခုကို ထည့်ရေးဖို့ လိုပါလိမ့်
    မယ်...စတုတ္ထအချက်ကတော့....တိုင်း ၊ တပ်မ ၊ တပ်ရင်း ၊ တပ်ဖွဲ့  လောက် အနေ
    အထားမှာ.ဗိုလ်မှူးကြီးဆိုတဲ့  အဆင့်ဟာ.......အတော်ရာထူး ကြီးကြီး ဖြစ်ပေမယ့်
    စစ်ရုံးအတွင်းမှာတော့...အဲ ဒီအဆင့်ဟာ ဘာမှမပြောပလောက်ပါဘူး...ကာကွယ်
    ရေး ၀န်ကြီးဌာနရဲ့ ဒါရိုက်တာတွေ အားလုံးဟာ ....ဗိုလ်ချုပ်အဆင့်တောင် နည်းပါ
    တယ်....ဒုတိယ ဗိုလ်ချုပ်ကြီးတွေ များပါတယ်......တပ်ကို အပုတ်ချမယ်ဆို ရင်လဲ
    သတင်းစာလေး ဘာလေးလောက်တော့ ဖတ်ပြီး ရေးသား အပုတ်ချ သင့်ပါတယ်
    ပဉ္စမ အချက်ကတော့....စစ်အစိုးရ က ၂၂ နှစ် လောက် အေးအေးလူလူ အုပ်ချုပ်
    သွားနိုင်တဲ့  အဓိကအချက်က ခင်ဗျားတို့ ပိန်းလွန်းလို့ ပဲ ဆိုတာ အခုမှပဲ ကောင်း
    ကောင်း သဘောပေါက် မိပါတယ်...............................................................
    ReplyDelete
  17. အဲဒီ ဖြိုးသက်ထွန်းဆိုတဲ့ကောင်က
    စောက်ရူးပါ။ ခပ်တည်တည်နဲ့ တတ်ယောင်ကား
    လျှောက်ပြောသွားတာ ကျုပ်တို့သိပါတယ်ဗျာ။
    ReplyDelete
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်
လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်