Pages

Saturday 21 September 2013

မြန်မာ့တပ်မတော်(ရေ)၏ ကိုယ်တိုင်တည်ဆောက်လျက်ရှိသော Stealth Frigate များနှင့် အပေါ့စားကင်းလှဲ့ရေယဉ်များ



ဒီပုံက အများမျှော်လင့်နေတဲ့ Stealth Frigate စစ်ရေယာဉ် ကျန်စစ်သား (F-12) ပါ။ လွန်ခဲ့သော လအ တန် ကြာက ရိုက်ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

တပ်မတော်(ရေ)မှ ကိုယ်တိုင်တည်ဆောက်လျက်ရှိသော F-12 Frigate စစ်ရေယာဉ်ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ရေချခဲ့သည်။ ရေယာဉ် Design မှာ မူလစမ်းသပ် အောင်မြင်ထားသည့် ပထမအစီး (F-11) အပေါ်တွင် အခြေခံထားသည်ဟု ယူဆရသော်လည်း မတူနိုင်သည့်အချက်မှာ Stealth နည်းပညာကို ဆန်းသစ်တီထွင် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ မြန်မာ့တပ်မတော်(ရေ)၏ ပထမဆုံး Stealth နည်းပညာ အစပျိုးခြင်းဖြစ်၍ ပြီးပြည့်စုံမှု အားနည်းနိုင်သော်လည်း သိသာထင်ရှားသော မှတ်တိုင်တစ်ခု စိုက်ထူနိုင်မည်ဟု ယုံကြည်ပါသည်။

ဖော်ပြပါစစ်ရေယာဉ်တွင် Multirole ဆောင်ရွက်နိုင်ရန် ရေပေါ်၊ရေအောက်၊လေကြောင်းရန် နှင့် အီလက်ထရောနစ် စစ်ဆင်ရေး Capability ရှိသည့် လက်နက်ပစ္စည်းနှင့် စနစ်များ တပ်ဆင်ထားပါတယ်။ (၁၂၀)ကီလိုမီတာ အထိပစ်ခတ်နိုင်သော ဒုံးများ၊ မြန်နူန်းမြင့် အမြောက်များ၊ CIWS များ၊ ရေငုပ်သင်္ဘော ပစ်ဒုံးနှင့် Torpedo များ၊ Active/Passive EW စနစ်များ၊ OTH Target (မိုးကုပ်စက်ဝိုင်းလွန် ပစ်မှတ်) များအပါ အဝင် ရေပြင်၊ရေအောက် နှင့် ဝေဟင် ပစ်မှတ်များကို ထောက်လှမ်းနိုင်မည့် အဆင့်မြင့် အာရုံခံစနစ်များ ပါဝင်။ F-11 ကဲ့သို့ပင် သာမန် Combat System ထက် အဖက်ဖက်က အလေးသာသော Integrated Combat System တပ်ဆင်နိုင်ဖွယ်ရှိပြီး F-11 မှ စမ်းသပ်ရရှိထားသော အားသာချက် / အားနည်းချက်များပေါ်တွင် အခြေခံမည်ဖြစ်၍ လက်နက်များ၊ လက်နက်စနစ်များ၊ အာရုံခံစနစ်များနှင့် Integrated Combat System သည် F-11 ထက် ပို၍ အဆင့်မြင့်မားမည်ဟု သိရှိရသည်။

ထူးခြားချက်မှာ ရေယာဉ်၏ အနောက်ပိုင်းတွင် Heli Deck နှင့် Hanger ပါရှိသဖြင့် ASW / SAR / OTHT အထောက်အကူပြု ရဟတ်ယာဉ် တင်ဆောင်နိုင်မည့် အနေအထား ဖြစ်ပါသည်။ ယင်းသည် မြန်မာ့ တပ်မတော် (ရေ)၏ Naval Aviation အတွက် အဖိုးတန်သော ရှေ့ထွက်ခြေလှမ်းဦး ဖြစ်သလို 3D အနက်မှ Above Surface စွမ်းရည်အတွက်လည်း အခွင့်အရေးကောင်းတစ်ရပ်ဟု ဆိုနိုင်ပါသည်။

ရေယာဉ်အမြန်နူန်းမှာ (၂၈ )မိုင်ခန့် ဖြစ်နိုင်ပြီး Standardisation အရ Engine အမျိုးအစားမှာ F-11 နှင့် ဆင်တူနိုင်သည်။ F-12 Stealth Frigate တည်ဆောက်ရေးအား သတ်မှတ်ထားရှိသော Schedule အတိုင်း စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်ကုန်ပိုင်းခန့်မှစ၍ လက်နက်စနစ်များ အပါအဝင်   ရေယာဉ်ပေါ် တွင် တပ်ဆင်ထားသော စနစ်အမျိုးမျိုးနှင့် ပင်လယ်ပြင် မောင်းနှင်မှုအမျိုးမျိုးအား အချိန် တစ်ခု ယူ၍ လက်တွေ့စမ်းသပ် ပြီးမြန်မာ့ကမ်းရိုးတန်းကာကွယ်ရေး နှင့် ခိုးဝင်လှေများကိုထိထိရောက်ရောက်တားစီးသွားမှာဖြစ်ပါတယ် ။ ထို့ပြင် Stealth Frigate များနှင့် တာဝန်တွဲဖက်ထမ်းဆောင်ရန် ကင်းလှဲ့ရေယဉ်ငယ်အများအပြားကို အမြန်ဆုံးတည်ဆောက်လျှက်ရှိပြီး မြန်မာ့တပ်မတော်(ရေ)မှ အနောက်တံခါးကို ရေရှည်စီမံကိန်းများ ရေးဆွဲပြီး ကာကွယ်သွားမှာဖြစ်ပါတယ်။

ရရှိတဲ့သတင်းအရ Stealth Frigate ၁၂ စီးကို ၂၀၁၂ အစောပိုင်းကာလများတွင် ရေချစမ်းသပ်ပြီးဖြစ်ပြီး ၊   အလျှင်အဟုန်နှင့် ထပ်မံတည်ဆောက်နေကြပြီး အကဲခတ်များခန်မှန်းချက်အရ Stealth Frigate အစီး နှစ်ဆယ်ထက်မနည်းသောအရည်အတွက်နှင့် အပေါ့စားကင်းလှဲ့ရေယဉ် ဒါဇင်ပေါင်းများစွာကို   တည်ဆောက်ပြီးဖြစ်ကြောင်း နှင့် မြန်မာ့အစိုးရအနေနဲ့ လှေစီးခိုးဝင်များကို ထိရောက်စွာနှိမ်နှင်းသွား မည်ဟုခန့်မှန်းပြောဆိုနေကြပါသည် ။

  မြန်မာတပ်မတော် (ရေ) ၊ အာရှလက်နတ်လေ့လာစောင့်ကြည့်ရေးအဖွဲ့ AAW

4 comments:

  1. [ စွတ် ဖဲ့ ]21 September 2013 at 17:21



    ခိုးဝင်လာနေတဲ့ သူတွေကို ထိရောက်စွာ နှိမ်နှင်းသွားသလို......ခိုးဝင်ပြီးလို့ အခြေချနေတဲ့

    သူများကိုလည်း ဖော်ထုတ်အရေးယူသင့်ပါတယ်....အခုတော့ အရူးက အိမ်ဦးချီးတက်ပန်း

    တဲ့အဆင့် မကတော့ပဲ.......ခေါင်မိုးပေါ်တက်ပြီး ကျင်ကြီးကျင်ငယ်စွန့်တဲ့ အနေအထားကို

    ရောက်နေပါပြီ...............................................................................................

    ReplyDelete
  2. ဘေးထိုင် ဘိုင်ပြော ဘုတောနေကြတဲ့
    (ဒီလူနဲ့ ဒီအစိုးရကို တသားတည်းမြင်နေဆဲ၊ အပုတ်ချဆဲ၊ ရှုတ်ချဆဲ)သူများပြောနေကြသလို
    အရင့်ရင်က ပွင့်လင်းမြင်သာမှုမရှိခဲ့တဲ့ ဘင်္ဂါလီကိစ္စအပါအ၀င် အခြားခြားသောကိစ္စရပ်များကို
    ချန်ထားခဲ့သင့်ပါပြီး။
    လက်၇ှိမှာ ဒီအစိုးရ ဘာလုပ်နေသလဲ၊ ဘာတွေ အောင်မြင်သလဲ၊ ဘာတွေ ပြောင်းလဲသွားပြီလဲ။
    အရင်ထက် ထူးခြားသလား၊ ထူးမခြားနားလား။
    အဲဒီ အပေါ်ကနေဘဲ သုံးသပ်စေချင်ပါတယ်။
    လက်ရှိအစိုးရ နောက်ကြောင်းပြန်လှည့်မှာကို လုံးဝမလိုလားသူတွေကိုယ်တိုင်က
    ချီးခြောက်ရေနှုးစကားတွေ တွင်တွင်ပြောပြီး ဒီအစိုးရကို တိုက်ခိုက်နေတာဟာ
    ဒီအစိုးရရဲ့လုပ်ငန်းတွေ ရှေ့ဆက်ဖို့ တုန့်ဆိုင်းစေသလို
    နိုင်ငံနဲ့ ပြည်သူအတွက်လည်း အများကြီးနစ်နာပါတယ်။
    မကူညီချင်ကြရင်နေပါ မနှောင့်ယှက်သင့်ပါဘူး။
    ရှေးသီချင်းလေးထဲကလို
    ““မောင်ရှေ့သို့ တည့်တည့်လျှောက်မယ်လေ””
    ““ မေလည်း တည့်တည့်လိုက်ကာ လျှောက်မယ်မောင်ရေ““ ဆိုတာမျိုးလို
    ကျွန်တော်တို့အားလုံး ရှေ့တည့်တည့်ကိုပဲ မျက်နှာမူပြီးလျှောက်လှမ်းကြပါစို့ဗျာ။
    ( အညာဖိုက်တာ )

    ReplyDelete
  3. စကား ခပ်ပါးပါးလေးကျန်သွားလို့ပါ။
    ကိုစွတ်ဖဲ့ရဲ့ အောက်က ရေးလိုက်တဲ့
    ကျွန်တော့ရဲ့ comment ဟာ
    ကိုစွတ်ဖဲ့ကို တိုက်ခိုက်တာမဟုတ်မှန်း
    လူအများသိနိုင်ပေမယ့် တစ်ချို့သော
    မျက်မှန်စိမ်းတတ်ပြီး ခပ်စိမ်းစိမ်းကြည့် ခပ်စိမ်းစိမ်းတွေး
    ခပ်စိမ်းစိမ်း ပလေးချင်တဲ့သူတွေအတွက် အသိပေးရခြင်းပါ။
    ( အညာဖိုက်တာ )

    ReplyDelete
  4. တပ်မတော်အင်အားကြီးလေကောင်းလေပဲ

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်