Pages

Thursday 26 September 2013

လူထု ထောက်ခံမှူလျှော့ကျလာတဲ့ ဒေါ်စုကြည်


၁၉၈၈ ကာလမှစ၍ ဒီမိုကရေစီခေါင်းဆောင်ဟု တင်စားခေါ်ဝေါ်နေသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ သမီးဖြစ်သူ ဒေါ်စုကြည်သည် ယခုအခါ လူထု ထောက်ခံမှူ တဖြည်းဖြည်း လျှော့ကျ လာသည်  ကို အံသြဖွယ်တွေ့ရှိရပါသည်။အင်တာနက်ဆိုရှယ်နက်ဝပ်အသုံးပြုမှူ များပြား လာသော   မြန်မာပြည် သူလူထုအနေဖြင့် ယခင်စစ်အစိုးရအုပ်ချုပ်မှူထက် မျက်စိပွင့် နားပွင့်လာသည့်နှင့်အမျှ ယခင် က တစ်ဖက်တည်းသော မီဒီယာ ထုတ်လွင့်မှူနှင့် ပြည်ပမီဒီယာထုတ်လွှင့်မှူ ကြားတွင်သာ ကြားသိမြင် ခဲ့ရသည် မှ ယခုအခါတွင်မှူ မီဒီယာ အသုံးပြုမှူ များပြားလာခဲ့သောကြောင့် နှိုင်းယှဉ် စဉ်းစာမှူများ ရှိလာခဲ့ရသည်ဟု စာရေးသူ အနေဖြင့်သုံးသပ်မိပါသည်။
ဒေါ်စုကြည် အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲသို့ဝင်ရောက်လာခဲ့ချိန်က အပြောင်းအလဲကို လိုလားသော   မြန်မာ လူထုသည် ဗိုလ်ချုပ်အောင်ဆန်း ပန်းချီကားကြီးရှေ့မှ ဒေါ်စုကြည် အား ထောက်ခံခဲ့ကြသည်။ သို့သော် နိုင်ငံရေးနယ်ပယ်အတွင်း ၀င်ရောက်လာချိန်မှစ၍ ဒေါ်စုကြည်နှင့် NLD ပါတီ၏ လုပ်ဆောင်ပုံ များသည် မိမိတို့ မျှော်လင့်သလို ဖြစ်မလာသောအခါ ပြည်သူလူထု၏ စွန့်ခွါမှူဒဏ်ကို တဖြည်းဖြည်း ကြုံတွေ့ ရတော့သည်။ ဦးသိန်းစိန် သမ္မတအစိုးရတတ်လာသည်နှင့် နိုင်ငံရေးကစားကွက်အား တင်းကျပ်မှူလျှော့ ချကာ ဖော်ရွှေစွာ ဖိတ်ခေါ်လက်တွဲခြင်း ၊ စီးပွါးရေးကဏ္ဍအား အားပေးခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင် များအား နေရာပေးလာခြင်းနှင့် ဖြစ်ပွါးခဲ့သော ဘာသာရေးအခြေခံ လူမျိုးရေး ပဋိပက္ခများအတွင်း   မြန်မာပြည်  သူများ ဘက်မှရပ်တည်ခြင်းတို့ကြောင့် ဦးသိန်းစိန် အစိုးရအား ပြည်သူလူထု တို့ချစ်ခင် ကိုးစာြး ခင်းများ များပြားလာခဲ့သည်။ ယခုအခါ သမ္မတကြီးဦးသိန်းစိန်အား ပြည်သူလူထုမှ နာမည်အရင်းပင် မခေါ်တော့ပဲ ဘပြောင် ဟူ၍ ချစ်စနိုးခေါ်ဆိုကြပြီး ဦးသိန်းစိန်၏ အမြဲပြုံးရွှင်နေသော မျက်နှာထားသ ည် ပြည်သူလူထုအား စိတ်ချမ်းသာမှူပေးခဲ့နိုင်လေသည်။

သို့သော် အပြောင်းအလဲအားလိုလားစွာဖြင့် အားကိုးခြင်းခံရသော ဒေါ်စုကြည်အနေဖြင့် ဦးသိန်းစိန် အစိုးရအား လူချစ်လူခင်များလာသည်နှင့်အပြိုင် လူထုစိတ်ဝင်စားမှူ လျော့ကျလာသည်ကို စိတ်မကောင်းစွာမြင်နေရသည်။ အထူးသဖြင့် ပြည်သူလူထု အနေဖြင့် ဒေါ်စုကြည်အား ယုံကြည်အားကိုးမှူလျှော့ကျလာရခြင်းမှာ ရခိုင်ပြည်နယ် တွင်ဖြစ်ပွါးခဲ့သော ပဋိပက္ခမှစတင်ခဲ့လေသည်။ ဘာသာခြားများဘက်မှသာ ဒေါ်စုမှ ရပ်တည်ခဲ့ခြင်း ရခိုင်လူမျိုးများအား အပြစ်တင်ခဲ့ခြင်းများဖြင့် ရခိုင်တစ်မျိုးသားလုံး၏ မုန်းတီးခြင်းကိုခံခဲ့ရသလို မြန်မာ ပြည်သူများအနေဖြင့် ဒေါသတကြီးတုံ့ပြန်ခြင်းကိုခံခဲ့ရသည်။




 ယခင်က မိမိအနေဖြင့် လူထုကို စည်းရုံးနိုင်သည်ဟုသော ဒေါ်စုကြည်အနေဖြင့် လက်ပံတောင်းတောင် အရေးတွင် ပြည်သူလူထုနှင့် အချို့နိုင်ငံရေးသမားများ၏ လှည့်ကွက်ကို ကိုယ်တိုင်ခံစား ကြုံတွေ့လိုက် ရခြင်းဖြင့် မိမိထင်သလို မြန်မာနိုင်ငံအား စည်းရုံးရလွယ်သည်ဟု အထင်အမြင်သည် မှားယွင်းကြောင်း သိရှိလိုက်ရသည်ဟု ထင်မြင်မိသည်။၎င်းအပြင် NLD ပါတီအတွင်း ပါတီ ခေါင်းဆောင်များ မကြာခဏ ဆန့်ကျင်မှူများ ဆန္ဒပြမှူများ အပြင် အုပ်စုလိုက် နှုတ်ထွက်ခြင်း များ ဖြစ်လာနေကြသည်။အများစုမှာ ဒီမိုကရေစီနာမည်ခံထားသော်လည်း ဗဟိုချုပ်ကိုင်မှူတင်းကျပ်သော ကြောင့်ဖြစ်သည် ။ယခင်က တိုင်းရင်းသားများအနေဖြင့် ဖက်ဒရယ်တည်ဆောက်ရန် ဒေါ်စုကြည်အား အားကိုးခဲ့သော်လည်း သူ၏ ဒုတိယပင်လုံ ဟူသည် NLD ၏တိုးတတ်ရေးအတွက်လှည့်ကွက်ဟု သိရှိလာပြီးနောက် စွန့်ခွါသွားတော့ သည် ။ယခုအခါ အခြေခံဥပဒေကိုပြင်ဆင်မည်ဟူ၍ ကြွေးကြော်ပြီး NLDနှင့် မဟာမိတ်ပါတီများဖြင့်   ပြုလုပ်နေသော် လည်း သူပြင်ဆင်မည့် အခြေခံဥပဒေသည် သမ္မတဖြစ်ရေး ပိတ်ပင်ထားသည့် ဥပဒေကို ရည်ရွှယ်နေပြီး တိုင်းရင်းသား အားလုံးအတွက်ရည်ရွှယ်သော ဖက်ဒရယ်ဟူသည်မှာလည်း ကြားကောင်းအောင်သာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် များလိုချင်သော ဖက်ဒရယ်စနစ်နဲ့ တစ်ခြား စီဖြစ်နေသောကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများက စိတ်ပျက်နေကြပေသည်။သို့သော် ဒေါ်စုကြည်အား လက်တွဲနေသေးသည်။အဘယ့်ကြောင့်ဆိုသော် အခြေခံဥပဒေပြင်ဆင်ရေးအတွက် ရည်ရွှယ်ချင်တူသောကြောင့်ဖြစ်သည်။


နယ်စပ်ဒေသများတွင် တိုက်ပွဲများဖြစ်ပွါးနေသော်လည်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်စုကြည်အနေဖြင့် လာရောက်ခြင်း အားပေးခြင်းများမရှိသည့်အပြင် မဆိုင်သလို ဆိတ်ဆိတ်နေခြင်းများက လက်နက်ကိုင်အဖွဲ့ အစည်းများ၏ မျက်စိစပါးမွှေးစူးခြင်းကို ခံနေရသည်။မြန်မာလူထုအနေဖြင့် တိုင်းပြည်အား ရှေ့သို့လျှင်မြန်စွာ တိုးတတ် ရေးအား ဂရုပြုနေသော်လည်း ၄င်းတို့အားကိုးသော ဒေါ်စုကြည်သည် အခြေခံဥပဒေ ပုဒ်မ ၅၉ ကိုသာ ပြုပြင်ရေး အာရုံစိုက်နေသောကြောင့် သမ္မတရူး ဟု ဟားတိုက်ခြင်း ခံနေရလေသည်။ လက်ရှိအစိုးရ အဖွဲ့များ နှင့် ဒေါ်စုကြည် တို့ ပြည်ပခရီးစဉ်များ ထွက်နေသော်လည်း လက်ရှိအစိုးရအဖွဲ့ဝင် များ ပြည်ပခရီး ထွက် ရှိလျှင် ကြွေးမြီများ တတ်နိုင်သမျှလျော့ကျရေး နှင့် ရင်းနှီးမြှုပ်နှံမှူတိုးတတ်ရေး အကူအညီများ ရှာဖွေခြင်း ပြုလုပ် သော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကမ္ဘာက မြန်မာကို ကူညီနေသည် မှာ စောလွန်းသေးကြောင်း ၊ ဘာကြောင့် အကောင်းမြင်နေကြတာလဲ ၊ တရားဥပဒေစိုးမိုးရေးမရှိသေးဘူး စသောစကားလုံးများကိုသာ ထပ်ခါထပ်ခါ ပြောနေသဖြင့် ပြည်သူလူထုမှ ချဉ်လာပြီဖြစ်သည်။

လာမည့် စက်တင်ဘာ ၂၂ ရက်နေ့တွင် စင်္ကာပူတွင် ဒေါ်စုကြည်သည် မြန်မာအသိုင်းအ၀ိုင်းနှင့်တွေ့  မည်ဖြစ်ပြီး ၄င်းတွေ့ဆုံပွဲကို ကချင် နှင့် ရခိုင် လူမျိုးများ တတ်ရောက်ခြင်း မပြုဟု ကြေငြာခြင်း ခံရသည့် အပြင် ယင်းပွဲသို့ တတ်ရောက်မည့် ကချင်နှင့်ရခိုင် ၀တ်စုံ ၀တ်လာသူများသည် ကချင်နှင့်ရခိုင်ကို ကိုယ်စား မပြုဟု ကြေငြာထားသည် ။ယခင်က အစိုးရ၏ ဟာကွက်များကိုဖော်ထုတ်လာသော သတင်းဌာနများထဲမှ တစ်ခုဖြစ်သော မဇ္ဈိမသတင်းဌာနမှလည်း ဒေါ်စုကြည်အား ယခင်က ကဲ့သို့ ဒီမိုကရေစီခေါင်းဆောင်ဟု သုံးနှုန်းခြင်းမရှိတော့ပဲ အတိုက်အခံ ခေါင်းဆောင်ဟု ပြောင်းလဲသုံးနှုန်းနေပြီဖြစ်သည်။

ဒေါ်စုကြည်၏ နိုင်ငံခြား ခရီးစဉ်မှပြည်တော်ပြန်လာသည့်အခါ ကြိုဆိုမှူများ တဖြည်းဖြည်း လျှော့ကျလာ သည်ကို ထူးခြားစွာမြင်တွေ့ရမည်ဖြစ်ပြီး အရှေ့ဥရောပမှ ပြန်လာသော ဒေါ်စုကြည်အား လူဦးရေ ၅၀ခန့်သာ လာရောက်ကြိုဆိုကြပြီး ကြိုဆိုသူ ၃ ပုံ ၂ပုံမှာ သူ၏ ပါတီဝင် များဖြစ်နေခြင်းကို ထောက် ရှူခြင်းဖြင့်   ဒေါ်စုကြည်  ၏ လူထုထောက်ခံမှူသည် တဖြည်းဖြည်း လျှော့ကျလာပြီဟု သုံးသပ်၍ ရနေပါသည်။

From:[_မြင့်မိုးအောင်(ရေနံမြေ) _]

2 comments:

  1. [ စွတ် ဖဲ့ ]27 September 2013 at 17:43



    OOOOOOOOOOOO { သီပေါဘယ်သူလုပ်မလည်း } OOOOOOOOOOOO


    ..............ငါ နှင့် မ တူ...ငါ့ရန်သူဟု...........အယူဝါဒ...လွဲမှားကြသော...............

    ........................မောဟပိတ်လှောင်.........ဤလူ့ဘောင်တွင်...........................

    ......ဟန်ဆောင်အပြုံး...မျက်နှာဖုံးနှင့်.......ဆိတ် သုဉ်း သ စ္စာ...လူ့ဗာ လာတို့......

    .........................မြန်မာအရေး.......................မဆွေးနွေးနှင့်.........................


    ...............ဟို ရှေး သီ ပေါ................................စု သ ဘော ကြောင့်................

    ..နန်းလျှောထီးပျောက်...သူ့ကျွန်ရောက်၍....သူ့အောက်မြန်မာ...နှစ်တစ်ရာတည့်..


    ...........မိစ္ဆာနယ်ချဲ့...ခေါ်လာခဲ့သော..........မြေမဲ့ လူသား...တန်ခိုးထွား၍...........

    ...ဘိုးဘွားစဉ်လာ...၀င့်ထည်လာသည့်.........ဒို့ ဘာသာလည်း....ရောင်ဝါ နည်းခဲ့...


    .........ပြည်ခွဲသွေးထိုး.....အမွေဆိုး၏....ဆိုး ကျိုး မြန် မာ...သွေး ကွဲ လာ ပြီး..........

    ...............မြွေပါလည်းဆုံး......................................သားလည်းဆုံးခဲ့.................


    ......မိုးလုံးပြည့်လျှံ...မုသားကံကြောင့်........အမှန် ပျောက် ဆုံး...အ မှား ဖုံး ကာ......

    ..............အမုန်းစစ်ပွဲ..................................................ထင်တိုင်းကြဲခဲ့..............


    .....ခုလည်း တစ်ဖန်...ပစ္စုပ္ပန်၌...........................ဧကန်ညာဏ်များ...စုဖုရား၏......

    .............မုသားသဘော............................................စဉ်လိုက်လျှောဖို့...............

    ...................................သီ ပေါ ဘယ် သူ လုပ် မ လည်း......................................

    ReplyDelete
  2. ဂွစာမောင်မောင်17 October 2013 at 11:48

    သီပေါလုပ်ချင်လို့ ညာဘက်ဘေးကဓါတ်ပုံထဲကခွေးက သွားဖြဲပြီးအမြီးလှေုပ်ပြနေတယ်လေ....
    သူခမျာ..သီပေါတောင်ဖြစ်ခွင့်မရထိုက်ဘူးထင်ပါရဲ့..ခွေးရိုက်တုတ်နဲ့တွေတော့မှာမို့..သူ့အမျိုး
    မာမွတ်အောင်နက်တို့နဲ့ ရောနေလေရဲ့...သွပ်သွပ်..သွပ်..။။

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်