ခုခေတ်ကဘုန်းကြီးထက် လူကပိုပြီးဝိနည်းတတ်သဗျို့။ဘာသာရေးဆိုင်ရာစာလေး တစ်မျက်နှာလောက် ဖတ်ပြီးတာနဲ့ facebook ဝင်ပြီး ဒီငနဲသားများက (အသားကုန်) ဆော်တော့တာ။
ရဟန္တာတွေသာ ချန်ထားပြီး ကျန်တဲ့သံဃာတွေ လူထွက်ခိုင်းရင်တောင် Facebook က အဲဒီငနဲသားတွေ အကြိုက်တွေ့မှာမဟုက်သေးဘူးဗျ။
အဆိုးဆုံးကတော့ရဟန်းအတု(ဗုဒ္ဓဘာသာအတု-စသဖြင့်)အတုဆိုတဲ့ စကားကို ပါးစပ်ဖျားက မချသူတွေကို သတိထားသင့်တယ်ဗျ။ ဗုဒ္ဓဘာသာစစ်စစ်ဆိုတာ သူတစ်ယောက်ပဲ ရှိသလိုလေသံမျိုးနဲ့ ၉၆၉ကို တွယ်မယ်။ အမျိုးသားရေးကို ပယ်မယ်။ သူကိုသူ လစ်ဘရယ်ကြီးပေါ့။ဒီမိုကရေစီသာရမယ်ဆိုရင် အမေတောင်ပေး မယ့် လေသံမျိုးနဲ့။
ရဟန်းအစစ်ပုံတွေကို Photoshopလုပ်ပြီးတင်သလို၊ ကိုယ်တိုင်သင်္ကန်းပတ်ပြီး သာသနာငြှိုးနွမ်းစေမယ့် အပြုအမူတွေ ဓာတ်ပုံရိုက်/ဗွီဒီယိုရိုက် တင်တာလည်းရှိတတ်သေးသဗျ။
ဘာသာရေးစာလေး နည်းနည်းပါးပါးဖတ်ထား။
Profile ထဲမှာ ဗုဒ္ဓဘာသာအဆိုအမိန့် တခုခုတင်။ ဘုရားပုံတို့၊ ဆရာတော်ကြီးတွေပုံတောင် ပါတတ်သေးတယ်။
အခွင့်ကြုံရင် ဗုဒ္ဓဘာသာတွေကို အဓိကထားဝေဖန်။ ရဟန်းသံဃာတွေကို နာမည်တပ်ပြီးရှုပ်ချ၊ ဒါကိုပဲ တစိုက်မက်မက်လုပ်ကြတယ်။ ဆဲတာရိုင်းတာမျိုးမရှိပေမဲ့ သိပ်ကြောက်ဖို့ကောင်းတဲ့သူတွေပဲ
ကျုပ်တို့ဗုဒ္ဓဘာသာဝင်တွေအားလုံး
ဒီအကောင်တွေက မလွယ်ဘူးနော်။
ခွေးရူး နဲ့ လူမိုက် ဟာ မစဉ်းစားတတ်တာခြင်းက အတူတူမို့လို့ သတိပေးရတာပါ။ သတိထားကြဗျာ။
လက်ဝဲသုန်(ဟံလင်း)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်