Tuesday, 6 August 2013
(ကြယ်တွေကြွေနေတဲ့ တိုင်းပြည် ခေါင်းစဉ်နဲ့ အင်တာနက်မှာ ပြန့်နှံ့နေတဲ့ ဇာတ်နာအောင် ရေးထားသော သမိုင်းလိမ်စားသူများသို့)
ဒေါက်တာဝင်းဇော်နေရာမှာ ဒေါက်တာ မင်းသိန်း အဖြစ်ထင်ပြီး..ဇာတ်နာအောင်ရေး၊ PM မလုပ်တာကိုလဲလုပ်တယ်လုပ်၊ ဒေါက်တာစောလွင်လဲ PM လုပ်လို့ထွက်ပြေးရဆိုပြီး..ဇာတ်နာအောင်ရေးပြီး စွဲဆောင်မှုရအောင်ပြုလုပ်ခဲ့တယ်..ဘာရည်ရွယ်ချက်နဲ့ရေးခဲ့သလဲတော့မသိဘူးအဖြစ်မှန် ကိုမမေး ဘူး..မသိပဲလိုချင်တာကိုရအောင်ရေးသွားခဲ့တယ်..အသံ File ပါတင်ထားတာတွေတွေ့ရတယ် ..ဓါတ်ပုံမှာပါရှိသော လက်ရှိအသက်ထင်ရှား ရှိနေသော ဒေါက်တာ ၀င်းဇော် ၏ ရှင်းလင်းချက်.
ကျွန်တော်တို့တစ်တွေလူနာကောက်ကတည်းက ပြည်သူတွေရဲ့ အသက်ကို ကယ်ဘို့ဆိုတဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်. .အခြားရည်၇ွယ်ချက်မရှိပါဘူး..။ ဓါတ်ပုံဆရာတစ်ဦးရဲ့ ဓါတ်ပုံအရိုက်ခံ လိုက်ရလို့သာ မှတ်တမ်းတင် တဲ့ပုံဖြစ်သွား တာပါ။ ဓါတ်ပုံက ၃-၁၀-၈၈ နေ့ထုတ် Newsweek မှာပါ လာပြီးနောက် ကျွန်တော့်ကို MI ခေါ်မေးပါတယ်… (၅) ရက်ကြာပါတယ်…ကိုစောလွင်ကို (၃) ရ...က်ကြာေ မး ပါတယ်….။
ခေါ်မမေးခင်အထိတော့..ငါ့ကိုဘယ်တော့လာဖမ်းမလဲဆိုတဲ့စိုးရိမ်စိတ်ကအမြဲရှိနေတာပါ…….အမေးခံပြီး
တဲ့နောက်မှာလဲ…ဘဝကိုအေးအေးပဲဖြတ်သန်းနေခဲ့ပါတယ်… စာေ စာင်တွေ..Internet blog တွေ၊ Media တွေမှာခဏခဏ ပါလာတယ်
တိုင်းပြည်အခြေအနေကလည်းကိုသူရသိတဲ့အတိုင်းလဲလေ…။ မနှစ်ကအထိမပွင့်လင်းသေးဘူး …ဒီဓါတ်ပုံကခေတ်စားလာတော့..Media တွေက ရှာဖွေပြီးရေးလာကြတယ်….
မဝင်းမော်ဦးမိဘတွေကြတော့ Interview တွေ၊ Internet မှာအခြေခံပြီးရေးကြတယ်..
ဒီကြားထဲမှာကြယ်တွေကြွေနေတဲ့တိုင်းပြည်ဆိုတဲ့ Internet ဆောင်းပါးနဲ့ ဒေါက်တာ ဝင်းဇော်နေရာ မှာ ဒေါက်တာ မင်းသိန်း အဖြစ်ထင်ပြီး..ဇာတ်နာအောင်ရေး၊ PM မလုပ်တာကိုလဲလုပ်တယ်လုပ် ၊ ဒေါက်တာစောလွင်လဲ PM လုပ်လို့ထွက်ပြေးရဆိုပြီး..ဇာတ်နာအောင်ရေးပြီး စွဲဆောင်မှုရအောင်ပြု လုပ်ခဲ့တယ်..ဘာရည်ရွယ်ချက်နဲ့ရေးခဲ့သလဲတော့မသိဘူး…အဖြစ်မှန်ကိုမမေးဘူး.. မသိပဲ လိုချင်တာကိုရအောင်ရေးသွားခဲ့တယ်..အသံ File ပါတင်ထားတာတွေတွေ့ရတယ် …ရှင်းနေရင်လဲ ထပ်ရှုပ်နေမှာပဲ. .ဒါကြောင့်မရှင်းဖြစ်ခဲ့ဘူး၊ ဒေါက်တာစောလွင်မိသားစုကလည်းမရှင်းပဲ၊
ဒါပေမဲ့ တစ်ချိန်မှာရှင်းရမည်ဆိုတာသိနေတယ်အခုပွင့်လင်း လာတဲ့ အချိန် ၈၈၈၈ နီးလို့အများ အာရုံစိုက် တဲ့အချိန်မှာ ရှင်းတာကပိုကောင်းတယ်…ဒီကြားထဲဒေါက်တာမြတ်ထူးရာဇာတ်ပြန်လာ တာနဲ့တွေ့တော့ ပိုပြီးအဆင်ပြေသွား တယ်. ရှင်းဘို့အချိန်တန်ပြီ..ငွေရတုလဲ တိုင်ပြီပေါ့နော်..ဒါကြောင့် သမိုင်းအမှန် ကိုပြန်ဖြစ်စေ ချင်တဲ့ရည်ရွယ်ချက်ပဲရှိပါတယ်.. ကျွန်တော်ကိုယ်၌ကလူရှေ့ကို ထွက်တဲ့ အကျင့်မရှိပါဘူး …နောက်ကပဲပံ့ပိုးတဲ့ အလုပ်ကိုပဲဝါသနာပါတာစလုပ်ကတည်းကဓါတ်ပုံ ထဲပါအောင် လုပ်ခဲ့တာမဟုတ်ဘူး.. ကိုယ်ထက်ပင်ပင်ပမ်းပမ်နဲ့ထိထိရောက်ရောက် လုပ်ဆောင်တဲ့ သူတွေလဲ အများကြီးပါ….
ဒါပေမဲ့..မှတ်တမ်း အတင်မခံခဲ့ရပါဘူး…ဒါကြောင့် ဒီပုံနဲ့ပတ်သက်ပြီးအခွင့်အရေးမယူချင်ဘူး
ရှေ့မထွက် ချင်ဘူး…. .ဒါနဲ့ပဲဒီလိုနေတာပါ… နောက်တစ်ခုကလဲ…၂၀၁၂-၂၀၁၃ လောက်မှာ ဒီမိုကရေစီအရေးတော်ပုံနဲ့ပတ်သက်ပြီ..ရုပ်ရှင်၊ ဇာတ်လမ်းတွေရိုက်မယ်ဆိုပြီစာစောင်၊
ဂျာနယ်တွေမှာဒီဓါတ်ပုံကိုခဏခဏဖော်ပြလာကြကထဲကရှင်းချိန်တန်ပြီ..ရှေ့ထွက်ဘို့အချိန်တန်ပြီလို့ယူဆလို့ ရှင်းတာပါ….ဆေးကျောင်းသားတစ်ယောက် (ဆရာဝန်တစ်ယောက်) အနေနဲ့လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ့်အချိန်မှာလုပ်ခွင့်ရပြီးလုပ်နိုင်ခဲ့တာကိုပဲကြေနပ်နေမိပါတယ်….လူသားတစ်ယောက် အနေနဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ သမိုင်းမှာတာဝန်ကျေပြွန်အောင်ဆောင်ရွက်နိုင် တာကိုပဲဂုဏ်ယူမိပါတယ်…။
ကျွန်တော်..အဲဒီအဖြစ်အပျက်တွေနဲ့ပတ်သက်လို့ “ ရှင်သန်နေဆဲ “ ဆိုတဲ့စာအုပ်ရေးနေပါတယ် …ပြီး လုပါပြီ …စက်တင်ဘာ ၁၉ အမီထွက်ပါမယ်…အဖြစ်အပျက်တွေကိုမှတ်တမ်းတင်
တာဖြစ်ပါတယ်… ။
Credit to Dr Win Zaw
အမျိုးအစာ
ဖြစ်ရပ်မှန် မှတ်တမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်