အခု NLD လွှတ်တော်ထဲ ဝင်တာ တော်တော်ကြာပြီ။ အကျိုးဆက်က ရှင်းရှင်းလေးပဲ။ NLD လွှတ်တော် အမတ်တွေ လွှတ်တော်ထဲမှာ ဘာတွေလုပ်နေလဲ။ သူတို့ ရဲ့ Voting Record ခေါ်တဲ့ မဲပေးမှတ်တမ်းကို ကြည့်ကြည့်လိုက်။ အာဏာရပါတီက တင်လာတဲ့ အဆိုတွေကို ဘယ်နှခေါက် သူတို့ ဝေဖန်ဖူးလဲ။ တင်လာသမျှ အမြဲတမ်း ဝေဖန်စရာ မလိုဘူး။ တချို့ကိစ္စကို ကောင်းတာပါရင် လက်ခံပေါ့။ တချို့ကိစ္စတွေ က Modified လုပ်ပေါ့။ ပြုပြင် ပြင်ဆင်ပြီးတော့ ဖြည့်စွက်တာရှိမယ်။ အချို့ကိစ္စတွေမှာ ဝေဖန်တာ ရှိမယ်။ တချို့ကိစ္စတွေမှာ ကိုယ်ပိုင်တင်တာ ရှိမယ်။ အချို့ကန့်ကွက်တာ ရှိရမယ်။
ဒါတွေ ဘာသွားတွေ့လဲ ဆိုတော့ အဖွဲ့အစည်းက လူပုဂ္ဂိုလ်ပေါ် သိပ်အားပြု လွန်းတဲ့အခါ ကျတော့ အဖွဲ့အစည်းက သူ့နေရာနဲ့သူ အားမကောင်းတော့ဘူး။
မနက်ဖြန်၊ သန်ဘက်ခါ ဒေါ်အောင်ဆန်းစုကြည် အစိုးရဖွဲ့ရပါပြီတဲ့။ သူ့မှာ အစိုးရဖွဲ့နိုင်တဲ့ လူ လုံလုံလောက်လောက် ရှိလားဆိုတဲ့ မေးခွန်းဟာ လူထုက မေးရမှာ၊ သတင်းစာဆရာ တွေက မေးရမှာ၊ ကျွန်တော်တို့က မေးရမှာ။ ကျွန်တော်တို့နဲ့ ဆိုင်တာကိုး။ မနက်ဖြန် သဘက်ခါ ၂၀၁၅ အတွက် လူတစ်ထောင်ကျော် လောက်ကို ကိုယ်စားလှယ်အဖြစ် ရွေးရပါပြီတဲ့။ NLD မှာ တကယ်ရှိသလား။ ဒါတွေကို ကျွန်တော်တို့က မေးရမယ်။
နံပါတ်တစ်၊ ကျွန်တော် ဘဝင်မကျတာက အဖွဲ့အစည်းကို Institution အဖြစ်နဲ့ အားကောင်းအောင် မလုပ်ဘဲ လူပုဂ္ဂိုလ်ကို သိပ်အားပြုတာကို ကျွန်တော်မကြိုက်ဘူး။
ဇူလိုင်လ ၂၉ ရက်နေ့ထုတ် Messenger ဂျာနယ်ပါ “မြန်မာနိုင်ငံရေး လေ့လာသူ ဦးမင်းဇင်ကို တွေ့ဆုံမေးမြန်းခြင်း ” မှ ကောက်နုတ်ချက်
[ ဤကဏ္ဍတွင် ကောက်နုတ်ဖော်ပြထားသော အကြောင်းအရာ များသည် သက်ဆိုင်ရာမီဒီယာ သို့မဟုတ် စာရေးသူများ၏ အာဘော်သာဖြစ်ပြီး The Voice Weekly အယ်ဒီတာအဖွဲ့ အနေနှင့် သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာ ဖြစ်စေ၊ အနုတ်လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင်တစ်ခု ဆောင်နေပါက စာဖတ်ပရိသတ်များ သတိပြုမိစေလို၍ ပြန်လည် ကိုးကား ဖော်ပြခြင်း ဖြစ် ပါသည်။ ]
..................................အိပ်မက်ထဲက ဒီမိုကရေစီ သူရဲကောင်း.....................................
ReplyDelete>သူဟာ...ဆင်ဖြူတော်မှီပြီး ကြံမစုပ်တတ်သလို မျောက်ပြပြီးလည်း ဆန်မတောင်းတတ်သူပါ ။
>သူဟာ...စိန်နားကပ်အရောင်နဲ့ ပါးပြောင်တတ်သူ မဟုတ်သလို...မင်းသားကြီး မလုပ်ရလည်း
ပတ်မကြီး ထိုးဖောက်မဲ့သူ မဟုတ်ပါ ။
>သူဟာ...အမေကျော်ပြီး ဒွေးဒေါ်မလွမ်းတတ်သလို တံလျပ်ကိုရေထင် ရွှေသမင် အလိုက်မှား
မဲ့သူလည်း မဟုတ်ပါဘူး ။
>သူဟာ...အခြားတစ်ပါးသော လူမျိုးခြားကို မပုတ်ခတ် မထိပါးတတ်သလို.......ကိုယ့်လူမျိုးကို
စော်ကားလာခဲ့ရင်လည်း ဆတ်ဆတ်ထိ မခံတတ်သူပါ ။
>သူဟာ...တိုင်းတစ်ပါးကို ကျူးကျော်မဲ့သူ မဟုတ်သလို မိမိနိုင်ငံကို နယ်ချဲ့လာမဲ့ ကိုလိုနီလက်
သစ်တွေကိုလည်း လက်ခံမဲ့သူမဟုတ်ပါ ။
>သူဟာ...အမျိုးမျိုးအဖုံဖုံသော အမျိုးအနွယ်တွေကို အထင်မသေးသော်ငြားလည်း....မိမိအမျိုး
အနွယ်ကိုသာ ဘ၀ကြင်ဖော်အဖြစ် သက်ဆုံးတိုင် လက်တွဲမဲ့သူပါ ။
>သူဟာ...ပေါင်မုန့်မီးကင်ကို နှစ်သက်သလို ဘိန်းမုန့်ကိုလည်း မပစ်ပယ်သူပါ ။
>သူဟာ...နိုင်ငံတကာရဲ့ ကောင်းမွန်သင့်မြတ်တဲ့....လူနေမှုစနစ်တွေကို.....ခေတ်နဲ့လျော်ညီစွာ
လိုက်နာကျင့်သုံးတတ်သလို မှန်ကန်ပြီးအကျိုးရှိတဲ့ မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာ တွေကိုလည်း
ကာကွယ်ထိန်းသိမ်း တတ်သူပါ ။
>သူဟာ...နိုင်ငံတကာရဲ့ အစွန်းမရောက်တဲ့ အတွေးအခေါ်တွေကို...လေးစားလိုက်နာတတ်သ
လို စစ်မှန်ပြီး အသုံးဝင်တဲ့ မြန်မာ့ဆိုရိုးစကားတွေကိုလည်း တန်ဖိုးထား မြတ်နိုးတတ်သူပါ ။
>သူဟာ...အခြားသူများရဲ့ အမှားကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ဝံသလို.....သူ့ရဲ့အမှားကိုလည်း မတွန့်မ
ဆုတ် ၀န်ခံရဲသူပါ ။
>သူဟာ...သူ့ဘ၀တက်လမ်းအတွက် ပြည်သူကို ခုတုံးလုပ်မည့်သူ မဟုတ်သလို ပြည်သူကသာ
သူတို့ဘ၀ အေးချမ်းသာယာရေးအတွက် သူ့ဘ၀ကို အသုံးချစေချင်သူပါ ။
>သူဟာ...အခြားအခြားသော ဘာသာတရားများကို လေးစားတတ်သလို..မိမိဘာသာကိုလည်း
ယုံကြည်သက်ဝင် အားကိုးပြီး ဘ၀နှင့်ရင်း၍ ကာကွယ်စောင့်ရှောက် သွားမည့်သူ တစ်ဦးပါလေ ။
အဲဒါကတော့...ကျုပ်ရဲ့...အိပ်မက်ထဲက...ဒီကရေစီ...သူရဲကောင်းပါပဲ..........( ရှယ်နိုင်ပါတယ် )
......................အိပ်မက်ထဲက ဒီမိုကရေစီ သူရဲကောင်း........................
ReplyDelete>>>သူဟာ...ဆင်ဖြူတော်မှီပြီး ကြံမစုပ်တတ်သလို......မျောက်ပြပြီးလည်း
ဆန်မတောင်းတတ်သူပါ ။
>>>သူဟာ...စိန်နားကပ်အရောင်နဲ့ ပါးပြောင်တတ်သူ မဟုတ်သလို....မင်း
သားကြီး မလုပ်ရလည်း ပတ်မကြီး ထိုးဖောက်မဲ့သူ မဟုတ်ပါ ။
>>>သူဟာ...အမေကျော်ပြီး ဒွေးဒေါ်မလွမ်းတတ်သလို တံလျပ်ကိုရေထင်
ရွှေသမင် အလိုက်မှားမဲ့သူလည်း မဟုတ်ပါဘူး ။
>>>သူဟာ...အခြား တစ်ပါးသော လူမျိုးခြားကို မပုတ်ခတ် မထိပါးတတ်သ
လို...ကိုယ့်လူမျိုးကို စော်ကားလာခဲ့ရင်လည်း ဆတ်ဆတ်ထိ မခံတတ်သူပါ ။
>>>သူဟာ...တိုင်းတစ်ပါးကို ကျူးကျော်မဲ့သူ မဟုတ်သလို မိမိနိုင်ငံကို နယ်
ချဲ့လာမဲ့ ကိုလိုနီ လက်သစ်တွေကိုလည်း လက်ခံမဲ့သူမဟုတ်ပါ ။
>>>သူဟာ...အမျိုးမျိုးအဖုံဖုံသော အမျိုးအနွယ်တွေကို အထင်မသေးသော်
ငြားလည်း....မိမိအမျိုးအနွယ်ကိုသာ....ဘ၀ကြင်ဖော်အဖြစ်....သက်ဆုံးတိုင်
လက်တွဲမဲ့သူပါ ။
>>>သူဟာ...ပေါင်မုန့်မီးကင်ကို နှစ်သက်သလို ဘိန်းမုန့်ကိုလည်း မပစ်ပယ်
တတ်သူပါ ။
>>>သူဟာ...နိုင်ငံတကာရဲ့...ကောင်းမွန်သင့်မြတ်တဲ့...လူနေမှုစနစ်တွေကို
ခေတ်နဲ့လျော်ညီစွာ....လိုက်နာကျင့်သုံး တတ်သလို....မှန်ကန်ပြီး အကျိုးရှိတဲ့
မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာတွေကိုလည်း ကာကွယ်ထိန်းသိမ်းတတ်သူပါ ။
>>>သူဟာ...နိုင်ငံတကာရဲ့.....အစွန်းမရောက်တဲ့.....အတွေးအခေါ်တွေကို
လေးစားလိုက်နာတတ်သလို....စစ်မှန်ပြီး အသုံးဝင်တဲ့ မြန်မာ့ဆိုရိုးစကားတွေ
ကိုလည်း တန်ဖိုးထား မြတ်နိုးတတ်သူပါ ။
>>>သူဟာ...အခြားသူများရဲ့ အမှားကို.....ရဲရဲဝံ့ဝံ့ ထုတ်ဖော်ဝံသလို.....သူ့ရဲ့
အမှားကိုလည်း မတွန့်မဆုတ် ၀န်ခံရဲသူပါ ။
>>>သူဟာ...သူ့ဘ၀တက်လမ်းအတွက် ပြည်သူကို ခုတုံးလုပ်မည့်သူ မဟုတ်
သလို ပြည်သူကသာ....သူတို့ဘ၀ အေးချမ်းသာယာရေးအတွက်.....သူ့ဘ၀ကို
အသုံးချစေချင်သူပါ ။
>>>သူဟာ...အခြားအခြားသော ဘာသာတရားများကို....လေးစားတတ်သလို
မိမိဘာသာကိုလည်း....ယုံကြည်သက်ဝင်...အားကိုးပြီး ဘ၀နှင့်ရင်း၍ ကာကွယ်
စောင့်ရှောက် သွားမည့်သူ တစ်ဦးပါလေ ။
အဲဒါကတော့...ကျုပ်ရဲ့...အိပ်မက်ထဲက.........ဒီကရေစီ...သူရဲကောင်းပါပဲ.......
( ရှယ်နိုင်ပါတယ် )