Pages

Tuesday 30 July 2013

ကို Ye Htut ခင်ဗျား -



လမ်း၌ စက်နှိုးမရသော ခရီးသွား ပြည်သူ မိသားစု ၏ ကားကို ရှေ့မှ ဆွဲ၍Towing လုပ်ပေးနေသော ကို Ye Htut ရဲ့ ကားသည် ပြည်တွင်းထုတ် ဦးစိုးသိန်း ၀ပ်ရှော့မှ ကား ဖြစ်နေပါသည် …

ဒု ၀န်ကြီးတဦးအဖို့ သည်ကားကို မစီးသင့်ပါ၊ ဇုန်ထုတ်ကို အခွံ လဲစီးသလို အော်ကားကို စက်မှု(၂) တံဆိပ်ကပ်ကားဆိုက အရေးမကြီးပါ …

ညွှန်ချုပ်အဆင့်ပင် အိမ်မှာကား ( ၄) စီး ခန့်ရှိနေချိန်၌ ဒု ၀န်ကြီးတစ်ပါးက စက်မှုကား စီးပြနေတာ မြန်မာပြည်တွင်လုပ်သည်ကို ဂုဏ်ပြုချင်လို့လား ၊ ရိုးသားကြိုးစား မရှာတတ် ၊ မသုံးတတ် ၊ တိုးပွားအောင် မလုပ်တတ်ကြောင်း၊ ရသမျှနှင့် ကျေနပ်တတ်ကြောင်း သိစေချင်လို့လား ၊ ဘာဘဲ ဖြစ်ဖြစ် သေမင်းနှင့် မကစားသင့် သလို ၊ ကံယုံပြီး ဆူးပုံမနင်းသင့်ပါ

အမြန်လမ်းမှာ ဂျပန်ကားတွေတောင် တဖိုင်းဖိုင်း လဲ ၊ တဒိုင်းဒိုင်း ကွဲပြနေချိန်မှာ ရဲလွန်းသူ ကို Ye ကို စေတနာများနှင့် သတိပေးစကား ဆိုလိုက်ရပါသည် ခင်ဗျာ --

Ref > Khin Mg Thant, Photo > Ye Htut (ဒုတိယ ပြန်ကြားရေးဝန်ကြီး)

2 comments:

  1. သူကစည်းကမ်းလိုက်နာပြီးမောင်းတတ်လို့နေမှာပေါ့
    သူရဲ့စာနာစိတ်ကိုပဲလေးစားမိတယ်သူဟာဒုဝန်ကြီးတစ်
    ယောက်ဖြစ်တယ်သာမန်ပြည်သူတစ်ယောက်လိုနေတယ်
    သိပ်သဘောကျစရာကောင်းတဲ့သူပေါ့ဗျာ

    ReplyDelete
  2. အဘကိုအရမ်းလေးစားပါတယ်

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်