Pages

Saturday, 6 July 2013

မကြာသေးမီကမှ ထွက်ရှိခဲ့တဲ့ ဆီးရီးယားသူပုန် (ဒီသူပုန်က နောင်မှာတော့ အာဇာနည်ကြီး ဖြစ်လာမယ့် သူပေါ့လေ :P) နှင့် တွေ့ဆုံမေးမြန်းခန်း



ဗွီဒီယိုမှာ သူ့ရဲ့ ဆီးရီးယား ဆန့်ကျင်ဘက် အင်အားစုတွေရဲ့ အတွေးအမြင်တွေကို ဖြေကြားပုံက တော်တော် ထူးဆန်းတယ်ဗျ။သူက သူကိုယ့်သူ ဥရောပက ဗော်လန်တီယာ ဂျီဟဒ်ဒစ် (မိမိသဘောဆန္ဒဖြင့် ဂျီဟဒ်စစ်ပွဲတွင်ပါဝင်သူများ) ကို ပြောတဲ့ဟန်ပန်မျိုးနှင့် ပြောတယ်ဗျ။ သူပြောတာက...

"ဆီးရီးယားမှာ ရှာရီယာဥပဒေကို ပြဌာန်းနိုင်ဖို့ ခရစ်ယာန်တွေကို သတ်ပစ်ရမယ်။ ပြဋ္ဌာန်းနိုင်ပြီဆိုရင် သူတို့ကို ရွေးချယ်ခွင့် နှစ်ခုပေးမယ်။ အစ္စလာမ်ဘာသာကို ပြောင်းမလား။ ဒါမှမဟုတ် သေမလား။"
သူကဆက်ပြောသေးတယ်ဗျ။ ဆီးရီးယား သူပုန်တွေက ဆီးရီးယားကနေပြီးတော့ ဥရောပ၊အမေရိက အထိအောင် ဂျီဟဒ် စစ် ဆက်ဆင်နွှဲဖို့ စိတ်ကူးထားရမယ်တဲ့။

တခြားဆီးရီးယား သူပုန်တစ်ယောက်ကို မေးတော့လည်း တစ်လေသံတည်းဗျ။ သူပြောတာက.....

"အနာဂတ် ဆီးရီးယားနိုင်ငံရဲ့ အုပ်ချုပ်ရေးဟာ အစ္စလာမ်တစ်ခုတည်း အပေါ်မှာပဲ မှီတည်နေရမယ်"

သူတို့ခုလိုပြောနေတဲ့အချိန်မှာပဲ ဆီးရီးယား အစ္စလာမ်စစ်သွေးကြွ သူပုန်တွေဟာ ခရစ်ယာန်ရွာတွေကို မီးရှို့ဖျက်ဆီးပြီး မြောက်မြားစွာသော ခရစ်ယာန်တွေကို အတင်းအဓမ္မဆွဲခေါ်ထုတ်သွားကာ သတ်ပစ်နေကြပါတယ်။

သူတို့တတွေကို နောက်တစ်ကြိမ် ဘယ်တော့ ဘယ်တော့မှ မတွေ့ကြရတော့ပါဘူး။

(ဗွီဒီယိုကို မူရင်းစာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။)

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်