Pages

Tuesday, 9 July 2013

Eleven Media (Daily Eleven) သတင်းစာမှသတင်းထောက် အောင်ရဲကိုသို့ 




ကိုအောင်ရဲကိုရေ..........
မပြောချင်ပေမဲ့ပြောရဦးမယ်ဗျ။ကျွန်တော်သိထားတဲ့မီဒီယာသမားဆိုတာ အရှိကိုအရှိအတိုင်း ရေးတာ ပြော တာလို့ပဲသိထားတာဗျ။၂၀၁၃ခုနှစ်ဇူလိုင်လ၉ရက်နေ Daily Eleven သတင်းစာပါ ကိုအောင်ရဲကိုရေးထား တဲ့သတင်းတစ်ပုဒ်ပေါ့ (တည်ဆောက်ဆဲဘုရင့်နောင်ခုံကျော်တံတားပင်မကွန်ကရစ်တိုင်ပြို ကျမှု ဖြစ် ပွား) ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးထားတဲ့သတင်းလေးနဲ့ ပတ်သက်ပြီးပြောချင်လို့ပါ။

အဲ့ဒိသတင်းပါ အထောက်အထားဓါတ်ပုံက ကိုအောင်ရဲကိုကိုယ်တိုင်ရိုက်ဆိုတာယုံကြည်ပါတယ်။
ပုံပါအတိုင်းလည်းအမှန်ပါပဲ။ ဒီနေရာမှာကျွန်တော်ပြောချင်တဲ့အချက်က ပုံကိုသေချာကြည့်ပါ
ကွန်ကရစ်တိုင်ပြိုကျတာလား သံစင်ထားတဲ့ငြမ်းပြိုကျတာလားဆိုတာ သေချာလေးကြည့်နော်။
ကျွန်တော်တို့ ကွန်ကရစ်မလောင်းရသေးပါဘူး။ 
 
 ဖြစ်စဉ်ကိုသေချာမလေ့လာပဲ သတင်းရပြီးရော ရေးကြတာမီဒီယာကျင့်ဝတ်နဲ့ ညီလား မညီ လားဆိုတာ အကိုတို့ မီဒီယာသမားတွေ ပိုပြီးသိပါလိမ့်မယ်။နောက်တစ်ချက်အနေနဲ့  အကိုပြထားတဲ့အပြင်လူ တစ်ယောက် ပြောစကားပေါ့နော် (ယင်းဖြစ်စဉ်အားတွေ့ ရှိခဲ့သူတစ်ဦးက “အကြီးအကျယ် တိုက်တာ မဟုတ်ဘဲနဲ့ လဲကျသွားခဲ့တဲ့တည်ဆောက်မှုတွေ ကိုနည်းနည်းစိုးရိမ်ရတယ်။ နောက်ပြီးပြိုကိခဲ့တဲ့တိုင်က အောက်ခြေကွန်ကရစ်လောင်းတဲ့အဆင့်ပဲရှိသေးပေမယ့် အပေါ်သံတိုင်တွေအများအပြားတင်ထားတဲ့အတွက်ကြောင့် ခံနိုင်ရည်အားမရှိခဲ့တာဖြစ်ဖို့ များပါတယ်။) ဆိုတဲ့အချက်ပါ။ သူပြောခဲ့တဲ့ခံ နိုင်ရည်အားမရှိခဲ့တာဆိုတဲ့အချက်ကအဓိကပြောချင်တာပါ။ သေချာလေ့လာသုံးသပ်ကြည့်ပါ။ 
 
ကျွန်တ်ာတို့ သာမာန်ဝါးလုံးတစ်ချောင်းကိုပဲမြေပေါ်အမြင့်
ပေ၃၀ကျော်လောက်အထိထောင်မယ်ဆိုရင် အဲ့ဒိဝါးလုံးကိုအထောက်အကူပြုငြမ်းဆိုတာရှိရပါတယ်။
ငြမ်းမရှိရင် ဝါးရဲ့အလေးချိန်နဲ့ ညွှတ်မယ်၊ယိမ်းမယ်၊ယိုင်မယ်။အခုကျွန်တော်ပြောချင်တာ ဘာလည်းဆိုတာ
အကိုတို့ သဘောပေါက်မယ်လို့ ထင်ပါတယ်။ အဓိကဖြစ်စဉ်ကငြမ်းပြိုကျတာပါ။ငြမ်းပြိုတဲ့အတွက်
အဲ့ဒိငြမ်းနဲ့ ထောက်ထားတဲ့သံတိုင်တွေလဲကျရတာပါ။ ကွန်ကရစ်တိုင်မဟုတ်သလို ပြိုကျမှုလည်းမရှိပါဘူး။
နောက်ပြီးဖြစ်စဉ်ကြောင့် ကားလမ်းကြောများနှစ်နာရီခန့် ပိတ်ထားခဲ့ရတယ်လို့ ဆိုထားပါတယ်။
ကျွန်တော့်တို့ လုပ်ငန်းခွင်အချက်အလက်များအရ တစ်နာရီနဲ့ ဆယ့်ရှစ်မိနစ်ကြာမြင့်ပြီးအချိန်မှာ
ယာဉ်အသွားအလာလုပ်နိုင်ခဲ့ပါတယ်
 
။ရှေးလူကြီးတွေ ပြောခဲ့ကြတဲ့စပြီးကားတဲ့ စကား မဖြစ်အောင်၊ သတင်းနဲ့ အတင်းကိုခွဲခြားပေးရမှာအမှန်ကိုအမှန်အတိုင်းရေးတဲ့ပြောတဲ့ သတင်းထောက်(မီဒီယာသမားစစ်စစ်) တွေ ကို လေးစားအားကျပေ မဲ့ကိုအောင်ရဲကိုလို ဖြစ်စဉ်ကိုသေချာမလေ့လာမစုံစမ်းပဲ သတင်းကိုအတင်းဖြစ်အောင် ၊ ဂျပိုကို လိပ်ဖြစ်အောင်ရေးတက်ကြတဲ့ ဂျာနယ်လစ်(အတင်းထောက်)တွေကိုလုံးဝ(လုံးဝ) ရှုတ် ချပါ တယ်ဆိုတဲ့အကြောင်းသတင်းထောက်စစ်စစ်၊ မီဒီယာသမားစစ်စစ်တွေကို ဦးထိပ်ထားလျှက် ပြန်လည်ရေး သားလိုက်ရပါတယ်။

ခင်မင်လေးစားစွာဖြင့်
ဖိုးချစ်(ရွှေလင်းသား)

အောက်ပါလင့်က Eleven Media Group ရဲ့ ဖော်ပြချက်ပါ။

http://www.news-eleven.com/local/yangon-news/20871

1 comment:

  1. [ စွတ် ဖဲ့ ]10 July 2013 at 00:07

    ဒီကိုယ့်အမေကိုယ်လိုး....ခွေးသူတောင်းစားတွေက....အဲဒီအတိုင်းပဲ....ငါလိုးမသားတွေ

    တစ်စိတ်ကို...တစ်အိတ်ဖြစ်အောင်လုပ်တယ်....အစိုးရလုပ်တာမှန်သမျှ...ဒေါ်စုသင်ပေး

    ထားသလို...ဘာတစ်ခုမှ..စောက်ကောင်းမပြောဘူး...အခုသူတို့မိထွေး...အမျိုးမစောင့်မ

    ဒေါ်စု....လုပ်နေတာတွေကျတော့....စောက်တလွဲချည်းပဲ...အဲဒါကျတော့...ငါလိုးမသား

    တွေ...စောက်လုံးကစောက်ရည်ဝင်သွားပြီး..ကန်းနေကြတယ်..ခွေးသားတွေသတိထား

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်