Friday, 5 July 2013
၁၅ နှစ် အရွယ် ခရစ်ယာန်မိန်းကလေးတစ်ဦး အစ္စလာမ်တို့မှ အဓမ္မကျင့် သက်ဖြက်ခံရ
July 2, 2013 (ကူဆာ၊ ဆီးရီးယား)__မေရီယမ်သည် ဟွန်းမြို့တော် ကူဆာမြို့လေးမှ ၁၅ နှစ် အရွယ် ခရစ်ယာန်မိန်းကလေးတစ်ဦးဖြစ်သည်။ ဂျီဟတ်အုပ်စု "Jabhat Al-Nursa နှင့် ဆက်သွယ်ထားသော ဆီးရီးယား ဆွန်နီအစ္စလာမ် စစ်သွေးကြွများ မြို့ကို ဝင်သိမ်းသောအခါ မေရီယမ်တို့ မိသားစုမှာ မြို့တွင်း၌ ရှိဆဲဖြစ်သည်။
မိသားစုဝင်များ လွတ်မြောက်သွားခဲ့သော်လည်း မေရီယမ်မှာ အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရပြီး အစ္စလာမ်ဘာသာသို့ အနိုင်အထက်ပြု အသွင်းခံခဲ့ရသည်။
အစ္စလာမ် စစ်သွေးကြွခေါင်းဆောင် "Jabhat Al-Nusra" က သူမကို ခေါ်ဆောင်သွားကာ လက်ထပ်ကာ မုဒိမ်းကျင့်လိုက်သည်။ ထို့နောက် စွန့်ပစ်လိုက်သည်။ နောက်တစ်နေ့တွင် မေရီယမ်အား ဆွန်နီ အစ္စလာမ် စစ်သွေးကြွ တစ်ဦးက လက်ထပ်ပြန်သည်။ ထို့နောက် မုဒိမ်းကျင့်သည်။ ထို့နောက် စွန့်ပစ်ပြန်သည်။ ထိုပုံစံအတိုင်း အစ္စလာမ်စစ်သွေးကြွများက မေရီယမ်အား လက်ထပ်လိုက်၊ မုဒိမ်းကျင့်လိုက်၊ စွန့်ပစ်လိုက် ၁၅ ရက်တိုင်တိုင် ပြုကျင့်ခဲ့ကြသည်။ မေရီယမ်သည် အစ္စလာမ် စစ်သွေးကြွ ၁၅ ယောက်၏ မုဒိမ်းကျင့်မှုကို ခံခဲ့ရသည်။
ဤဖြစ်ရပ်များက မေရီယမ်အား စိတ်ကစဥ့်ကလျားဖြစ်စေခဲ့ကာ စိတ်မမှန် ဖြစ်သွားစေခဲ့သည်။ ဦးနှောက်ပျက်ကာရူးသွပ်သွားသော မေရီယမ်သည် နောက်ဆုံးတွင် အသတ်ခံခဲ့ရသည်။
http://www.fides.org/en/news/33906-ASIA_SYRIA_Rape_and_atrocities_on_a_young_Christian_in_Qusair#.UdaCBVIVSMm
Myo Min Thant
အမျိုးအစာ
ပြည်ပသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်